နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တဦးပညာတေဇအား မေးမြန်းလျှောက်ထားခြင်း

ပို့စ်တင်ချိန် - 6/10/2014 10:03:00 PM


နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တဦးပညာတေဇ

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမပေါ်ရှိ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးခဲ့ပြီးနောက် မကျွတ်မလွတ် ဘဲ ရှိနေကြသည့် အပရလောကသားများကို အကျွတ် အလွတ်ပွဲ ပြုလုပ်ပေးရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်ရှိ နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာတေဇဦးဆောင်၍ ဇွန် ၇ ရက်နှင့် ၈ရက်တို့တွင် အမြန်လမ်း တစ်လျှောက် အန္တရာယ် ကင်းပရိတ်တရားတော်များရွတ်ဖတ်ကာ အဆိုပါအပရလောက သားများကို ဆရာတော်ကျောင်းတိုက် အတွင်းသို့ ခေါ်ဆောင် လာခဲ့ကြောင်း သိရသည်။


ယခုခေါ်ဆောင်လာသည့် အပရလောက သားများကို ဇွန် ၁၅ရက်တွင် ဆရာတော်ကျောင်းတိုက်၌ အကျွတ်အလွတ်ပွဲပြုလုပ် မည်ဖြစ်ရာ ယင်းနှင့်ပတ်သက်ပြီး နတ်စင်တစ်ရာ ကျောင်းတိုက် ဆရာတော် ကို ဒီမိုကရေစီတူဒေး သတင်းစာက သွားရောက်မေးမြန်း ထားချက်ကို ဖော်ပြလိုက်ပါသည်။

မေး - ရန်ကုန်-နေပြည်တော်အမြန်လမ်းပေါ်မှာ ယာဉ် မတော်တဆမှုတွေကြောင့် သေဆုံးသွားခဲ့ပြီးနောက် မကျွတ်မလွတ်တဲ့ သူတွေ ကို အရှင်ဘုရားအနေနဲ့ အမြန် လမ်းအထိ ကြွရောက် ပြီးတော့ သန်လျင်မှာရှိတဲ့ အရှင် ဘုရားရဲ့ကျောင်း ဆီ ခေါ်လာခဲ့ တယ်လို့ သိရပါတယ်။ ဘာကြောင့် အခုလိုခေါ်ဆောင်ခဲ့ရတာပါလဲ။
ဖြေ - သူတို့က အစိမ်းသေတဲ့အခါကျတော့ မျက်စိတစ် မှိတ်၊ လျှပ်တစ်ပြက်အတွင်းသေဆုံးသွားတော့ သူတို့ရဲ့ ကောင်းမှု ကုသိုလ်၊ ကုသိုလ်နဲ့ အာရုံပြုနေတဲ့သူကျတော့ ကျွတ်တန်း ဝင်သွား တယ်။ အကုသိုလ်၊ ဒုစရိုက်တွေနဲ့၊ လော ဘ၊ ဒေါသ၊ မောဟ မီးတွေ တောက်လောင်နေတဲ့သူတွေ ကျတော့ ကျွတ်မှာမဟုတ်ဘူးလေ။ ဘယ်ဆီကို သန္ဓေတည် ရမယ်ဆိုတာ သူတို့မသိဘူး။ မသိတဲ့ အခါကျတော့ သူတို့ က မိစ္ဆာဒိဋ္ဌိဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ကားပေါ်မှာပါ လာတဲ့ပုဂ္ဂိုလ်တွေကျတော့ တချို့ ဂုဏ်တော်တွေရွတ်နေ တယ်။ ပရိတ်တော်တန်ခိုးတွေကို နာကြားနေ တဲ့သူ တွေကျ တော့ သူတော်ကောင်းစိတ် ကိုမွေးနေတဲ့သူတွေ  ကျတော့ ကောင်းရာသုဂတိ၊ မြင့်မြတ်တဲ့ဘုံကို ရောက်မယ်။ အဲဒီ တော့ ဘာဖြစ်မလဲဆိုတော့ သွားလာတဲ့နေရာတိုင်းမှာ ဥပမာ- လူတစ်ယောက် က ခန္ဓာစဲလို့ သေပွဲဝင်တော့မယ်၊ ခန္ဓာငါးပါးချုပ်ငြိမ်းတော့မယ်ဆိုရင် အကုသိုလ်စိတ်တွေ ပွားနေမယ်ဆိုရင် အဲဒီလူက အကုသိုလ်ပဲဖြစ်နေမယ်။ သီရိ ဓမ္မာသောကမင်းကြီး ရေတွင်းပေါင်း ရှစ်သောင်း လေး ထောင်၊ ရေကန်ပေါင်းရှစ်သောင်းလေးထောင် လှူဒါန်းတဲ့ မင်းကြီးဟာ သူဇောငါးတန်ပြန်တဲ့အချိန်မှာ ရှစ်သျှားသီးကို မစားရတဲ့အခါသူ ဒေါသဖြစ် တယ်။ ဘာဖြစ်သွားလဲ။ နဂါး ကြီးဖြစ်သွားတယ်။ နဂါးကြီးဖြစ်သွားတဲ့အခါကျတော့ သူ အစာရေစာငတ်တဲ့အခါကျတော့ ဟိုဘက်မှာ သစ်ပင်တစ်ပင် ကို သူ့အမြီးကိုချိတ်၊ ဒီဘက်မှာလဲ အမြီးကိုချိတ် ပြီးတော့ အိုင်ပက်ပြီးတော့ ရှိသမျှငါးတွေကိုစားရတယ်။ စားတဲ့အ ခါကျတော့ မြတ်ဗုဒ္ဓရှင် သက်တော်ထင်ရှားရှိတဲ့အခါကျ တော့ ဘုရားက အဲဒါကိုသွားတွေ့တယ်။ သီရိဓမ္မာ သောက မင်းကြီး ရေတွင်းပေါင်းရှစ်သောင်းလေးထောင် ၊ ရေကန် ပေါင်း ရှစ်သောင်းလေးထောင် လှူဒါန်းတဲ့မင်းကြီးဟာ အကု သိုလ်ဒုစရိုက်တွေများပြီးတော့ နဂါးမင်းကြီး ဖြစ်တယ်။ ဒါကို အရှင်မောဂ္ဂလာန်မှအပ ကျန်တဲ့ကိုယ်တော်တွေမနိုင်နိုင် ဘူး။ အရှင်မောဂ္ဂလာန်သွားနှိမ်နှင်းပါ။ ကျန်တဲ့ရဟန္တာတွေ သွားရင်လဲ သူ့ထက် တန်ခိုးရှိတော့ သူကတန်ခိုး ရှိတဲ့ သီရိ ဓမ္မာသောကမင်းကြီးဖြစ်နေတော့ မရဘူး။

မရတဲ့အခါကျ တော့ အရှင်မောဂ္ဂလာန်  ကိုယ်တိုင် သူ့ထက်ကြီးတဲ့နဂါးမင်း ကြီးအသွင်ဖန်ဆင်းပြီးတော့ သွားချွတ်တော့ မှ သူကအရိယာ ဖြစ်ပြီး ကျွတ်တန်းဝင်သွားတယ်။ အခုလူသားတွေလဲ အဲဒီ တရားတော်နဲ့အညီ သွားတွေ့နေတယ်။ သွားတွေ့နေတဲ့အ ခါမှာ အဲဒီလို သီရိဓမ္မာသောကမင်းကြီး ငါးတွေကို အိုင်ပက် ပြီး စားသောက်နေတဲ့အခါ သွားတွေ့တော့ အရှင်မောဂ္ဂ လာန် က ထောပတ် ထမင်းတွေကိုချက်ပြီးတော့ နဂါးမင်း ကြီးကို သူကြိုက်နှစ်သက်တဲ့နွားနို့တွေနဲ့ သွားကျွေးတယ်။ အဲဒီကျမှ အရှင်မောဂ္ဂလာန် မှန်းသိပြီးတော့ သူလှူခဲ့တဲ့အ ရာတွေကို သတိသံဝေဂရတယ်။ အဲဒီမှာ ရေစက်သွန်းချခဲ့ တယ်။ အခုလဲ ဘဘုန်းလဲ မကျွတ် မလွတ်သေးတဲ့ အပရ လောကသား တွေ လူသားတွေကိုဒုက္ခပေးတော့မယ်။ အစာ ရေစာငတ်လာရင် ဒီသွေးစက်တွေကျ လာတယ်။ အဲဒီသွေး စက်ပေါ်မှာ အညှီဆိုတာရောက်လာတယ်။ အဲဒီအညှီပေါ် မှာ ရောက်တဲ့ အတွက် အာဟာရ ဒါနလေးကျွေးပြီးတော့ ဘဘုန်းကဖိတ်ခေါ်တယ်။ အာဟာရဒါနကျွေးတယ်ဆိုတာ က မင်းတို့အတွက်ငါ အုန်းထမင်းတွေနဲ့ အာဟာရဒါ နကျွေး တယ်။ သူတို့ကိုကျွတ် စေချင်လို့ အခုလို ပထမဦးဆုံးပရိတ် တော်ရွတ်တယ်၊ မေတ္တာပို့တယ်။ ဒုတိယက ပဋ္ဌာန်း၊ တတိယ က ကမ္မဝါဖတ်တယ်။ မမြင်ရတဲ့ အပရလောကသားတွေကို အကျွတ်အလွတ် လုပ်တယ်ဆို တာက သီရိဓမ္မာသောက မင်း ကြီးလက်ထက်က အဲလိုအစိမ်းသေတွေသေတော့ ဘီလူးတွေ ဖြစ်ကုန်ကြတယ်။ အဲဒါတွေဖြစ် မှာကြောက်လို့ ကောင်းရာ သုဂတိ၊ မြင့်မြတ်တဲ့ဘုံကိုရောက်အောင် သူတို့ ကိုဖိတ်ခေါ် ပြီးတော့ ဘဘုန်းက ရေစက် သွန်ချ အမျှပေး ဖို့အတွက် အခု လိုခေါ်လာခဲ့တာ။ အဲဒီအမျှပေးဝေတာ ထူးခြားမှာ။ ယုံ ကြည်တဲ့သူတွေပေါ့ ။ သေဆုံးသူတွေ ရဲ့ဆွေမျိုးမိ တ်သင်္ဂဟ တွေအနေနဲ့ ဘုန်းဘုန်းကို ဝတ္ထုငွေလှူရန်မလိုပါ၊ ဝတ္ထုငွေ ကြောင့်မဟုတ်ဘူး။ မိမိအိမ်ခြေရာကနေပြီးတော့ အမျှပေး ဝေ သာဓုခေါ်ပေးဖို့ ဘဘုန်းက မေတ္တာရပ်ခံချင်တယ်။ ဝတ္ထုငွေကြေးကို ဆရာတော်လိုချင်လို့လုပ်တာမဟုတ်ဘူး။ အဓိကတော့ ပြည်သူတွေ၊ မြန်မာနိုင်ငံမှာသွားနေတဲ့ တိုင်း ရင်းသားမောင်နှမတွေ ဒီလမ်းကိုသွားရင် အန္တရာယ်ကဒီ နားမှာ ပဲဖြစ်ဖြစ်နေ တယ်။ သူတို့ကတော့ အစိုးရကိုအပြစ် တင်တယ်။ ဘဘုန်းကတော့ အစိုးရကို အပြစ်မတင်ဘူး။ အရက်မူး လို့ ဒေါသ စိတ်နဲ့မောင်းပြီးတော့ သေဆုံးသွားတဲ့ သူတွေရှိတယ်။ အဲဒီလူ တွေက မကျွတ်ဘူးပေါ့နော်။ ဒါက တစ်ပိုင်း။ နောက် တစ်ပိုင်းက ကားရဲ့ကြံ့ခိုင်မှုအား နည်းလို့ဖြစ်ရတာ။ နိုင်ငံခြားက သွင်းလာတယ်ဆိုပေ မယ့် ကားတွေက အစုတ်တွေ။ အစုတ်တွေ လို့ ဘာလို့ ပြော တာလဲဆိုတော့ ဟိုမှာ နှစ်တွေကြာပြီးမှ ဒီကိုဝင်လာ တာလေ။ ဒီကျတော့ ကြံ့ခိုင်ရေးမလုပ်ဘဲနဲ့ အရေးပေါ် ဝုန်းဆို ဒိုင်းကနဲဆိုထွက်သွားတာမျိုးတွေကြောင့်ဖြစ် ရတယ်။ နောက်တစ်ခု မူးယစ်သောက် စားမှုကြောင့်လည်း ဖြစ်တယ်။ မိသားစု အချင်းချင်း မသင့်မြတ်လို့ ဒေါသ စိတ်နဲ့မောင်းပြီးဖြစ်တာလည်း ရှိတယ်။ နောက်တစ်ခုက လမ်းပေါ့။ လမ်းက ဘာလဲဆိုတော့ လမ်းက ကတ္တရာ မဟုတ်ဘဲ ကွန်ကရစ်လမ်းဖြစ်နေတယ်။ ဒီတာယာတွေ က ဆွေးမြည့်နေတဲ့အခါ ကျတော့ မောင်း ရင်းမောင်းရင်း နဲ့ အပူချိန်နဲ့ ပါးပြီးပေါက်ပြီးတော့ အရှိန်မထိန်းနိုင်ဘဲ ဖြစ်ရတယ်။ နောက်တစ်ခု က ကိုယ့်ကိုယ်ကိုယ်မဆင်မခြင် တာတွေပါတာပေါ့နော်။ ဘီးပေါက်ဦးတော့။ သူ့အရှိန် ကိုထိန်းနိုင်ရမယ်။ ကားရဲ့အုံနာတွေပေါ့။ ဒီတစ်ခေါက် တော့ ရပါသေး တယ်။ ဒီတစ်ခေါ က်တော့ ရပါသေး တယ်။ အဲဒါမျိုးတွေကြောင့်လည်း ပါတယ်။ များသော အားဖြင့် သေကျေ ပျက်စီးလာတဲ့ အခါကျတော့ ဘဘုန်း က စိတ်ထဲက မချမ်းသာဘူး။ မချမ်းသာတော့ ဘဘုန်း နဲ့ ဦးဌေးဦးနဲ့ တိုင်ပင်ပြီး တော့ ဒကာကြီး ပြည်သူတွေ အသက် ကိုကယ်မယ်ဆိုရင် ဒါလေးတော့ ဘုန်းဘုန်း ကို ကူညီပေးပါ။ ဘုန်းဘုန်းက တောင်းဆိုတာ။ ဗိုလ်ချုပ် ဒါလေးတော့ ဘုန်းဘုန်းကိုကူညီပေးပါ။ လမ်းကြောင်း လေးလုပ်ချင်တယ်။ ဦးဌေးဦးက သက်ဆိုင်ရာကိုပြော ပေးမယ်။

ဒါကောင်းတဲ့အလုပ်ပဲဆိုပြီးတော့ အဲဒါကြောင့် အကုန်လုံး ပရိတ်တွေရွတ်တာ။ စောင့်ကြည့်လိုက်ပါ။ ဒီလမ်းကြီးလည်း ကတ္တရာ လမ်းဖြစ်မှာ သေချာတယ်။   ခြောက်လမ်း သွားဖြစ်မှာ လည်း သေချာ တယ်။ နောက် တစ်ခုက ဘဘုန်းတို့လုပ်တာ အဓိပ္ပာယ်မဲ့ တဲ့ဟာကို မလုပ် ဘူး။ အဓိပ္ပာယ် ရှိရှိနဲ့လုပ်တာ။ သံဃာတော်တွေဆိုရင် မနေ့က အရမ်းပင်ပန်းတယ်။ မရပ်မနား။ ဘဘုန်း ကကော အိပ်လား။ တစ်မှေးတောင် မမှေးစက်ဘူး။ အရမ်းကြိုးစား တယ်။ ဘာကြောင့်လဲ။ ပြည်သူ တွေအတွက်ပါ။ အခုနေ တော့ ဘဘုန်းတို့ကို သူတို့တစ်မျိုးထင်ချင်ထင်မယ်။ ထင်ချင် တဲ့ပြည်သူ၊ ထင်ချင်တဲ့တိုင်းရင်းသားတွေ ထင်ပါစေ။  ဘဘုန်းတို့ လုပ်တာ မှန်တယ်လို့ထင်တယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော် နိယာမအတိုင်းလုပ်တာ။ ဘဘုန်း ဘုန်းကြီး ချင်လို့ လုပ်တာမဟုတ်ဘူး။ တန်ခိုးကြီးချင်လို့လုပ်တာ လည်း မဟုတ်ဘူး။ တကယ့် ပြည်သူတွေပေါ်မှာ သေကျေ ပျက်စီးထား တဲ့ ပြည်သူ တွေ မကျွတ်တာရယ်၊ နောက် တစ်ခုက ရဟန်းရှင်လူ၊ ပြည်သူအပေါင်း၊ ဒီကမ္ဘာ က  လေးစားလောက် တဲ့ နေပြည်တော်ကြီးဖြစ်လာဖို့ နေပြည် တော်လမ်းကြီးတစ်လျှောက်ဟာ သာသာ ယာယာ ပျော်ပျော် ရွှင်ရွှင်သွားလို့ရ တဲ့လမ်းကြီး တစ်ခုဖြစ်တယ်။ ဖောက် လုပ်ထားတဲ့သူတွေကိုလည်း ဘဘုန်းအပြစ်မပြောဘူး။ ကျေးဇူးတင်တယ်။ နိုင်ငံတော်အစိုးရနဲ့ အစိုးရနဲ့ပြည်သူ၊ ဘယ်မင်း ၊ ဘယ်အစိုးရ၊ ဘယ်ပါတီပဲတက်၊ ဘုရင်ပဲ ဖြစ် ဖြစ် ဒီလမ်းကြီးကောင်းသွား မယ်ဆိုရင် ဖျက်ပစ်လို့လည်း မရတော့ဘူးလေ။ ဒီလမ်းကြီးကောင်းသွားမယ်ဆိုရင် ရဟန်းရှင်လူပြည် သူတွေဟာ အရမ်းပျော်မွေ့သွားမယ်။ အဲဒါကြောင့် ဘဘုန်းက ဒီဥစ္စာလေးကောင်းသထက် ကောင်းအောင်လုပ်တာ။ မြန်မာနိုင်ငံမှာ သံဃာတွေအ များကြီးရှိပါတယ်။ သံဃာတွေ ငါးသိန်း ကျော်ရှိ ပါတယ်။ အဲဒီဆရာတော်ကြီးတွေရဲ့မေတ္တာရိပ်ကိုလည်း ဘဘုန်းလို ချင်ပါတယ်။ ဆရာတော်ကြီးတွေလည်း အဝေးကနေပြီး တော့ မေတ္တာပို့နေတယ်လို့ ဆရာတော်ယုံကြည်ပါတယ်။ ဘဘုန်းတောင် မနေနိုင်လို့ထလုပ်တာ။ ဘုန်းဘုန်းကို ဘယ်ပါတီ၊ ဘယ်အစိုးရကမှ ဒီလိုလာပြီးခိုင်းတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဘုန်းဘုန်းနဲ့ တွဲနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနဲ့ တိုင်ပင်ပြီးတော့ ကောင်းရာကောင်း ကျိုးကိုလုပ်တာ။ ပြည်သူတွေအတွက်ပါ။ ပြည်သူတွေကောင်းစေချင်လို့ စီစဉ်ဆောင်ရွက်တာပါ။

မေး - သူတို့ကို ကားနှစ်စီးနဲ့ခေါ်ဆောင်လာတယ်ဆိုတော့ သူတို့ အဲဒီကားပေါ်မှာ လိုက်ပါလာတယ်၊ ပါမလာဘူးဆို တာတော့ သာမန်မျက်စိတွေ၊ သာမန်လူတွေက မမြင်နိုင် ဘူးလေ။ အရှင်ဘုရားတို့အနေနဲ့ရော သူတို့တွေလိုက်ပါ လာတယ်၊ ပါမလာဘူး ဆိုတာ သိနိုင်ပါသလား။ အဲဒါကို သိအောင်သူတို့တွေက ဘယ်လိုထူးခြားတဲ့အမူအရာတွေ လုပ်ပြတာတွေရှိပါသလဲ။
ဖြေ - ပါတယ်၊ မပါဘူးဆိုတာက ဘဘုန်းတို့က ဒီလို ဟာမျိုးခေါ်တယ်ဆိုရင် ဘဘုန်းတို့က ကားကိုလေ့လာရ တယ်။ ဒီ ၁ဝပေကား တို့၊ ကင်နာတို့ဆိုတာ ဒီအတိုင်းမောင်း ရင်ခုန်နေတယ်ပေါ့လေ။ သူတို့ ပါလာရင် သိသာတယ်။ သိသာတာ မှ တော်တော် များများကို သိသာတယ်။ ကား တွေက လေးတွေစန့်ပြီးတော့ နောက်ကနေလိုက်လာ တယ်။ သူတို့စီးလာသလိုမျိုး။ သူတိှု့သတိသတည တွေ ဆင်းချလိုက်ရင် ဝိတ်ကြီးနဲ့မို့ ဒီကလေးကလာပြောတယ်။ အဖေသားတို့မမောင်းရဲဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဖေ ရယ် သားတို့ ခါတိုင်းသွားနေကျတော့ ငါးခြောက် ပုံးတွေ၊   လေးငါးဆယ်လုံးလောက်နဲ့သွားရင်  ကားက ငြိမ်နေ တယ် ပေါ့လေ။  အခု အသွားတုန်းက ကားက ဝုန်းဒိုင်းဂွမ်းနဲ့။ အပြန်ကျတော့ ငြိမ်နေတာပဲ။ ဒီမှာဘယ်လောက်ပါလာလဲ ဆိုတော့ ကျောင်း ထဲလည်းရောက်တော့ မင်းတို့နေရာ မင်းတို့နေတော့လို့ ဘဘုန်းက မေတ္တာပို့၊ အမိန့်တော် လည်းဝေ လိုက်တော့ အဲဒီကားက ဖက်ကလေးလိုပဲ ပေါ့သွားတယ်။ အဲဒါက ထူးခြားချက် တစ်ခု ပေါ့လေ။ နောက်တစ်ခုက အိပ်မက်တွေ ဘာတွေထူးပါ တယ်။ ညက ဆို ဘဘုန်းကျောင်းမှာ ခွေးတွေအူပြီး ဗြောင်းဆန်နေ တာပဲ။ ဘယ်ခါမှ ခွေးမအူဘူး။ဒီကောင်တွေ မပါဘူး၊ ပါတယ် ဆိုတာ ခွေးကသဘောပေါက်တယ်။ ခွေးက ရိုးရိုးအူတာတစ်မျိုးရှိတယ်။ နောက်တစ်မျိုးက အူတာ ရှိတယ်။ အဲဒီနှစ်ပိုင်းပေါ့။ တချို့ဆိုရင် ဘုန်းဘုန်းကလေး တွေက မြင်တောင် မြင်နေရတယ် လို့ ပြောတယ်။ ဒါတွေ က ဘဘုန်းပြော လို့မကောင်း ဘူး။

မေး- နောက်တစ်ခုသိရတာက ဒီလိုအမြန်လမ်းပေါ်က နေခေါ်ဆောင်ပေးဖို့ အရှင်ဘုရားကို သူတို့တွေက အိပ်မက် တွေပေး တယ်လို့ သိရပါတယ်။ အဲဒါရော ဟုတ်ပါသ လား။ ဟုတ်တယ်ဆိုရင် ဘယ်လိုပုံစံမျိုး အိပ်မက်လာပေး တာပါလဲ။
ဖြေ - ဟုတ်တယ်။ ဘဘုန်းအိပ်မက်မက်တာက သူတို့ ဒုက္ခရောက်နေပါတယ်။ ဘဘုန်းရေ ကယ်ပါဘုရားလို့ ဆိုပြီးတော့ လေးငါးဆယ်ရက်လောက် အဲလိုအိပ် မက်လာပေးလို့ ထလုပ်တာ။

မေး-အခုခေါ်ဆောင်လာ တဲ့ အပရလောကသားတွေကို ဘယ်မှာထိန်းသိမ်းထားပြီးတော့ ဘယ်လိုပုံစံမျိုး ထိန်းသိမ်း ထားပါသလဲ။
ဖြေ - အပင်တွေမှာပဲထားရတယ်။ ဒီပိတောက်ပင် ကြီးဆိုရင် နှစ်ပေါင်းတစ်ရာကျော်ပြီ။ အဲဒီမှာပဲ ခဏထား ထားပေးတယ် ။ နောက်တစ်နေရာ လည်း ခွဲထားသေးတယ်။

မေး - သူတို့တွေကို အစားအစာတွေကျွေးထားတာ မျိုးကောရှိလား။
ဖြေ - မရှိပါဘူး။ အကျွတ်အလွတ်ပွဲလုပ်တဲ့နေ့ကျမှပဲ အဝကျွေးမယ်။

မေး - အမြန်လမ်းပေါ်ကနေ ဒီအပရလောကသားတွေကို မခေါ်ဆောင်မီ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ နယ်က အပရလောက သားတစ်ချို့ကိုလည်း အရှင်ဘုရား ရဲ့ကျောင်းမှာ ထိန်းသိမ်း ထား တယ်လို့ ကြားသိခဲ့ရတယ်။ အဲဒါရော ဟုတ်ပါသလား။
ဖြေ - ဟုတ်ပါတယ်။ ရွှေပြည်သာတင်မကပါဘူး။ အများကြီးပဲ။ ဘဘုန်းခေါ်ထားတာ။ အကျွတ်အလွတ်ပွဲ အတွက် လေး ရာကျော်လောက်ရှိ တယ်။ တချို့အိမ်တွေမှာ ဆိုရင် တော်တော်ဆိုး ရွားတဲ့ အိမ်တွေက အစခေါ်ထား တာ။  တစ်ခါတည်းပေါင်း ချမှာ။ တချို့ဆို အဆောင်တွေထဲ မှာ ထည့်ထားရတယ်။ ကလေးတွေ ကြောက်မှာစိုးလို့။

မေး - အမြန်လမ်းကရော ဘယ်လောက်အင်အားအထိ ပါလာပါသလဲ။
ဖြေ - နှစ်ရာကျော်လောက် တော့ရှိမယ်။ ညက အိပ်မက် တာ နှစ်ရာကျော်လောက်ပဲမက်တယ်။ နှစ်ရာ့ငါးဆယ် လည်း မပြည့်ဘူး။

မေး - အရှင်ဘုရားအနေနဲ့ ဒီအပရလောကသားတွေကို ဇွန်လ ၁၅ ရက်နေ့ကျရင် အကျွတ်အလွတ်ပွဲလုပ်မှာဆို တော့ ဒီလိုပွဲမျိုးအရင်ကရော လုပ်ခဲ့ဖူးတာ ရှိပါသလား။
ဖြေ - အရင်တုန်းကတော့ သန်လျင်ဆေးရုံကြီးမှာ ဖြစ်တဲ့အခါကတော့ တစ်ခါလုပ်ဖူးတယ်။ ငါးနှစ်လောက် တော့ရှိပြီ။ အဲဒီတုန်း က လူကသေတယ်။ မနက်ကျရင် ပါးတွေမရှိတော့ဘူး။ ညကျရင်သွား ကြည့်လိုက်တော့ အစိမ်းသေတယ်ဆိုရင် သွားကြည့် လိုက်တော့ ပါးတစ် ခြမ်းကမရှိတော့ဘူး။ နောက်တော့ ဘယ်လိုလေ့လာ လဲဆိုတော့ သော့ပိတ်၊ ချိတ်ပိတ်၊ CCTV  တွေ ထား ပေမယ့် ပေါင်သားရော၊ ရင်သားရောမရှိတော့ဘူး။ အဲဒါနဲ့ ဘဘုန်းသွားပြီးတော့ ရွှေ့၊ ရွှေ့တော့လည်း အဲလိုပဲ ကားကြီးက ကျွီးဆိုပြီးရပ်သွားတယ်။ အဲဒါနဲ့ လူကြီးတစ်ယောက်ပေါ့။ အဲဒီတုန်းက ဗိုလ်ချုပ် ဟန်စိန် ပေါ့။ သူလာလျှောက်တယ်။ ဘဘုန်းရဲ့ ဒကာတွေ ကို ရေစက်ချပေးပါ။ အမျှဝေပေးပါလို့။ အဲဒါနဲ့လုပ်ပေး လိုက်တယ်။

မေး - နောက်ဆုံးအနေနဲ့ဘာများမိန့်ကြားချင်ပါသေးလဲဘုရား။
ဖြေ -  မမိန့်ကြားချင်တော့ပါဘူး။ အဲဒီအကျွတ်အလွတ် ပွဲကျမှ သူတို့အိပ်မက်တွေ ဘယ်လိုလာမလဲဆိုတာ ပြန် ဖြေပေးမယ်။
အခုလို မိန့်ကြားပေးတဲ့အတွက် အရှင်ဘုရားကို ကျေးဇူး တင်ပါတယ်။

မာန်ယုကျော် (ရွှေဝမြေ) တွေ့ဆုံမေးမြန်းသည်။
dailydemocracytoday.com
Yangon Media Group