ယခုနှစ်အတွင်း မြေအောက် ဖိုက်ဘာဆက်ကြောင်းအား ကီလိုမီတာ ၇၀၀၀ နီးပါးအထိ တိုးချဲ့မည်

ပို့စ်တင်ချိန် - 9/17/2013 01:07:00 PM

ယခုနှစ်အတွင်း မြေအောက်ဖိုက်ဘာဆက်ကြောင်းအား ကီလိုမီတာ ၇၀၀၀ နီးပါးအထိ တိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော်က Myanmar Connect 2013 တွင် ပြောကြားသည်။ လက်ရှိတွင် မြေအောက်ဖိုက်ဘာဆက်ကြောင်းမှာ ၃၇၄၁ ကီလိုမီတာရှိပြီး ၎င်းကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ “ယခုနှစ်အတွင်း ၇၀၀၀ နီးပါးလောက်အထိ တိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု ဦးအောင်မော်က ပြောသည်။ ပြည်တွင်း၌ လက်ရှိအသုံးပြုလျက်ရှိသော Internet Bandwidth မှာ 30.33 gbps ရှိကြောင်း၊ နိုင်ငံတကာ Channel ၁၀၀၉၈ ရှိပြီး၊ ဒီဂျစ်တယ် မိုက်ခရိုဝေ့ ရေဒီယိုစခန်းပေါင်း ၃၄၁ ခု ရှိကြောင်း ဦးအောင်မော်က ပြောကြားသည်။ ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်းကိုလည်း အစားထိုးရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Internet Journal