၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးဖို့ အမီပြန်လာမယ့် ထွန်းအိန္ဒြာဗို

ပို့စ်တင်ချိန် - 6/10/2014 05:44:00 PM



အမေရိကန်နိုင်ငံသို့ ဖျော်ဖြေရေးခရီး သွားရောက်နေ သော ထွန်းအိန္ဒြာဗိုက ဇူလိုင်ဒုတိ ယပတ်အတွင်း ပြန်လာပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေး ထိုးသွားမည်ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ် Fan Page စာမျက်နှာတွင် ရေး သားထားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့်  ကာလမပြီးဆုံးမီ  ဇူလိုင် ၁၃ ရက်တွင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး  ယင်းအစီအစဉ်တွင် ပါဝင်သွား မည်ဟု ထွန်းအိန္ဒြာဗိုက ရေးသားထားသည်။

‘‘အရင်ကတည်းက လူတစ် စုတစ်ဖွဲ့အတွက်ပဲ ရေးဆွဲထား တာ။ သန်းခြောက်ဆယ်ကို ကိုယ် စားမပြုဘူးလေ။ အဲဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအ တွက် ကိုယ်စားပြုတဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပေါ်ပေါက်ဖို့ လိုအပ်ပါတယ်’’ ဟု အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထွန်းအိန္ဒြာဗိုက 7Day News ဂျာနယ် အင်တာဗျူး တွင် ဖြေကြားဖူးသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ထောက်ခံ သည့် လက်မှတ်များကို အနုပညာ ရှင်များထံမှ ကောက်ခံသော ပွဲ တစ်ခုကို မေလ ၂၃ ရက်တွင် တော်ဝင်နှင်းဆီခန်းမ၌ ဒါရိုက်တာ ကြည်ဖြူသျှင်က ဦးဆောင်ပြုလုပ် ခဲ့ပြီး နာမည်ကြီးအနုပညာရှင် အများစု ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသည်။

7day