တရားမ၀င် ကျွန်းသစ်များဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 10/12/2013 02:47:00 PM


ရန်ကုန်၊ အောက်တိုဘာ ၁၂

၁၀.၁၀.၂၀၁၃ရက်နေ့ ၁၁၀၀အချိန် မှော်ဘီမြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံ၊ သစ်နှင့် သစ်တောထွက်ပစ္စည်းစစ်ဆေးရေးစခန်းတွင် တာဝန်ထမ်းဆောင်နေစဉ် သတင်းရရှိထားသည့် ယာဉ်အမှတ် ၁က/----၊ ယာဉ်အမျိုးအစား
HYUNDAI (၆)ဘီး ဖြူနီကြားရောင် ယာဉ်အားရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ယာဉ်မောင်း မိုးကျော်၊ (ဘ)ဦးမောင်ထွေး၊ပန်းတောင်း
မြို့နယ်၊ ယာဉ်နောက်လိုက် ဖြိုးမင်းပိုင်၊ (ဘ)ဦးသန်းဌေး ၊ ပန်းတောင်းမြို့နယ်တို့နှင့် ဇော်မျိုးသန့်၊ (ဘ)ဦးကျော်မြင့်၊ မရမ်းကုန်းမြို့နယ်နေသူတို့ (၃)ဦးအား တရားမ၀င်ကျွန်းခွဲသား
(၁၄)ချောင်း၊ (၀.၉၃၉၆)တန်၊ ကျွန်းတံခါးချပ်မျိုးစုံ (၁၅၀)ချပ်၊ (၂.၂၄၂၈)တန်၊ ကျွန်းတံခါးအစိတ်အပိုင်း၊ (၂၀၃၄)ချောင်း၊
(၂.၁၀၉၂)တန်၊ စုစုပေါင်း(၅.၂၉၁၆)တန်၊ တန်ဘိုးငွေကျပ် (၂၃၈၁၂၂၀)တို့နှင့်အတူတွေ့ရှိသိမ်းဆည်းရမိသဖြင့် ယာဉ်ပေါ်ပါ မိုးကျော်ပါ(၃)ဦးနှင့် ယာဉ်ပိုင်ရှင် ဦးရဲကျော်ထင်၊ သစ်ပိုင်ရှင်(စိစစ်ဆဲ)
တို့အပေါ်အရေးယူပေးရန် သစ်တောဦးစီးဌာနမှ တိုင်တန်းသဖြင့်
မှော်ဘီမြို့ မရဲစခန်း(ပ)၅၉၁/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police