ရီဟားနား ၀တ်စုံကြောင့် ဝေဖန်မှုများ ထွက်ပေါ်

ပို့စ်တင်ချိန် - 6/10/2014 10:47:00 AM



ကမ္ဘာကျော် အဆိုတော် ရီဟားနား၏ ပွဲတက်ဝတ်စုံနှင့် ပတ်သက်၍ ၀တ်လစ်စလစ်နီးပါး ဖြစ်ပေါ်ခဲ့မှု အပေါ်တွင် ကမ္ဘာ့ မီဒီယာ အသီးသီးက ဝေဖန်ခဲ့မှုကြောင့် ရီဟားနား ၀တ်စုံချုပ်လုပ် ပေးခဲ့သည့် ဒီဇိုင်နာ မဲလ် အော်တင်ဘတ်က ၀တ်လစ်စလစ်နီးပါး ဖြစ်ခဲ့ရကြောင်း ၀န်ခံခဲ့သည်။ သူက “ဒါဟာ တုန်လှုပ်စရာ ကောင်းတယ် ဆိုရင်တော့ ကျွန်တော် နားမလည်ပါဘူး ကျွန်တော် တစ်ချိန်လုံး ရီဟားနား နဲ့အတူ ရှိနေပါတယ်။

ကျွန်တော် တီထွင်ထားတဲ့ ၀တ်စုံကို သူဝတ်ဖို့ အဆင်သင့် ရှိမလား ပြောတော့ သူက လွယ်လွယ်ကူကူပဲ ခေါင်းညိတ်ခဲ့ပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော် လက်လွတ် မခံနိုင်ပါဘူး။ ဒီနေ့ညဟာ ပရိသတ်တွေနဲ့အတူ ရီဟားနား အတွက် ပြည့်စုံတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က သူမကို ကမ္ဘာကြီးမှာ ခင်ဗျားတို့ ရှာမတွေ့တဲ့ အရာကို သူတွေ့ပါစေလို့ ဆုတောင်းခဲ့ ပါတယ်”ဟု မီဒီယာများကို ထုတ်ဖော် ပြောကြားခဲ့သည်။

ရီဟားနားသည် အသက် ၂၆ နှစ် အရွယ်ရှိပြီး ယခုနှစ် အကောင်းဆုံး တေးသီချင်း သီဆိုသူအဖြစ် အရွေးခံရသည့် အတွက် အအောင်မြင်ဆုံး နှစ်တစ်နှစ်ဟု ဆိုရမည်ဖြစ်သည်။ ယခု အခမ်းအနားတွင် သူမ၏ ဆံပင်ပုံစံကို အထူးချုပ်လုပ်ထားသော ခေါင်းဆောင်းဖြင့် ဖုံးအုပ်ခဲ့သလို ခန္ဓာကိုယ် တစ်ခုလုံးအားလည်း ငါးအကြေးခွံများဖြင့် အထူး ချုပ်လုပ်ထားသော ၀တ်စုံကို ဆင်မြန်းခဲ့ခြင်း ဖြစ်သည်။

Tomorrow News Journal