ယာဉ်မောင်းရင် ခါးပတ် ပတ်ရမယ်၊ ဖုန်းကိုင်မပြောရ

ပို့စ်တင်ချိန် - 6/10/2014 06:39:00 PM


ယာဉ်မတော်တဆမှုတွေ များလာတာကြောင့် ယာဉ်မောင်းသူတွေအနေနဲ့ ကားမောင်းစဉ် ခါးပတ်ပတ်ထားဖို့နဲ့ လက်ကိုင်ဖုန်း ကိုင်ပြီး ပြောဆိုခြင်း ခွင့်မပြုတဲ့အချက်တွေပါတဲ့ မော်တော်ယာဉ် ဥပဒေသစ်တခု ရေးဆွဲနေတယ်လို့ မီးရထားဝန်ကြီးဌာနလက်အောက်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)ရဲ့ တိုင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဥပဒေကြမ်းထဲမှာ ယာဉ်မောင်းရင် ခါးပတ်ပတ်ဖို့နဲ့ လက်ကိုင်ဖုန်း ကိုင်ပြီး မပြောဖို့ အချက် ထည့်သွင်းမှာ ဖြစ်ပေမယ့် ချိုးဖောက်ရင် ဘယ်လို အရေးယူမယ် ဆိုတာ မဆွေးနွေးရသေးဘူးလို့ ဆိုပါတယ်။

ဥပဒေကြမ်း ရေးဆွဲပြီးရင် ရှေ့နေချုပ်ရုံး တင်ရဦးမှာမို့ ဘယ်အချိန် လွှတ်တော်ကို တင်မလဲ ဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

 ဒီဗွီဘီ