ပတ်စ့်ပို့ဖြင့် စာရင်းသွင်းပြီး ၀ိုင်ဖိုင်အခမဲ့ အသုံးပြုခွင့် ဂျပန်ပေး

ပို့စ်တင်ချိန် - 6/10/2014 01:06:00 PM



လာရောက်လည်ပတ်သူတို့ကို လေဆိပ်မှာကတည်းက ပတ်စ့်ပို့ဖြင့် စာရင်းမှတ်တမ်းတင်ပြီး ၀ိုင်ဖိုင် ကဒ်ပေးခြင်းဖြင့် ဂျပန်တွင်း အခမဲ့ ၀ိုင်ဖိုင် အသုံးပြုနိင်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး ဂျပန်တယ်လီ ကွန်မြူနစ်ကေရှင်ကုမ္ပဏီ NTT က နိင်ငံတွင်
လာရောက်လည်ပတ်သောခရီးသွားများရဲ့ ၀ိုင်ဖိုင် ဖမ်းယူမူအတွက် ၀န်ဆောင်မူပေးရန် ဒီဇိုင်းဆွဲထားခဲ့တဲ့ ပရိုဂရမ် အသစ်တစ် ဖြစ်ပါတယ်။ လည်ပတ်သူတွေဟာဂျပန်ရဲ့ လေဆိပ်ကိုရောက်တာနဲ့ သူတို့ရဲ့ ပတ်စ့်ပို့ဖြင့် စာရင်းသွင်းပြီး အခမဲ့ ၀ိုင်ဖိုင်တွေကို လက်ခံ ရယူနိင်တဲ့ ၀ိုင်ဖိုင် ကဒ်ကို ရရှိနိင်မှာ ဖြစ်ပြီး ထို ၀ိုင်ဖိုင်ဟာဆိုရင်တော့ အရှေ့ဖက် ဂျပန်ဧရိယာရဲ့ အတွင်းမှာ ရှိတဲ့ တိုကျို၊ ဟကွန်၊ယိုကိုဟားမား၊ တိုဟိုကူ၊ ဖူးကူးရှီးမား၊နာဂနို ကဲ့သို့သော မြို့တွေမှ ၀ိုင်ဖိုင် Hot spots ပေါင်း ( ၄သောင်းခွဲလောက် ) ကနေ လက်ခံ ရယူနိင်မှာ ဖြစ်ပါတယ်။

သို့ပေမဲ့ ဒီအခမဲ့ ၀ိုင်ဖိုင် လက်ခံ ရယူနိင်မူဟာ အနည်းဆုံး (၁၄) ရက် မှာသာ လက်ခံ ရယူနိင်မှာ ဖြစ်ပြီး အကြာကြီး ရက်ရှည်နေမဲ့ လည်ပတ်သူတွေအတွက်တော့ ထိုကာလာအတိုင်းအတာဟာ လုံလောက်မှာ
မဟုတ်ပါဘူး။ ထို စီမံကိန်းကို ဂျပန် အစိုးရမှာ တိုက်ရိုက်ညွှန်းကြားခဲ့တာ ဖြစ်ပြီး နိင်ငံအတွင်းတွင် ၀ိုင်ဖိုင်တွေကို လက်ခံရရှိနိင်တဲ့ တည်ဆောက်မူတွေကို ပိုပြီး ရရှိဖို့အတွက် အစထွင်ခြင်း အနေနဲ့ ပြုလုပ်ခဲ့တာလို သိရပါတယ်။

အစမ်း ထုတ်လွှင့်မူကိုတော့ ၂၀၁၄ နှစ်ရဲ့ အစပိုင်းမှာ ဖြစ်ပြီး စက်တင်ဘာမတိုင်ခင် နောက်ဆုံးအနေနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Aung Heine ...

Smart Pro Journal