ကလေးငယ်များကို သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးမည့် ကျည်ကာခြုံထည်

ပို့စ်တင်ချိန် - 6/10/2014 09:58:00 PM

Bodyguard Blanket ဝတ်ဆင်ထားသည့် ကလေးငယ်များ လေဆင်နှာမောင်း ဘေးအန္တရာယ်မှ ကာကွယ်ပုံကို လေ့ကျင့်နေ့ကြစဉ်။



 ကျောင်းများတွင် ဖြစ်ပွားသည့် ရမ်းကား ပစ်ခတ်မှုများနှင့် သဘာဝ ဘေးအန္တရာယ် အခြေအနေများမှ ကလေးငယ်များကို ကာကွယ်ပေးနိုင်မည့် ထုတ်ကုန်တစ်မျိုးကို အိုကလားဟိုးမားပြည်နယ်ရှိ လုံခြုံရေးထုတ်ကုန် ကုမ္ပဏီတစ်ခုဖြစ်သော ProTecht က ဖန်တီး ထုတ်လုပ်ခဲ့သည်။


Bodyguard Blanket ဟုခေါ်သည့် ခြုံထည်ကို ကျောင်းများတွင် သေနတ်ဖြင့် ရမ်းကားပစ်ခတ်မှုများ ဖြစ်ပွားသည့် အလွန်အန္တရာယ်ရှိသော အခြေအနေမျိုးတွင် ယာယီအကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

Bodyguard ကို ကျောပိုးအိတ်ကဲ့သို့ ဝတ်ဆင်ထားနိုင်သည်။



ထို့အပြင် Bodyguard ခြုံထည်သည် လေဆင်နှာမောင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ အပျက်အစီးများ ပြုတ်ကျသည့် ဘေးမှ ကလေးငယ်များကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

 နည်းပညာပိုင်းအရ အဆိုပါ ခြုံထည်သည် ကျည်ဆန်ထိုးဖောက် ဝင်ရောက်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း ဆိုသည်။ ၎င်းခြုံထည်ကို စစ်တပ်နှင့် အစိုးရအရာရှိများ အသုံးပြုသည့် ကျည်ကာအကျီင်္အတိုင်း ပြုလုပ်ထားပြီး အသုံးမလိုသည့်အခါ ခေါက်ထားနိုင်မည်ဟု သိရသည်။


ကျည်ကာနိုင်သောကြောင့် Bodyguard ခြုံထည်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁,၀၀၀ နီးပါးရှိသော်လည်း ကျောင်းများနှင့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ အတွက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း ProTecht က ပြောကြားခဲ့သည်။



Ref: CNET
Internet Journal