စိတ်တွေ ဂဏာမငြိမ် ဖြစ်နေတယ်လို့ ခံစားနေရတဲ့ မိုးအောင်ရင်

ပို့စ်တင်ချိန် - 6/10/2014 05:43:00 PM



မိုးအောင်ရင်က မေလ ၂ဝရက် နေ့မှာ စမ်းချောင်းရွှေဟင်္သာကျောင်း နဲ့ မှော်ဘီမြို့အောင်ဇမ္ဗူတောရကျောင်းမှာ မေဂဇယျဘွဲ့အမည်နဲ့ တစ်ပတ်အကြာ ဘုန်းကြီးဝတ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။ စိတ်ရှုပ်ထွေးမှုတွေ များတာကြောင့် အခုလိုမျိုးဘုန်းကြီးဝတ်ဖြစ်ခဲ့တာဖြစ်ပြီး ဝတ် ပြီးတဲ့အခါမှာတော့ စိတ်တည်ငြိမ်မှု တွေရ သွား တယ်လို့ပြော လာတဲ့ မိုးအောင်ရင်က ” ဝတ်တာက ကျွန်တော့်အိမ်တစ်ခြံကျော်က ရွှေဟင်္သာ စမ်းချောင်းမှာ ဝတ်တာပါ။ တစ်ပတ် ဝတ်တာဖြစ်တဲ့ အတွက် မှော်ဘီမြို့ က အောင် ဇမ္ဗူတောရ ကျောင်းကိုပြောင်းသေးတယ်။ အဓိကဝတ်ဖြစ်တဲ့အကြောင်းက ကျွန်တော့်စိတ်တွေ ဂဏာမငြိမ် ဖြစ်နေတယ်လို့ခံစားရတယ်။ ပြီးတော့အေးအေးဆေးဆေး လည်း ဘုရားရှိခိုး၊ တရားမထိုင်ဖြစ်တာ တော်တော်ကြာသွားပြီ။ အဲဒါနဲ့ပဲ ဘုန်းကြီးဝတ်ဖြစ်လိုက်တာပါ။
စိတ်လည်းတည်ငြိမ်သွားတယ်” လို့ ဘုန်းကြီးဝတ်ပြီး စိတ်အေးချမ်းမှု ရရှိခဲ့ခြင်းကို မိုးအောင်ရင်က ပြောပါတယ်။ အခုလက်ရှိမှာတော့ ဒါရိုက်တာ သပြားသု ရိုက်ကူးနေတဲ့ “နီပွန်ခေါင်းတုံး” ဇာတ်ကားကို မိုးအောင်ရင်က ခိုင်သင်းကြည်နဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားထဲမှာ မိုးအောင်ရင်က ဂျပန်ပုံစံဟန်ဆောင်ပြီး ရွာထဲမှာ လိမ်နေတဲ့သူအဖြစ် သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားလေးက ဟာသဇာတ် ကားလေး ဖြစ်တယ်လို့ သိရပါတယ်။ အရင်လိုမျိုး ဇာတ်ကားနဲ့ပတ်သက်ပြီး သရုပ်ဆောင် တာမျိုး မဟုတ်တော့ဘဲ ဇာတ်ကိုပိုကောင်းအောင် အကြံဥာဏ်တွေပေးပြီး ရိုက်ဖြစ်လာတယ်လို့ပြောလာတဲ့ မိုးအောင်ရင်က..

” ဒီဇာတ်ကားက ကျွန်တော်ဘုန်းကြီးဝတ်ပြီးမှ ရိုက်တာဖြစ်တဲ့အတွက် ဘုန်းကြီးမဝတ်ခင်ကတည်းက ဒီဒါရိုက်တာနဲ့ ရိုက်နေတာကြောင့် သူတို့ကိုကျွန်တော်ကခေါင်းတုံးနဲ့ လိုက်တဲ့ဇာတ်ရုပ်မျိုး ရှာခိုင်ထားတယ်။ ဘုန်းကြီးထွက်လာတော့ ကွက်တိဖြစ်သွားတယ်။ နောက် ဇာတ်ကားတွေလည်း ဆံပင်မထွက် လာခင်အထိတော့ ဆံပင်အတု မစွပ် ဘဲ ခေါင်းတုံးပုံစံနဲ့ပဲ အတတ်နိုင်ဆုံးဆက်ရိုက်ဖို့ စဉ်းစားထားတယ်။ အခု နောက်ပိုင်းမှာတော့ ကျွန်တော့်ဆီလာတဲ့ဇာတ်ကားတွေကို ကျွန်တော်ရိုက်ချင်တဲ့ ပုံစံေ လးတွေ ဇာတ်နဲ့ပိုကောင်းသွားမယ်လို့ထင်တဲ့အရာလေးတွေကိုပိုပြီးအကြံပေးဖြစ်လာတယ်။ အရင်ကလိုမျိုးမဟုတ်ဘဲ ဒါရိုက်တာတွေနဲ့ တိုင်ပင်ပြီးတော့ အကြံပေးပြီး ရိုက်ဖြစ် လာတယ်” လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-မင်းမင်းထွန်း

Popular Myanmar