Doodle 4 Google မှာ ဆုရတဲ့ ကျောင်းသူလေးရဲ့ ဒီဇိုင်း

ပို့စ်တင်ချိန် - 6/10/2014 11:04:00 AM




Google ကနေ ဦးစီး ပြီးတော့ နှစ်စဉ် Doodle 4 Google လို့ အမည်ရတဲ့ ပြိုင်ပွဲကို ပြုလုပ် ကျင်းပ ပါတယ်။ ယင်း ပြိုင်ပွဲမှာ လက်တလော လေးတင် ဆုရ သွားတဲ့ ဒီဇိုင်းကတော့ ပုံမှာ မြင်တွေ့ နေရတဲ့ Doodle လေးပဲ ဖြစ်ပါတယ်။


Doodle ဆိုတာ မြန်မာလို တိုက်ရိုက် ဘာသာပြန်ရင် တောင်ခြစ်မြောက်ခြစ် လို့ အမည်ရ ပေမယ့် သူက ပန်းချီ အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ Audrey Zhang လို့ အမည်ရတဲ့ နယူးယောက်မှာ နေထိုင်တဲ့ အာရှ လူငယ် အမျိုးသမီးက ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲကို အသက် ၄ နှစ်ကနေ ၁၈ နှစ်ကြားက လူငယ် တွေကိုပဲ ယှဉ်ပြိုင်ခွင့် ပေးထားခြင်း ဖြစ်ပါတယ်။ ယင်း ပြိုင်ပွဲမှ ရတဲ့ ပုံတွေကို Google က ပြန်လည် အသုံးချ ပါတယ်။

ဒီအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃ သောင်း ရရှိခဲ့ ပါတယ်။ ပုံက မသန့်ရှင်းတဲ့ ရေတွေကို သန့်ရှင်းအောင် သောက်သုံးရေ ဖြစ်လာအောင် ဘယ်လို ဖန်တီးမယ် ဆိုတာက အစ သရုပ်ဖော် ရေးဆွဲ ထားကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ တစ်လွှားက ကြည့်ရှု သူများကလည်း Audrey Zhang အမည်နဲ့ ဘင်္ဂလားဒေ့ရှ်က ရေရရန် ခက်ခဲတဲ့ ကျောင်းတွေကို အမေရိကန်ဒေါ်လာ ၂ သောင်းဖို့ ရေလှူဒါန်း ပေးခဲ့ ကြောင်း ဆိုပါတယ်။

အခြားသော Doodle သရုပ်ဖော်ပုံများနဲ့ အကြောင်းအရာ များကို www.google.com/doodles ထဲမှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)