တံခါးများဖွင့်ထားပေးသော်လည်း ရွှေလက်ဖြင့် မခေါ်သောအခါ . . .

ပို့စ်တင်ချိန် - 10/24/2013 09:03:00 AM


ယခုနှစ် ခရီးသွားရာသီသည် ကိုငြိမ်းသူအတွက် အစမကောင်းဟုဆိုရ မည်ထင်သည်။ အီတလီဘာသာစကား ဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် သူ့အနေဖြင့် ယမန် နှစ် ဒီလို အချိန် ခရီးစဉ်များစွာ တောက်လျှောက် သွားခဲ့ရသော်လည်း ယခုနှစ်တော့ မီးထွန်းပွဲ တော်ရက်တွင်ပင် အိမ်မှာပဲ သူရှိနေပေသည်။ မနှစ်ကတော့ ယခုလို ပွင့်လင်းရာ သီ မဆိုထား နှင့်။ မိုးရာသီတွင်ပင် သူခရီးသွားခဲ့ရသည်။ ထို့ ကြောင့် ယခုနှစ် ခရီးသွားရာသီတွင် ယမန်နှစ် ကထက် အခြေအနေ ကောင်းမည်ဟု သူမျှော် လင့်ခဲ့ပေ မယ့် မျှော် လင့်သလို ဖြစ်မလာခဲ့ပါ။
”ကျွန်တော့်ထက် ဝါရင့်တဲ့၊ လုပ်သက်ရင့် တဲ့ ကျွန်တော့်ဆရာတောင် မနက်ဖြန်မှ ဧည့် သည်သွားကြိုရမှာ”ဟု သူက သတင်းစာကိုကိုင်ရင်း စိတ်ပျက်စွာ ပြော သည်။ ယ မန်နှစ်က ယခုလိုအချိန်တွင် ကိုငြိမ်းသူ အပါအဝင် ဧည့်လမ်းညွှန်အားလုံးနီးပါးသည် ရန်ကုန်မှာရှိမနေကြ။ ဝင်ရောက်ခဲ့သော ဧည့်သည် အရေအတွက်နှင့် ရှိနေသော ဧည့် လမ်း ညွှန် မမျှတသောကြောင့် ဧည့်လမ်းညွှန်မလုံ လောက်မှုပင် ဖြစ်ပေါ်ခဲ့သေးသည်။ ယခုနှစ် တွင်တော့ ထိုကဲ့သို့သော အခြေအနေမျိုး မဖြစ် နိုင်တော့ပါဟု ကိုငြိမ်းသူက ဆိုသည်။
နိုင်ငံတစ်နိုင်ငံသည် သဘာဝ ဘေးအန္တ ရာယ်၊ ပဋိပက္ခများ ကင်းစင်ပြီး တည်ငြိမ်အေး ချမ်းပါက ထိုနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် အပေါင်း လက္ခဏာ ဆောင် မည်ဖြစ် သည်။ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင် အရွေးခံပြီးသည့်နောက်ပိုင်းတွင် မြန်မာ့ခရီး သွားကဏ္ဍသည် သိသာစွာ
တိုးတက်လာခဲ့သည်။ ၂ဝ၁၁ နှစ်ကုန်တွင်  အမေရိကန်  နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာ နိုင်ငံသို့ လာရောက်ပြီးနောက်ပိုင်းတွင်မူ မြန်မာ နိုင်ငံသို့ အမေရိ ကန်အပါအဝင် ဥရောပမှ ဧည့် များစွာ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံဧည့်အဝင်သည် အားလုံး ခန့်မှန်းထားသည့်အတိုင်း တစ်သန်းကျော်ခဲ့ သည်။ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ဝေသည့် UNWTO Tourism High Light အတွင် ၂ဝ၁၁ ခုနှစ်က ကမ္ဘာလှည့်ခရီးသည် ၉၉၅ သန်းရှိ ရာမှ ၂ဝ၁၂ ခုနှစ် တွင် ၁ဝ၃၅ သန်းထိ တိုးလာခဲ့ကြောင်း၊ ယခင်နှစ်ကထက် အာရှ ပစိဖိတ်ဒေသသို့ ခရီးသည်တိုးတက်မှု ၇ ရာ ခိုင်နှုန်း၊ အာဖရိက ၆ ရာခိုင်နှုန်းနှင့် အမေရိက ၅ ရာခိုင်နှုန်း ရှိကြောင်း၊ အရှေ့တောင်အာရှ ဒေသတွင်း မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက် မှု ရာခိုင်နှုန်းသည် အကြီးမားဆုံးဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ်နှင့် နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတိုးတက်မှုသည် ၅၂ ရာခိုင် နှုန်းရှိကြောင်း UNWTO မှ သုံးသပ်ထားသည်။
ထို့ကြောင့် ယခုနှစ်တွင်လည်း ခရီးသွား ဧည့် ၁ ဒသမ ၈ သန်းဝင် ရောက်ရန် မျှော်မှန်း ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ခရီးသွား ရာသီစတင် သည့် အောက် တိုဘာ လအတွင်း သံတွဲပဋိပက္ခ စဖြစ်ခဲ့သည်။ ပဋိပက္ခများ ကြောင့် ငပလီခရီးသွားလုပ်ငန်း ထိခိုက်မည်ကို လုပ်ငန်းရှင်များ စိုးရိမ်ခဲ့ကြသော်လည်း သက် ရောက်မှု ကြီးကြီး မားမားမရှိခဲ့။ သံတွဲတွင် ထုတ်ထားခဲ့သော ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်)ကို ငပလီနှင့် ရွာ ၁၁ ရွာတွင် ရုပ်သိမ်း ပေးခဲ့သောကြောင့် ဟိုတယ်လုပ် ငန်းရှင်များ စိတ် သက်သာရာ ရရှိခဲ့သည်။
သို့သော် အောက်တိုဘာ ၁၁ ရက်မှ ၁၆ ရက်အထိ ငါးရက်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားဒေသများဖြစ်သော ရန်ကုန်-မန္တလေး အပါအဝင် မြို့နယ်အချို့၌ ဗုံး ၉ လုံးပေါက် ကွဲ ခဲ့သောအခါ ခရီးသွားလုပ်ငန်းအပေါ် ဖိအား တချို့ရှိလာခဲ့သည်။ မပေါက်ကွဲခဲ့သော ဗုံးများ တွေ့ရှိမှု၊ ဗုံးလန့်မှုများလည်း ရှိခဲ့သေးသည်။ အဆိုးဆုံး မှာ နိုင်ငံခြား ခရီး သွားများ တည်းခို လေ့ရှိသည့် ရန်ကုန်မြို့လယ်မှ ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲခဲ့မှုပင် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမေရိ ကန် သံရုံးမှ ၎င်းတို့ နိုင်ငံသားများအတွက် သတိပေး ချက်ပင် ထုတ်ပြန်လာခဲ့သည်။
”တကယ့်အချိန်ကောင်း၊ ခရီးသွားရာသီ စတဲ့အချိန်မှာမှ ဖြစ်လိုက်တာကိုး။ သံရုံးက လည်း သတိပေးစာထုတ်တယ်ဆိုတော့ ဧည့် သည်တော့ နည်းသွားနိုင်တယ်”ဟု ဝါ ရင့်ဧည့် လမ်းညွှန်တစ်ဦးဖြစ်သည့် ဦးညီညီ (သရဝဏ်)က ပြောသည်။အချို့ဧည့်သည်များကလည်း စိုးရိမ်ပြီး ခရီးစဉ်ဖျက်သိမ်းခြင်း၊ ခရီးစဉ်ပြောင်းပြီး ချက် ချင်းပြန် သွားခြင်းများ ရှိလာသည်။ ဥရောပ ခရီးသွားဈေးကွက်ကို အဓိက လုပ်ဆောင်သည့် Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ် အောင်၏ အဆိုအရ ခရီးစဉ်ဖျက် သိမ်းမှုသည် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း အထိရှိကြောင်း သိရသည်။
” Cancelation (ခရီးစဉ်ဖျက်သိမ်းခြင်း)လုပ်တာရှိပါတယ်။ နိုင်ငံတကာက အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ သြစတြေးလျ ရှိတယ်။ ပဋိပက္ခကြောင့်ရယ်၊ ဗုံးလန့်လို့ရယ် Cancel  ဖြစ်တာ ရှိတယ်”ဟု ဒေါ်စံပယ်အောင်က ပြောသည်။အထက်ပါဖြစ်စဉ်များက မြန်မာ့ခရီးသွား လုပ်ငန်းအပေါ် ကြီးမားသည့်သက်ရောက်မှု ရှိ၊ မရှိကိုပြော ရန် စောနေသေးကြောင်း ဆယ် ရက်ခန့် စောင့်ကြည့်ပြီးမှသာ ပြောနိုင်မည်ဖြစ် ကြောင်း ဒေါ်စံပယ်အောင်က ပြောသည်။မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဦးနောင်းေ နာင်းဟန်ကမူ လက်ရှိ ဖြစ်စဉ်များသည် နိုင်ငံတကာ၏ ယုံကြည်မှု ပျောက်ဆုံးသွားနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ လာပါက တိုင်းပြည်ပုံရိပ် ထိခိုက်လာနို င် ကြော င်း မှတ်ချက်ပြုသည်။ ”အခုဟာက ပေါက်ကွဲမှုက မကြီးပေ မယ့် နေရာတိုင်းမှာ ဖြစ်နေတယ်ဆိုတော့ ကွန် ရက်ကြီးတစ်ခုလို ဖြစ်နေတယ်။ သက်ရောက်မှု ကေ တာ်ေ တ်ာကြီးပါတယ်” ဟု ၎င်းက ပြောသည်။
ဝန်ကြီးဌာနမှ ရရှိသော စာရင်းအရ ယခု နှစ်ရှစ်လတာ ကာလအတွင်း ဧည့်စုစုပေါင်း ၁ဝ၂၉၉၈၂ ဦးဝင်ရောက် ခဲ့ပြီး ယမန်နှစ်ထက် ၃၇၉၄၂ဝ ဦးတိုးတက်လာခဲ့ကြောင်း သိရ သည်။ သို့သော် ပဋိပက္ခနှင့် ဗုံးပေါက်ကွဲမှုဖြစ် စဉ်များကြောင့် မျှော်မှန်းထားသည့် ၁ ဒသမ ၈ သန်းကို မပြည့်မီနိုင်ဟု သုံးသပ်ချက်များ လည်း ရှိလာသည်။ ဦးညီညီ (သရဝဏ်) က ”ခန့်မှန်းသ လောက်တော့ မဖြစ်တော့ဘူး။ အလုအယက် ခံရတဲ့ သတင်းမျိုးက ကမ္ဘာမှာ ပျံ့တာ မမြန် ဘူး။ ဗုံးသတင်းကျတော့ ပျံ့တာမြန်တယ်” ဟု သုံးသပ် သည်။လက်ရှိတွင် ဟိုတယ်အချို့၌ နိုင်ငံခြား ဧည့်ဝင်ရောက်မှု နည်းပါးနေပြီး ဗုံးကိစ္စ ကြောင့် အခန်းမှာယူမှုများ ဖျက်သိမ်းခြင်းများ လည်းရှိကြောင်း ရန်ကုန် အခြေ စိုက် တိုင်းရင်းသား ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဦးနောင်းနောင်းဟန်က ”ခရီး စဉ်ဖျက်တာတွေ ဘယ်ေ လာက် ပမာဏ ဖျက် တယ်ဆိုတာ စစ်တမ်း ကောက်နေပါတယ်” ဟု ခရီးစဉ်ဖျက် သိမ်းမှုများနှင့် ပတ်သက်၍ ပြောသည်။
ပေါက်ကွဲမှုများကြောင့် ဟိုတယ်များ လုံခြုံရေးသတိရှိကြရန် ဝန်ကြီးဌာနမှ နှိုး ဆော်ခဲ့ပြီး ရန်ကုန်အပါအဝင် ခရီးသွားဒေသ များမှ ဟိုတယ်ဝန်ထမ်းများအား လုံခြုံရေးသင် တန်းပေးခြင်းများကိုလည်း ဆောင်ရွက် နေပြီဟု သိရသည်။ ထိုသို့ လုပ်ဆောင်သည့်အပြင် ခရီးသွား အကြံပြုချက်ကိုလည်း ထုတ်ပြန်ပေးသင့်ပြီး ခရီးသွားများ ကို ဖြန့်ေ ဝပေးသင့်ကြောင်း Nature Dream  ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ် အောင်က အကြံပြုသည်။
”ဝန်ကြီးဌာနက ထုတ်တာဆိုတော့ အစိုးရ က ထုတ်တာဖြစ်သွားတယ်။ အဲဒါကို ဟိုဘက်က ခရီးသွားအေးဂျင့်တွေ၊ လေကြောင်းလိုင်းတွေကို ပြန်သတင်းထုတ်ပေးလို့ ရ တာပေါ့။ ဒါ့အပြင် ပြဿနာတွေဖြစ်နေပေမယ့် သွားတဲ့သူတွေ လည်း သွားနေကြတာပါပဲ။ အဲလို သွားတဲ့ ဧည့် သည်တွေရှိတယ်ဆိုတာ သက်ဆိုင်ရာနိုင်ငံက သံရုံးတွေ ကို ဖိတ်ကြားပြီးတော့ ဗီဒီယိုကလစ်နဲ့ ပြသသင့်တယ်။ အဲဒါဆိုရင် အများကြီးတားနိုင် မယ်”ဟု ၎င်းက အကြံပြု ပြောကြားသည်။လက်ရှိတွင် ဧည့်လမ်းညွှန် အချို့ အား မေး မြန်းချက်အရ ယခုနှစ်ခရီးသွား ရာသီတွင် ယမန်နှစ်ထက် ခရီးစဉ်လိုက်ပါရမှု နည်းပါးနေ ကြောင်း ပြောကြားကြသည်။
”မနှစ်က နိုဝင်ဘာကို တစ်လလုံး မအား ရဘူး။ ခရီးစဉ်တွေ ပြည့်နေပြီ။ ဒီနှစ်တော့ စလာကတည်းကကို နည်းနေတယ်”ဟု ဦးညီညီ (သရဝဏ်)က ပြော သည်။ဟို တယ်ေ ဈးကြီးမှုကြောင့် မူလကပင် ဧည့် သည်များ မလာချင်ကြရသည့်အထဲတွင် ဗုံး ပေါက်ကွဲမှုများ ထပ်ဖြစ်လိုက်သောအခါ ယခု နှစ် ခရီးသွားရာသီသည် ယမန်နှစ်ကဲ့သို့ အခြေ အနေ မကောင်းနိုင်ဘူးဟု အီတလီဧည့်လမ်း ညွှန် ကိုငြိမ်းသူက ညည်းတွားပြောဆိုသည်။
မေဇင်ဝင်း
popularmyanmar