အကျဉ်းထောင်ကထွက်လာတဲ့ ခရစ်ဘရောင်းအတွက်ပါတီပွဲ

ပို့စ်တင်ချိန် - 6/10/2014 10:46:00 AM


အမျိုးသမီးတစ်ဦးကိုရိုက်ပုတ်မှုနဲ့ တရားစွဲခံရပြီး ပြစ်ဒဏ်ကျခံခဲ့ရတဲ့
နာမည်ကျော်ပေါ့(ပ်)အဆိုတော်ခရစ်ဘရောင်းဟာ ထောင်ကနေလွတ်
မြောက်လာခဲ့ပြီးမကြာခင်မှာပဲ ရင်းနှီးခင်မင်တဲ့သူငယ်ချင်းတွေနဲ့ ချစ်သူ ကာရူချီထရန်းတို့စီစဉ်တဲ့ပါတီပွဲကို ဆင်နွှဲခဲ့ကြောင်း ဇွန် ၇ ရက်သတင်း
တွေမှာ ဖော်ပြထားပါတယ်။

အသက် ၂၅နှစ်အရွယ် ခရစ်ဘရောင်းရဲ့ လွတ်မြောက်ခြင်းပါတီကို ဘီဗာလီဟေးလ်မှာကျင်းပဖြစ်ခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်က သူငယ်ချင်း အမြောက်အမြား တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။

ခရစ်ဘရောင်းဟာ ရက်ပေါင်း ၁၀၈ရက်ကြာအောင် အကျဉ်းထောင်ထဲ
မှာ ချုပ်နှောင်ခံထားရတာဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ လွတ်လွတ်
လပ်လပ်တွေ့ဆုံခွင့်ရတဲ့အခါမှာ လွန်စွာပျော်ရွှင်နေတာကိုတွေ့မြင်နိုင် မှာ ဖြစ်ပါတယ်။ပါတီပွဲအတွင်း အချင်းချင်းပြန်လည်ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံတွေဟာလည်းလူမှုကွန်ရက်တွေကတစ်ဆင့် ပျံ့နှံ့ လို့လာပါတယ်။

The Look At Me အဆိုတော်ခရစ်ဘရောင်းရဲ့ လွတ်မြောက်ခြင်းအထိမ်း
အမှတ် ပါတီပွဲကိုချစ်သူနဲ့ သူငယ်ချင်းတွေက လျှို့ဝှက်စီစဉ်ထားခဲ့ကြပြီး ကြိုတင်ပြောဆိုခြင်းမရှိဘဲခရစ်ဘရောင်းရဲ့မျက်လုံးကို ပ၀ါအနီရောင် နဲ့အုပ်ပြီး ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။အဲဒီဂုဏ်ပြုပွဲကို အဆိုတော်
တီပိန်း၊ တိုင်ဂါ၊ အမ်ဘာရိုစ်၊ အေကွန်နဲ့ လီရိုမီယို အစရှိတဲ့နာမည်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ ခရစ်ဘရောင်းဟာ ကယ်လီဖိုးနီးယားက ညပါတီတစ်ခုမှာ ကခုန်ရင်း အမျိုးသမီးတစ်ဦးကိုနာကျင်ဒဏ်ရာရ
အောင် အကြမ်းဖက်တွန်းထိုးခဲ့တယ်ဆိုပြီး တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။

တရားလိုအမျိုးသမီးရဲ့အမည်က ဒီနာ ဂီးနက်စ်ဖြစ်ပြီး ခရစ်ဘရောင်းရဲ့ ဒူးထောက်လဲကျတဲ့အထိတွန်းမှုကြောင့် ဒူးခေါင်းခွဲစိတ်ရမှာဖြစ်တဲ့ အတွက် နစ်နာကြေးရယူလိုကြောင်း သိရပါတယ်။

တရားလိုဒီနာက နစ်နာကြေးအနေနဲ့ အမေရိကန် ဒေါ်လာ တစ်သိန်းငါး
သောင်းတောင်းခံခဲ့တယ်လို့TMZသတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့
ခရစ်ဘရောင်းရဲ့လက်ရှိချစ်သူ ကာရူချီထရန်းကတော့ တရားလိုဒီနာဟာ
ခရစ်ဘရောင်းရဲ့ရှေ့ကို ခဏခဏ ခုန်ဝင်ဖို့ ကြိုးစားခဲ့တဲ့အတွက်
ခရစ်ဘရောင်းမှာအမှန်တကယ်အပြစ်မရှိကြောင်း ခုခံပြောဆိုခဲ့ပါတယ်။ ခရစ်ဘရောင်းဟာ ၂၀၀၉ခုနှစ်တုန်းက ချစ်သူရီဟားနားကို နာကျင်ဒဏ် ရာရအောင် ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့ဖူးတဲ့ ရာဇ၀င်ရှိခဲ့ပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ