တာဝန်သိစိတ်ရှိတဲ့ သူတစ်ယောက်

ပို့စ်တင်ချိန် - 6/10/2014 10:44:00 AM

ယနေ. (၉-၆-၂၀၁၄)၊ မန္တလေးမြို့မှာ၆၂ လမ်းသူနာပြုတက္ကသိုလ်ရှေ့
ည ၁၀ နာရီခန့်က ရုပ်ရှင်ထဲကအက်ရှင်ဆန်ဆန် တရားခံဖမ်းတာ
ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်က သူ့ရှေ့က Tiger Surf တစ်စီးက ကလေးငယ်တစ်ယောက်ကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားလို့ ရပ်ခိုင်းတာမရပ်လို့ သူ့ရဲ့ Royal Crown 1H-4149 ကားသစ်နဲ့ ရှေ့ကဖြတ်ရပ်ပြီးသက်စွန့်ဆံဖျား အတိုက်ခံပြီး တရားခံကိုအသိစိတ်ရှိစွာဖမ်းခဲ့ပါတယ်။






သူ့ကားလည်းရှေ့ပိုင်းပျက်စီးသွားပါတယ်။ လူကတော့အနည်းငယ်
ပွန်းပဲ့ရုံပါ။ ဖြစ်ပြီးတာနဲ့အဲဒီနားကလူတွေက တိုက်ပြေးတဲ့ကားကို ခဲနဲ့ထုရုံးရင်းဆန်ခတ်ဖြစ်ပြီး လူများရာက အချုပ်ကားပါခဲနဲ့ထုခံရလို့
ရှေ့မှန်ကွဲသွားခဲ့ပါတယ်။ တရားခံလည်းဖမ်းမိလိုက်ပါတယ်။

ဒီလိုတာဝန်သိစိတ်ရှိတဲ့သူကတော့ကိုတင်ထွေး 09-43038631
နေပြည်တော်မှာနေပါတယ်တဲ့ ။

သတင်းဓါတ်ပုံ-တင်စိုးဝင်း(မန္တလေး)

Tomorrow News Journal