ကမ္ဘာ့ဖလားပွဲစဉ်များအားလုံးကို လေယာဉ်များပေါ်တွင် ပထမဆုံးအကြိမ် တိုက်ရိုက်ပြသမည်

ပို့စ်တင်ချိန် - 6/10/2014 06:37:00 PM



ကမ္ဘာ့ဖလားတွင် ကစား မည့် ဘောလုံးပွဲပေါင်း ၆၄ ပွဲလုံး ကို ကမ္ဘာတစ်ဝန်းရှိ လေကြောင်း ခရီးစဉ် ပျံသန်းနေသော လေ ယာဉ်များအားလုံး၌ သမိုင်းဝင် ပထမဆုံးအကြိမ်အဖြစ် ပြသသွား မည်ဖြစ်သည်။

ထိုပွဲစဉ်များကို အားကစား ရုပ်သံလိုင်းတစ်ခုဖြစ်သော Sport 24 က ထုတ်လွှင့်ပေးသွားမည် ဖြစ်သည်။ ရုပ်သံလိုင်း၏ ဝန် ဆောင်မှုကို ရယူရန် ယခုအခါ လူဖ်သန်ဆာ၊ အီမီရိတ်စ်၊ အီတီဟတ် နှင့် တားကစ်ရှ်လေကြောင်း အပါ အဝင် လေကြောင်းလိုင်းကိုးလိုင်းက စာချုပ်ချုပ်ဆိုထားသည်။

ပြိုင်ပွဲ၏ ပွဲစဉ်အများစုကို လေယာဉ်များပေါ်တွင် တိုက်ရိုက် လွှင့်ပေးသွားမည်ဖြစ်ပြီး ယင်း တွင် ဇွန်လ ၁၂ ရက် ဖွင့်ပွဲလည်း ပါဝင်သည်။ ပွဲထုတ်လွှင့်မှုများကို ဖီဖာ၏ ရုပ်သံထုတ်လွှင့်ရေးအသင်းနှင့် IMG Media တို့က ပူးပေါင်းလုပ်ဆောင်ပေးခြင်း ဖြစ်သည်။

‘‘ပြိုင်ပွဲကာလအတွင်း လေ ကြောင်းခရီးစဉ်ထွက်ဖို့ လိုနေလို့ သွားလာနေရတဲ့ ဘောလုံးပရိ သတ်တွေဟာ အခုတော့ ဘရာဇီး ကမ္ဘာ့ဖလားရဲ့ ဘယ်ပွဲကိုမှ လွဲ ချော်စရာမရှိတော့ဘဲ ရွေးချယ် ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်’’ ဟု IMG Media ဒုဥက္ကဋ္ဌ ရစ်ချတ်ဝိုက်စ်က ပြောသည်။

7 Days