Note 3 ပြိုင်ဘက် Nokia Lumia 1520 ထွက်တော့မည်

ပို့စ်တင်ချိန် - 9/17/2013 10:50:00 AM



Phonearena မှ ရေးသားဖော်ပြသတဲ့ သတင်း ဖြစ်ပါတယ်။ လက်ရှိ Samsung Galaxy Note 3 နဲ့ LG Optimus G Pro တို့ရဲ့  ပြိုင်ဘက် ဖြစ် လာမယ့် စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။

၆ လက်မ ကျယ်တဲ့ မျက်နှာပြင်က 1080x1920 resolution ပေးနိုင်မှာပါ။ Snapdragon 800 quad core processor ကိုပဲ အသုံးပြုထားပါတယ်။ RAM 2GB ပါ။ သူ့မှာ ပိုထူးခြားသွားတဲ့ အပိုင်း တစ်ခု အနေနဲ့ ကင်မရာ MP မြင့်ခြင်းပါ။ 20 Megapixel အရည်အသွေးရှိတဲ့ high resolution ကင်မရာ ပါရှိပြီး 16 MP, 5 MP ၂ ပုံစလုံးကို တစ်ခါတည်း ရိုက်နိုင်တဲ့ Feature လည်းပါဝင်ကြောင်း ဆိုပါတယ်။ Sharing လုပ်တာ မြန်ဖို့ အတွက် ပါ။

Note 3 က RAM 3 GB မို့ Processing Performance အရကြည့်ရင် Note 3 က သာပေမယ့် ကင်မရာမှာကျ Nokia သာသွား ပါတယ်။ နောက် ထပ် နှိင်းယှဉ်စရာ LG Optimus G Pro လည်း ရှိနေပါသေးတယ်။ အားလုံးနဲ့ ယှဉ်လိုက်ရင်တော့ Lumia 1520 က ဘက်ထရီ ပိုအားကြီးပါတယ်။ 3400 mAh တောင်ပါ။ Note 3 က 3100 mAh, Optimus G Pro က 3140 mAh အသီးသီး ရှိနေပြီး ရာဂဏန်းလောက် ပိုသာနေခြင်း ဖြစ်ပါတယ်။

Windows Phone 8.1 OS နဲ့ မြင်တွေ့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြ ပါတယ်။ စက်တင်ဘာ ၂၆ နောက်ပိုင်း မှာ မိတ်ဆက်ပြသလို့ ယခုနှစ် နိုဝင်ဘာလ အတွင်း ဈေးကွက် ထုတ်ဖော်ပြသနိုင်ချေ ရှိတဲ့ Phablet စမတ်ဖုန်းဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (TSJ team)
TechSpace Journal