နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်

ပို့စ်တင်ချိန် - 10/24/2013 08:41:00 AM



နေပြည်တော်-အောက်တိုဘာ၂၃
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။
ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့်အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။T
Popular Myanmar News Journal