အကြားအမြင် ဇာတ်ကောင်အတွက် ကိုယ်တိုင် ဖန်တီးခဲ့သည့် အိစိကွေးနှင့်တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 6/10/2014 09:17:00 AM


ရှစ်တန်းကျောင်းသားအရွယ်ကို ရောက်လာပြီဖြစ်တဲ့ ကလေးသရုပ်ဆောင် အိစီကွေးဟာ အနုပညာအလုပ်နဲ့ ကျောင်းစာတွေကို မျှတအောင်လုပ်ကိုင်နေ တယ်လို့ဆိုပါတယ်။ အခုလည်း ထိုင်းဒါရိုက်တာနဲ့ ဝိဥာဉ်ရှိုက်သံ ဇာတ်လမ်းတွဲမှာ အကြားအမြင်ရဇာတ်ကောင်နဲ့ သရုပ်ဆောင်နေတယ်လို့သိရတာမို့ မဇ္စျိမကမေးမြန်းခဲ့ပါတယ်။

မေး ။ လက်ရှိ အနုပညာ လှုပ်ရှားမှုက။

ဖြေ ။ ဝိဥာဉ်ရှိုက်သံ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပါတယ်။

မေး ။ ဘယ်လို ဇာတ်ကောင် နေရာက ပါဝင်သရုပ်ဆောင် ရတာလဲ။

ဖြေ ။ အကြားအမြင်ရတဲ့ ကလေး တစ်ဦးနေရာက သရုပ်ဆောင်ရတာပါ။

မေး ။ ပထမဆုံး သရုပ်ဆောင်တဲ့ ကာရိုက်တာ ဆိုတော့ ဘယ်လို လေ့ကျင့်မှုလုပ်လဲ။

ဖြေ ။ အကြားအမြင်ရတဲ့ ဇာတ်ကောင်ဆိုတာကို သေချာ မသိဘူး ။သိပ်နားမလည်ဘူးပေါ့နော် အဲဒါကြောင့် အပြင်မှာ လိုက်စုံစမ်းတယ် ။လိုက်ကြည့်တယ်။ ဒါပေမယ့် စိတ်တိုင်းမကျတာနဲ့ ကိုယ်ပိုင် အိုက်တင်ပဲ ဖန်တီးလိုက်ပါတယ်။

မေး ။ ဇာတ်လမ်းတွဲနဲ့ ဇာတ်ကားတစ်ကား ရိုက်ကူးရမှုက ဘယ်လို ကွာခြားမှု ရှိလဲ။

ဖြေ ။ ဇာတ်ကား ကတော့ ခဏလေးနဲ့ ရိုက်ရတယ် ဇာတ်လမ်းတွဲကတော့ အချိန်အကြာကြီး ရိုက်ရတာ ပေါ့။ ဇာတ်လမ်းတွဲကတော့ ကိုယ်က အများကြီး ပါဝင်ရတာပေါ့ ။ ပရိသတ်လည်း ပိုပြီး စိတ်ဝင်စားတယ်။ တစ်ခုစီတော့ ကွာခြားမှု ရှိပါတယ်။

မေး ။ ဒီဇာတ်လမ်းတွဲအတွက် ဇာတ်ကောင်ပုံစံကို သူတို့ဘက်က လာကမ်းလှမ်းတာလား။

ဖြေ ။ ဟုတ်ပါတယ်။ လာကမ်းလှမ်းတော့ သားကိုယ်တိုင်လည်း ဒီဇာတ်ကောင်ကို သဘောကျလို့ လက်ခံဖြစ်တာပါ။ သူတို့ဘက်က ဒီဇာတ်လမ်းတွဲအတွက် ဒီဇာတ်ကောင် ပုံစံကို အစမ်း လုပ်ခိုင်းတယ် သဘောကျသွားမှ ဒီကားကို စရိုက်တာပါ။သူတို့ဘက်က အိုက်တင်ပိုင်းကို သေချာ သင်ပေးပါတယ်။

မေး ။ ဇာတ်လမ်းတွဲတွေက အပိုင်းများတော့ ကျောင်းစာနဲ့ အနုပညာ ဘယ်လို မျှတအောင် လုပ်ဖြစ်လဲ။

ဖြေ ။ စနေ ၊ တနင်္ဂနွေရက်တွေမှာ ရိုက်ဖြစ်ပါတယ်။ ကြားရက်မှာလည်း တစ်ရက်ခြားစီ သူတို့ ရိုက်ပေးတယ်။ စာကျက်ချိန်ရအောင်ပေါ့။ ကျောင်းပညာက ၈တန်းရောက်လာပြီ ဆိုတော့ တိုင်းစစ် ဖြစ်သွားတဲ့အတွက် စာကို ပိုပြီး ကြိုးစား ဖြစ်နေပါတယ်။ ရှုတင်ပိုင်းကိုတော့ နည်းနည်းလျော့ထားတယ်။

မေး ။ လက်ရှိ ဇာတ်လမ်းတွဲ ရိုက်ကူးပြီးတာ ဘယ်လောက် ရှိပြီလဲ။

ဖြေ ။ ဒီဇာတ်လမ်းတွဲနဲ့ဆိုရင်တော့ ၄ကားရှိပါပြီ။

မေး ။ နောက်ပိုင်း ဇာတ်လမ်းတွဲနဲ့ ဇာတ်ကား ဘယ်ဟာကို ပိုပြီး ရိုက်ဖြစ်မှာလဲ။

ဖြေ ။ အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေ ဝင်လာတော့ ပိုရိုက်ဖြစ်တယ်။ ဒါပေမယ့် ရုပ်ရှင်ဘက်ကိုရော ဇာတ်လမ်းတွဲကိုရော မျှအောင် ရိုက်မှာပါ။

Mizzima Burmese