၂၀၁၃ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ပရိသတ်ထက် လုံခြုံရေးဝန်ထမ်းအရေအတွက် ပိုများ

ပို့စ်တင်ချိန် - 9/17/2013 10:42:00 AM


ရန် ကုန်မြို့တွင် အိမ်ရှင်အဖြစ်လက် ခံကျင်းပလျက်ရှိသည့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ကွင်းအတွင်း ဝင်ရောက်အားပေး သည့် ပရိသတ်အရေအတွက် နည်း ပါးပြီး အချို့ပွဲစဉ်များတွင်မူ ပရိ သတ်အရေအတွက်ထက် လုံခြုံ ရေးဝန်ထမ်းများ၏ အရေအတွက် က ပိုမိုများပြားနေကြောင်း သိရ သည်။

မြန်မာအမျိုးသမီးအသင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိသော ယင်း ပြိုင်ပွဲတွင် ဒေသတွင်းနိုင်ငံများ အပါအဝင် အာရှဘောလုံးအင် အားကြီးနိုင်ငံများဖြစ်သော ဂျ ပန်၊ ဂျော်ဒန်နှင့် ဩစတြေးလျ အသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက် ရှိသော်လည်း ပရိသတ်ဝင်ရောက် မှု နည်းပါးမှုရှိနေပြီး အချို့ပွဲစဉ် များတွင်မူ ပရိသတ်အရေအတွက် ထက် လုံခြုံရေးဝန်ထမ်းများ၏ အရေအတွက်က ပိုမိုများပြားနေ သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ်၏ မားကက်တင်းဒါရိုက် တာဦးဆူးအောင်က ''အရင် အ မျိုးသား ပြိုင်ပွဲတွေမတိုင်မီမှာ လက်ကမ်းစာစောင်တွေ ဝေပြီး ပရိသတ်ကို စည်းရုံးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ဒီလိုမလုပ်ခဲ့ပါ ဘူး။ ဒါပေမဲ့ လက်ကမ်းစာစောင် မဝေခဲ့တာနဲ့တော့ ဆိုင်မယ်မထင် ပါဘူး။ အခုအချိန်က မိုးတွင်း ဖြစ်နေတာရယ်၊ တစ်ရက်ကို နှစ် ပွဲကစားတာရယ်၊ ပထမပွဲနဲ့ ဒု တိယပွဲကြားမှာ အချိန်အများ ကြီး ကွာဟနေတာရယ်ကြောင့် လဲပါမှာပါ။ ပထမပွဲက မွန်းလွဲ ၃နာရီခွဲဆိုတော့ အလုပ်ဆင်းချိန် မဟုတ်သလို ည ရနာရီခွဲပွဲကလဲ ပွဲပြီးတဲ့အချိန်မှာ အိမ်ပြန်ဖို့ ခက်ခဲပါတယ်။ ဒါတွေဟာ ဒီပြိုင် ပွဲမှာ ပရိသတ်တွေ နည်းရတဲ့ အချက်လို့ မြင်မိပါတယ်''ဟု ပြောသည်။

မြန်မာ အမျိုးသမီးအသင်း ၏ လက်ထောက်နည်းပြဒေါ်သက် သက်ဝင်းက ''ဖိလစ်ပိုင်နဲ့ ပွဲ တုန်းက အမျိုးသားပွဲနဲ့တိုက် ဆိုင်နေလို့ ပရိသတ်နည်းသွား တာလို့ပဲ ထင်ပါတယ်။ ကျွန်မ တို့ အသင်းဟာ ဒီပြိုင်ပွဲမှာ ချန် ပီယံဖြစ်ဖို့အထိ ရည်မှန်းထားတဲ့ အသင်းဖြစ်တာကြောင့် ပရိ သတ်တွေ များများလာကြည့်ရင် ကျွန်မတို့အတွက် ပိုပြီးအားရှိပါ တယ်။ နောက်ပွဲတွေမှာတော့ ပရိသတ်တွေ ကွင်းထဲရောက်ရှိ လာမယ်လို့ မျှော်လင့်ထားပါ တယ်''ဟု ဖွင့်ဟခဲ့သည်။
အာဆီယံအမျိုးသမီး ချန် ပီယံရှစ်ပြိုင်ပွဲ၏ ပွဲချိန်နှင့်ပွဲစဉ် ဇယားများအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ရေးဆွဲ သည်မဟုတ်ဘဲ အာဆီယံဘော လုံးအဖွဲ့ချုပ်မှ ရေးဆွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
Yangon Media Group