မိသားစုဂုဏ်သိက္ခာ ကျဆင်းမှုကြောင့် အမျိုးသမီးသုံးဦးကို သေနတ်ဖြင့်ပစ်သတ်

ပို့စ်တင်ချိန် - 9/17/2013 01:06:00 PM

ပါကစ္စတန်နိုင်ငံအနောက် မြောက်ဘက်ရှိ ဒါရာအဒမ်ကယ်လ် ခရိုင်မှ ဂျာဝါကီရွာတွင် အမျိုး သမီးသုံးဦးကို ဆွေမျိုးများက သေ နတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း အရာ ရှိများက စက်တင်ဘာ၁၆ရက်တွင် ပြောသည်။ အသက်၂၂နှစ်အရွယ် အ မျိုးသမီးသည် လွန်ခဲ့သောနှစ် နှစ်ခန့်က ဈေးဆိုင်ပိုင်ရှင်တစ်ဦး နှင့်လက်ထပ်ခဲ့ပြီး သူမခင်ပွန်း အိမ်မှထွက်ပြေးခဲ့ကာ အနောက် မြောက်ဘက်မှ အမျိုးသားတစ်ဦး ကို အဒေါ်၏အကူအညီဖြင့် လက်ထပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရ သည်ဟု ပြည်တွင်းစီမံခန့်ခွဲရေး အရာရှိက AFP သို့ ပြောခဲ့သည်။

အဆိုပါပြဿနာကို လူမျိုး စုကောင်စီမှ ကြားဝင်ဖြေရှင်းပြီး ထိုအမျိုးသမီးများကို သတ်သင့် ကြောင်း စက်တင်ဘာ၁၅ရက်က ဆုံးဖြတ်ခဲ့သည်။ အမျိုးသမီးသုံး ဦးကို ဆွေမျိုးများက အိမ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး စက် တင်ဘာ ၁၆ရက်နံနက်တွင် မြှုပ် နှံခဲ့ကြောင်း သိရသည်။

''ဒီအမှုဟာ ဂုဏ်သိက္ခာ ကြောင့် လူသတ်မှုကျူးလွန်ခဲ့တဲ့ အမှုပါ။ ကြားရတဲ့သတင်းတွေ အရတော့ ဒီမိန်းကလေးက သူ့ ယောက်ျားနဲ့နေရတာ မပျော်ခဲ့ ဘူးလို့သိရတယ်''ဟု အရာရှိတစ်ဦး က AFP သို့ ပြောခဲ့သည်။မိသားစု၏ ဂုဏ်သိက္ခာကျ ဆင်းစေမှုဖြင့် ၂၀၁၁ခုနှစ်တွင် အသတ်ခံခဲ့ရသော အမျိုးသမီး ၉၄၃ဦးရှိကြောင်း ပါကစ္စတန်ဆိုင် ရာ လူ့အခွင့်အရေးကော်မရှင် က ပြောသည်။
Yangon Media Group