ရခိုင်ပြည်နယ်တွင် အိုင်အန်ဂျီအိုရုံး ပြန်ဖွင့်နိုင်ရေး အခက်အခဲရှိ

မတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်ရှိ အန်ဂျီအိုရုံးတချို့ တိုက်ခိုက်ခံခဲ့ရပြီးနောက် တွေ့မြင်ရစဉ် (ဓာတ်ပုံ - April Maung Maung)

နေရာထိုင်ခင်းနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်မှာ အိုင်အန်ဂျီအိုရုံးတွေ ပြန်ဖွင့်လှစ်လည်ပတ်ဖို့ အခက်အခဲရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ် ၂၆ ရက်နေ့နဲ့ ၂၇ ရက်တွေက  ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီ အိုလ်အဖွဲ့အစည်းတွေ အကြမ်းဖက်ခံရတဲ့ နောက်ပိုင်း အိုင်အန်ဂျီအိုတွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့ပါတယ်။

လူသားချင်း စာနာမှုအကူအညီနဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့  အစိုးရနဲ့ အန်ဂျီ အို အဖွဲ့စည်းကြိုးစားနေကြပေ မယ့် နေရာထိုင်ခင်း အခက်အခဲနဲ့ လုံခြုံရေးအခက်အခဲရှိနေ တယ်လို့ ကုလသမဂရဲ့ မြန်မာနိုင်ငံရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

အိုင်အန်ဂျီအိုရုံးတွေ ပြန်ဖွင့်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေး စင်တာ (Emergency Coordination Center) အဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအဖွဲ့မှာ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးတွေ၊ ယူအန်က ကိုယ်စားလှယ်၊ အိုင်အန်ဂျီအိုက ကိုယ်စားလှယ်နဲ့  ဒေသခံတွေ ပါဝင်ပါတယ်။

ဧပြီလ ၁၃ ရက်နေ့ထုတ်  အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာတော့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာစိုးလွင်ငြိမ်းနဲ့ MSF-Holand အဖွဲ့ ဧပြီ ၁၀ ရက်နေ့က ရန်ကုန်မြို့ ဆွေးနွေးပွဲမှာ နှစ်ဘက်ကျန်းမာရေး ၀န်ထမ်းတွေ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မယ့်အကြောင်းနဲ့ ရခိုင်ပြည်နယ်တွင်း ၀န်ထမ်းတွေနေထိုင်ရေးတွက် ပြည်နယ်အစိုးရနဲ့ အီးစီစီတို့ အကြံဥာဏ်ရယူသွားမယ့်အကြောင်း ဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်မြိုင်ကို ဒီဗွီဘီက မေးမြန်းကြည့်တဲ့ အခါ   ရခိုင်ပြည်နယ်အတွင်း ယူအန်လက် အောက်ခံအဖွဲ့အစည်းတွေပဲ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး  နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) နဲ့ မာတင်ဇာ အင်တာ နေရှင်နယ်အဖွဲ့တွေကတော့ ဖွင့်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

ရခိုင်အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် ဒေါ်ညိုအေးကတော့ ပြည်သူတွေနဲ့ ပဋိပက္ခဖြစ်တဲ့ အဖွဲ့အစည်းတွေ ရပ်သင့်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ယူအန်လက်အောက်ခံအဖွဲ့အစည်းတွေ ရုံးဖွင့်နိုင်ရေး လုပ်ဆောင်နေပြီး စစ်တွေဟိုတယ်နားမှာ တစုတဝေးတည်းထားပြီး လုပ်ဆောင်ဖို့ရှိနေတယ်လို့ စစ်တွေမြို့က ရခိုင်ခေါင်း ဆောင်တဦးဖြစ်တဲ့ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ  အိုင်အိုင်ဂျီအိုရဲ့လုပ်ငန်းတွေ ရပ်တန့်ထားတဲ့အတွက် ဒေသတွေ မှာ လူသားချင်းစာနာမှုအထောက်အကူတွေ၊ ကျန်းမာရေးပြ၍နာတွေ အများအပြားရှိနေတယ်လို့ ဦးအေးဝင်းက ပြောပါတယ်။ တချို့နေရာတွေမှ ကျန်းမာရေးဦးစီးဌာနက လုပ်ဆောင်ပေး တာရှိပေမယ့် လိုအပ်ချက်နဲ့ မမျှတနိုင်ဖြစ်တယ်လို့လည်း ဦးအေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

DVB Burmese

အပြည့်အစုံ အသံဖိုင်နားဆင်ရန်


မန်ချက်စတာယူနိုက်တက် မန်နေဂျာ ရာထူးကို စိတ်မဝင်စားကြောင်း ကလော့ပ် ပြောကြား


မန်ချက်စတာ ယူနိုက်တက်က ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ် ခဲ့ပြီးနောက် မိမိ အနေဖြင့် ပရီးမီးယားလိဂ် အသင်း၏ မန်နေဂျာ ရာထူးအပေါ် စိတ်ဝင်စားခြင်း မရှိကြောင်း ဘိုရပ်ရှားဒေါ့မွန် မန်နေဂျာ ဂျာဂင်ကလော့ပ်က ပြောကြားလိုက်သည်။

ဒေးဗစ်မိုယက်စ်သည် ယူနိုက်တက်နှင့် ၆ နှစ်စာချုပ် ချုပ်ဆိုထားသော်လည်း မန်နေဂျာ သက်တမ်း ၁၀ လသာ ရှိချိန်တွင် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်း ဖြစ်သည်။

မိုယက်စ်၏ နေရာကို ဆက်ခံရန် ရေပန်းစားသူများ စာရင်းတွင် ကလော့ပ်သည် ထိပ်ဆုံးမှ ပါဝင်သော်လည်း ၎င်းနှင့် ဒေါ့မွန်အသင်း၏ စာချုပ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ကုန်ဆုံးမည် ဖြစ်သည်။

သို့သော်လည်း ကလော့ပ်က “မန်ချက်စတာယူနိုက်တက်ဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ အသင်းရဲ့ အံအားသင့်ဖွယ် ပရိသတ်တွေနဲ့ ကျွန်တော် ရင်းနှီးမှုရှိတယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ ဘိုရပ်ရှာ ဒေါ့မွန်နဲ့ ပရိသတ်တွေကို ခွဲခွာဖို့ ဆန္ဒမရှိပါဘူး” ဟု Guardian ထံ ပြောကြားခဲ့သည်။

ကလော့ပ်နည်းတူ မိုယက်စ် နေရာ ဆက်ခံရန် ရေပန်းစားနေသူများတွင် နယ်သာလန် နည်းပြ လူးဝစ်ဗန်ဂါး၊ အက်သလက်တီကို မန်နေဂျာ ဒီယေဂို ဆီမြွန်နီနှင့် ရီးယဲမက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ တို့လည်း ပါဝင်သည်။

ဗန်ဂါးသည် တော့တင်ဟမ် မန်နေဂျာ ရာထူးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းအနေဖြင့် ယူနိုက်တက် မန်နေဂျာရာထူးကို ရယူရန် ဆန္ဒရှိနေသည့် လန်ဒန်ကလပ်နှင့် ဆွေးနွေးမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။

Soccer Myanmar

Star Wars: Episode VII မှာ သရုပ်ဆောင်ဖို့ ခေါင်းတုံးတုံးခဲ့ရတဲ့ မင်းသမီး Karen Gillan


Star Wars: Episode VIIဟာ ဘယ်လိုပုံစံမျိုးဖြစ် လာဦးမလဲ ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဇာတ်လမ်းဇာတ်ကွက် ဘယ်လိုရှိမယ်ဆိုတာကိုရောပါပဲ။

Adam Driverက လူဆိုးတစ်ယောက်အနေနဲ့ သရုပ်ဆောင်မယ်လို့ပဲ အတည်ပြုထားပါတယ်။ အပိုင်း ၆ ရဲ့ နောက်နှစ်၃၀အကြာက အဖြစ်အပျက်တွေပါ။

ခုသတင်းအတိုအစ သစ်တွေရထားပါတယ်။ Doctor Who ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီး Karen Gillan ဟာ Guradians of the Galaxy မှာ ဘယ်လိုဘယ်ပုံ သရုပ်ဆောင်ထားကြောင်း၊ ဒါပေမဲ့ Star Wars ရဲ့ တစ်စိတ်တစ်ပိုင်း ပြည့်ပြည့်၀၀ကြီးမဟုတ်ကြောင်းတွေကို သူမက ပြောပြခဲ့ပါတယ်။ မင်းသမီး Karen Gillan ဟာ Guardians if the Galaxy မှာ သူမရဲ့ဇာတ်ရုပ်ကို သရုပ်ဖော်ဖို့အတွက် ခေါင်းတုံးတုံး ခဲ့ရတယ်လို့လည်း သိရပါတယ်။

သီဟနိုင် (Trend Myanmar)

ကားဆီထည့်ရန် အောက်တိန်းပီပါတွန်းချရာမှ ရွှေညောင်တွင် မီးလောင်မှုဖြစ်


ဂျွန်ချစ်ငြိမ်း

ရွှေညောင်၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့တွင် ဧပြီ ၂၂ ရက် နေ့လည် ၁၂နာရီ ၅၃ မိနစ်က ကားဆီထည့်ရန် အောက်တိန်းပီပါကို တွန်းချရာမှ မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့သည် ဟု တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

မီးလောင်မှုကြောင့် အောက်တိန်းဆီ ၂၀ဂါလံ၊ တန်ဖိုးကျပ် ၈၀,၀၀၀နှင့် အိမ်ဘေးကာ ပျဉ်ပြား၊ တန်ဖိုးကျပ် ၂၀,၀၀၀ စုစုပေါင်း တစ်သိန်းခန့် ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှု မရှိဟု တောင်ကြီးခရိုင် မီးသတ်က ထုတ်ပြန်ထားသည်။

"မီးလောင်တဲ့နေရာက မြို့လည်ခေါင်မှာဆီတွေ လှောင်ထားတာတွေရှိတယ် ၊ တစ်မြို့လုံးကို အုတ်အုတ်သဲသဲ ဖြစ်သွားတယ် လူသာမနိုင်ရင် မလွယ်ဘူး"ဟု ရွှေညောင်မြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

မီးလောင်ကျွမ်းမှုမှာ တောင်ကြီးမြို့နယ် ရွှေညောင်မြို့ သုခချမ်းသာရပ်ကွက်ရှိ သွပ်မိုး၊ ပျဉ်ထောင်အိမ်တစ်လုံးတွင် အိမ်သုံးကားဆီထည့်ရန် အောက်တိန်းပေပါကို ကားပေါ်မှ တွန်းချလိုက်ရာ မီးပွားပွင့်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု တောင်ကြီးခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သူက အတည်ပြုပြောသည်။

မီးလောင်ကျွမ်းသည့် နေရာသို့ ရွှေညောင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂စီး၊ တောင်ကြီး မီးသတ်စခန်းမှ ၂စီး၊ အေးသာယာ မီးသတ်စခန်း မှ ၁စီး ၊ ညောင်ရွှေ မီးသတ်စခန်း မှ ၁စီး နှင့် မြန်မာ့ရေနံမှ ဘောက်ဆာ ၂စီးတို့ လာရောက်ငြိမ်းသတ်ရာ ၁၂နာရီ ၅၈ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၁ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဦးအောင်အောင်ကို ရွှေညောင်မြို့မ ရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၂၈/ ၂၀၁၄ ၊ ပုဒ်မ (၂၈၅) အရ အမှုဖွင့်အရေးယူထားသည်။

Mizzima Burmese

ကချင်တိုက်ပွဲအတွင်း စစ်ပြေး ဒုက္ခသည် ၃၀၀၀ ကျော်တွင် ကလေး ၁၀၀၀ ခန့် ပါဝင်ဟု ယူနီဆက်ပြော


မဇ္ဈိမသတင်းဌာန

ရန်ကုန်၊ မဇ္ဈိမ။ ။ ကချင်ပြည်နယ်တောင်ပိုင်း၊ မန်ဝိုင်းကြီးဒေသတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာတပ်မတော်တို့အကြား ဧပြီလ ၁၀ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒုက္ခသည် ၃၆၀၀ဝန်းကျင် ပြောင်းရွှေ့ခဲ့ရပြီး ကလေးသူငယ် ၁၀၀၀ခန့် ပါဝင်သဖြင့် နှစ်ဖက်လုံးမှ တိုက်ပွဲများရပ်ဆိုင်းရန် ကုလသမဂ္ဂ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ (UNICEF)က ဧပြီလ ၂၂ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

“၀မ်းနည်းစရာကောင်းတဲ့ အချက်ကတော့ တိုက်ပွဲတွေရပ်ဆိုင်းသွားသည့်တိုင် ကလေးသူငယ်တွေ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ဘေးအန္တရာယ်တွေက ကွယ်ပျောက်သွားမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ နှစ်ဘက်စလုံးက အသုံးပြုလိုက်တဲ့ မြေမြှပ်မိုင်းတွေရဲ့ ကြီးမားတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတာကြောင့်ရော လက်နက်ကိုင်တပ်ဖွဲ့တွေမှာ တပ်သားအဖြစ် အသုံးပြုဖို့ ခေါ်ယူစုဆောင်း ခံရတာတွေကြောင့်ဖြစ်ပါတယ်”ဟု ယူနီဆက် မြန်မာ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်)က ပြောသည်။

ယင်းအပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း
ဒေသတို့တွင် မြေမြှပ်မိုင်းထောင်မှု အများဆုံးဖြစ်ပြီး တိုက်ပွဲများအတွက် နှစ်ဖက်စလုံးက မြေမြှပ်မိုင်းများကို အသုံးပြုလျက်ရှိသည်ဟု ယူနီဆက်က ဆိုသည်။ ဧပြီလအတွင်းက ပြန်လည်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း မြေမြှပ်မိုင်းများ ထပ်မံပေါ်ပေါက်မည်ဖြစ်ပြီး ကလေးသူငယ်များအတွက် အန္တရာယ်ကျရောက်မည်ကို ယူနီဆက်က စိုးရိမ်နေသည်။

တိုက်ပွဲဖြစ်ပွားသော ဒေသများတွင် ကလေးငယ်များအတွက် အကူအညီပေးမှု အများစုသည် လူသုံးပစ္စည်း အများစုသာ ဖြစ်နေသည်ဟု ယူနီဆက်မြန်မာက ဝေဖန်လိုက်သည်။

“ကျွန်ုပ်တို့ အနေနဲ့ အရေးပေါ် အကူအညီတွေကို ပံ့ပိုးပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကလေးသူငယ်တွေ ရှင်သန်ကြီးပြင်းဖွံ့ဖြိုးလာဖို့အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဟာ လိုအပ်တဲ့အတွက် အသက်ကယ်ဆယ်ရေး အထောက်အပံ့တစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး” ဟု မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်)က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ၊ ကဒေါ့ကောင်၊ ယန်ဝူး၊ မော်စီ၊ ဂေါန့်ငူယန်နှင့် ဒိန်ဂါ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည် ၃၆၀၀ခန့်ရှိပြီး ယခင်တိုက်ပွဲများအတွင်း ရောက်ရှိနေသည့် ဒုက္ခသည် ၂၀၀၀ခန့်ရှိရာ မန်စီမြို့နယ်နှင့် ရှမ်းမြောက်ပိုင်း စုစုပေါင်း စစ်ပြေးဒုက္ခသည် ၅၀၀၀ကျော် ရှိသည်ဟု ကချင်ပြည်နယ်အတွင်း အကူအညီပေးနေသည့် လူမှုရေး အဖွဲ့များက ဆိုသည်။

Mizzima Burmese

ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ တိုက်ပွဲငယ်တစ်ခုဖြစ်ပွား


ကိယက်ဗ်၊ ဧပြီ-၂၁

ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒေသ၌ဧပြီ ၂၀ ရက်က တိုက်ပွဲငယ်တစ်ရပ်ဖြစ်
ပွားခဲ့ရာ လူလေးဦးသေဆုံးခဲ့ရပြီး အီစတာပွဲတော်ကာလ ပဋိပက္ခများ
ရပ်ဆိုင်းရေးသဘောတူညီချက်လည်း ကျိုးပေါက်ခဲ့ရကြောင်း သတင်းများ၌
ဖော်ပြထားသည်။

ရုရှားလိုလားသူများထိန်းချုပ်ထားသော ဆလာဗီယန်းမြို့ အနီးလမ်းပိတ်ဆို့
ရေး ကင်းစခန်းတစ်ခုတွင် ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲငယ်အတွင်း ရုရှား
လိုလားသူခွဲထွက်ရေးဝါဒီ သုံးဦးနှင့် တိုက်ခိုက်သူ တစ်ဦး စုစုပေါင်းလေးဦး
သေဆုံးခဲ့ရကြောင်း သိရသည်။

အော်သိုဒေါ့ ခရစ်ယာန်များ၏အီစတာပွဲတော် ကာလပြီးဆုံးမည့် ဧပြီ ၂၁
ရက်ထိတိုင် ယူကရိန်းအရှေ့ပိုင်းမှ ခွဲထွက်ရေးဝါဒီများအား နှိမ်နှင်းမည့် စစ်ဆင်ရေးများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းယူကရိန်းကြားဖြတ်
အစိုးရအဖွဲ့က ကတိက၀တ်ပြုထားပြီး ဖြစ်သည်။

ရုရှားလိုလားသော ခွဲထွက်ရေးဝါဒီများ ထိန်းချုပ်ထားသည့် ကင်းစခန်း
တစ်ခုကို မော်တော်ယာဉ်လေးစီးဖြင့်ရောက်ရှိလာသော သေနတ်သမား
၂၀ ကျော်တို့က ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြ
ကြောင်း ရုရှားလိုလားသူများက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့
ကြသည်။

ရုရှားလိုလားသူ ဆန္ဒပြသမားများလက်နက်စွန့်လွှတ်ရေးနှင့် သိမ်းပိုက်ထား
သော အစိုးရအဆောက်အအုံများမှ ထွက်ခွာရေးတို့အတွက် ကမ်းလှမ်းဆွဲ
ဆောင်ပေးရန် ရုရှားနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေ
ဆဲတွင် ရုရှားလိုလားသူများ တိုက်ခိုက်ခံခဲ့ရသည့်သတင်းပေါ်ထွက်လာ
ခဲ့ခြင်း ဖြစ်သည်။

အီစတာပွဲတော် အကြိုကာလ ဧပြီ၁၉ ရက်က ရုရှားအော်သိုဒေါ့နှင့် ယူက
ရိန်းအော်သိုဒေါ့ ခရစ်ယာန်ခေါင်းဆောင်များအကြား ယူကရိန်းပြဿ နာနှင့် ပတ်သက်၍ အပြန်အလှန်ဝေဖန်ပြောကြားခဲ့ရာ နှစ်စဉ်ကျင်းပမြဲ အီစတာ
ပွဲတော်မှာနိုင်ငံရေးအရိပ်ထိုးမှုခံခဲ့ရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

ဒေးဗစ်မိုရက်စ်နှင့် လမ်းခွဲလိုက်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကြေညာ


အသင်းပိုင်ရှင် ဂလေဇာ မိသားစု၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီးနောက် အသင်းနှင့် ၆ နှစ်ကြာ စာချုပ်ချုပ်ဆိုထားသည့် မန်နေဂျာ ဒေးဗစ်မိုရက်စ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက်ကို ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခဲ့ခြင်းအတွက် အယူခံဝင်မယ့် ဆာတိုရီဗီဒီယိုထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော် (ဒါရိုက်တာ ရီဇော်) နဲ့ တွေ့ဆုံခြင်း


သရုပ်ဆောင်ရဲတိုက်ကို ပဲခူး တိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးကနေပြီး မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ)အရ ဧပြီလ ၇ ရက်နေ့က အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် အမိန့်ချ မှတ်လိုက်ပါတယ်။ ရဲတိုက်ကို ၂ဝ၁၃ ခုနှစ်ဇူလိုင် ၄ ရက်နေ့က ပဲခူး တိုင်း ဒေသကြီး၊ ကျောက် တံခါးမြို့နယ်မှာ ဆေးခြောက်လို့ယူဆရနိုင်တဲ့အရွက် ခြောက်တစ်ကျပ်သားခန့် ကို လက် ဝယ်တွေ့ရှိမှုနဲ့ စတင်ဖမ်းဆီးစစ် ဆေးခံရပြီးနောက် ဆီးထဲမှာ မူး ယစ်ဆေးဝါး ပါဝင်မှုမရှိခဲ့တဲ့အတွက် ပုဒ်မ ၁၅ ပြုတ်ကျသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ)နဲ့ ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ကျောက်တံခါးမြို့နယ် တရား ရုံးက ဧပြီ၇ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆နှစ်လို့ အမိန့်ချခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်ရဲတိုက်ဟာ တောင်ငူထောင် မှာ ပြစ်ဒဏ် ကျခံနေရပြီး အယူခံကို တစ် လအတွင်းဝင်ရမှာဖြစ်တာမို့ ဆာတို ရီထုတ် လုပ်ရေးရဲ့ပရိုဂျူဆာ ဦးမျိုး ဇော်(ဒါရိုက်တာရီဇော်)ကလည်း အခု အချိန်မှာ အယူခံကို အမြန်ဆုံး ဝင် နိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

► အစ်ကို့အနေနဲ့ တစ်လအတွင်း အယူခံဝင်ရမှာဆိုတော့ အခုဘာတွေပြင်ဆင်နေပါပြီလဲ။

မြို့နယ်တရားရုံးက အမိန့်ချလို့ ရှိရင် တစ်လအတွင်းမှာ အယူခံဝင်ရတယ်။ အဲဒီလိုဆိုတော့ အခုသင်္ကြန် တွင်းက ခံနေပါတယ်။ ရှေ့နေ က အယူခံ လိုက်တဲ့ အခါ မြို့ နယ်မှာပဲ လိုက်လို့ရ တော့ ပဲခူး က ရှေ့နေတစ်ယောက်နဲ့အခုချိန်း ထားတယ်။ ရှေ့နေကို စာရွက်စာတမ်းတွေ လွှဲပြီးတော့ လျှောက်လဲချက်အ တွက် ပြင်ဆင်ရမှာပေါ့။ သင်္ကြန်ပြီးမှပဲ အယူခံတင်နိုင်မှာပေါ့။

► တကယ်လို့ အယူခံဝင်တာ မအောင်မြင်ခဲ့ရင် အခုချမှတ်လိုက်တဲ့ စီရင်မှုပြစ်ဒဏ်အပေါ် ဘယ်လိုသဘောထားရှိပါမလဲ။

အယူခံကတိုင်းကို အယူခံဝင်မှာပါ။ မရဘူးဆိုရင်တိုင်းနဲ့ လွှတ်တော်ကို အယူခံဝင်လို့ရသေးတယ်။ အယူခံက အောင်မယ်။ မအောင်ဘူးဆိုတာတော့ တပ်အပ်မပြောနိုင်ဘူး။ အယူခံတစ်ဆင့် မအောင်ရင် နောက်တစ်ဆင့် အဆင့်ဆင့်သွားရ တာကိုး။

► ရဲတိုက်နဲ့ ဘယ်နှခုနှစ်ကတည်းကစတင်လက်တွဲခဲ့ပြီး ဇာတ်ကားပေါင်း ဘယ်လောက်အထိ ရိုက်ကူးပြီးပြီလဲ။ ဘယ်လောက်အထိ ထုတ်လုပ်ဖြန့်ချိဖို့ လက်ကျန်အခွေ ရှိနေသေးပါသလဲ။

ဆာတိုရီစတည် ထောင်တဲ့ ၂ဝဝ၅ ခုနှစ်က စတင်ပြီးတော့ ရဲတိုက်နဲ့ လက်တွဲတယ်။၂ဝဝ၆ခုနှစ်မှာ " အမှောင်ငွေ့ရနံ့" ဆိုတဲ့ ဇာတ်ကားစ ရိုက်တယ်။ အခုအထိဆိုရင် ဇာတ်ကားပေါင်း ၄၆ ကားအထိရှိသွားပြီ။ အခုဖြန့်ဖို့ ကျန်နေသေးတာကတော့ ရန်ကုန်အတွက် နောက်ဆုံးတစ်ကား ကျန်သေးတယ်။ အထက် မြန်မာပြည်အတွက်ဆိုရင်တော့ ၃ ကားလောက် ကျန်သေးတယ်။

နောက်ဆုံးဖြန့်ဖို့ကျန်တဲ့ ဇာတ်ကားနာမည်က " နတ္ထိဟင်းလင်းပြင်" တဲ့ ရဲတိုက်နဲ့ စန္ဒီမြင့်လွင်ပေါ့။ နောက်ဆုံးရိုက်လက်စတန်းလန်းကြီး ဇာတ် ကားကတော့ စံရတီမိုးမြင့်နဲ့။ မပြီးသေးဘူး။ ရဲတိုက်က စိတ်ကောင်းနှ လုံးကောင်းရှိတယ်။ လူတွေကိုလည်း ကြင်နာတတ်တယ်။ ပြီးတော့ အလုပ်လုပ် ရင်လည်း ပြင်း ပြင်းထန်ထန်လုပ်တတ်တယ်။ သူနဲ့ အလုပ်လုပ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ပျော်ရွှင်စရာကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အလုပ်လုပ်ရင် စိတ်ရောကိုယ်ပါ နှစ် ပြီးလုပ်တဲ့ အတွက် ပင်ပန်းတယ်။

► ရဲတိုက်နဲ့ ဆက်ပြီး လက်တွဲသွားဖို့ အစီအစဉ်ရှိပါသေးလား။

ကျွန်တော်တို့ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့အတွက် ပြင်ဆင်နေတဲ့ ကာလမှာ သူအခုလို ဖြစ်သွားတာ။ ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက် ကင်မရာမှာ တယ်။အမေရိကကနေ လှမ်းမှာ တာ။ Red one ကင်မရာ။ အခု တော့ ရောက်လာပြီ။ ခြောက်လ၊ တစ်နှစ်စောင့်လိုက်ရတယ်။ Red one ကင်မရာရောက်လာပြီး ရိုက်ဖို့ ပြင်ဆင်နေချိန်မှာ ဆာတိုရီကနေပြီး ရဲတိုက်ရှိနေစဉ်မှာပဲ မျိုးဆက်သစ် တွေရှာတယ်။ မျိုးဆက်သစ်တွေကို ရန်ကုန်၊မန္တလေးဘက်တွေမှာ ရှာတယ်။ လူပေါင်း ၅ဝဝကျော်ထဲမှာ မင်းသား ဒေါင်းနဲ့ မင်းသမီး ရွှေသမီးတို့ ထွက်ပေါ်လာတယ်။

အခုလည်း "ရွှေသမီး" ကို ရဲတိုက်နဲ့ တန်ခူးရင်ခွင် ဇာတ်ကား ရိုက်ခဲ့ တယ်။ ရွှေသမီးကို တော့ အဲဒီတစ်ကားပဲ ရိုက်ရသေးတယ်။ " ဒေါင်း" နဲ့ တစ်ကားရိုက်ပြီးသွားပြီ။ " သူငယ်ချင်းများ" ဆိုတဲ့ ဇာတ်ကား။ ရဲတိုက်နဲ့လည်း အခုအမှု ကိစ္စတွေ ပြီးသွားရင် "ဒေါင်း" နဲ့ အပြိုင်ရုပ်ရှင်ဇာတ်ကားကြီးရိုက် ဖို့အတွက် ဇာတ်လမ်းတွေ ပြင်ဆင်ထားတယ်။အဲဒီတော့ လွတ်လာတာနဲ့ ရုပ်ရှင်ကားကြီးရိုက်မယ်။ အခုမလွတ်လာသေးခင်မှာလည်း တခြားကားတွေ ရိုက်ပါဦးမယ်။ တိုက်ပိုင်မင်းသားရော၊ တခြားမင်းသားတွေရော အကုန်လုံးနဲ့ ဇာတ်လမ်းကို ကြည့်ပြီး ရိုက်ပါမယ်။

► ၂ဝ၁၁ ခုနစ်၊ ဖေဖော်ဝါရီက စတင်တည်ထောင်ခဲ့တဲ့ ရဲတိုက်ဖောင်ဒေးရှင်းကကောဘာတွေ ဆက်ပြီး လုပ်ဆောင်နေပါသလဲ။

ရဲတိုက်ဖောင်ဒေးရှင်းကတော့ ရဲတိုက်က အဖမ်းခံရတဲ့အချိန်ကတည်းက စပြီးတော့ ရပ်ထားတယ်။ ရဲတိုက်ဖောင်ဒေးရှင်းကို အဓိက တည်ထောင်သူက ရဲတိုက်ပဲဖြစ်တဲ့ အတွက် ကျွန်တော်တို့က ဝိုင်းဝန်းကူ ညီကြတာပါ။ ဒီမှာလည်း ဂေါပက အဖွဲ့လည်း ရှိပါတယ်။ အဲဒီ တော့ ဂေါပက အဖွဲ့ကလည်းသူကိုယ် တိုင်ရှိမှ ဆက်လုပ်တာကောင်းမယ် ဆိုပြီး ဆုံးဖြတ်ထားတော့ ခေတ္တခဏ ဆိုင်းငံ့ထားမယ်ဆိုပြီး ဆိုင်းငံ့ထား တယ်။ဖောင်ဒေးရှင်းငွေတွေကတော့ ဘဏ်ထဲမှာ အပ်ထားတာပါ။ ရဲ တိုက်ဖောင်ဒေးရှင်းကတော့ ဆက်ရှိ နေပါမယ်။

► ဧပြီ၁၁ရက်နေ့က ရဲတိုက် မွေးနေ့ဆိုတော့ သူ့ရဲ့ဘယ်နှနှစ်ပြည့်မွေးနေ့လဲ။ ဆာတိုရီအနေ နဲ့ ဘာလုပ်ပေးဖို့ အစီအစဉ်ရှိပါဦးမလဲ။

အသက်၃ဝပြည့်ပါ။ မွေးနေ့ အစီအစဉ်ဘာလုပ်ပေးမယ်လို့တော့ မရှိပါဘူး။ အဲဒီနေ့တောင်ငူထောင်ကို သွားပြီးတော့ ထောင်ဝင်စာ သွား တွေ့ပါမယ်။ ထောင်ဝင်စာ တွေ့ရင်း နဲ့ အယူခံဝင်မယ့် အကြောင်းတွေ ပြောပြပါမယ်။

မနှစ်က ရဲတိုက် အသက်၂၉ နှစ်တုန်းက ကချင်ပြည် နယ်နဲ့ တရုတ်ပြည်နယ်စပ်က ဒုက္ခ သည်စခန်းတွေဆီကို သွားပြီးတော့ အဆောက်အအုံ ၂ လုံးသွား ဆောက်ပေးရင်း သွားလှူတာ။ လှူပြီးအပြန်လမ်းမှာ တိုက်ပွဲဖြစ် နေတာနဲ့ သွားကြုံတော့ မြစ်ကြီး နားနဲ့ တရုတ်ပြည်နဲ့ဖောက်ထားတဲ့ လမ်းပိုင်းတစ်နေရာက လမ်းဘေး မှာရှိတဲ့ စားသောက်ဆိုင်တဲလေး ပေါ်မှာ တစ်ညလုံးနားလိုက်ရတယ်။ ပစ်ခတ်နေတဲ့ ကျည်ဆန်သံတွေ ကြားရတယ်။ ကြောက်ကြောက်နဲ့ အဲဒီတဲလေးမှာနေကြရင်း သူ့ရဲ့ ၂၉နှစ်ပြည့်မွေးနေ့ကို ဖြတ်သန်း ခဲ့ရတယ်။ အဲဒီဆိုင်က ကောင်မလေး က ခေါက်ဆွဲတွေကို ပြုတ်ပြီး ကျွေး တယ်။ အဲဒီမှာက တအားအေးတော့ တဲလေးထဲမှာ မီးပုံလေးလုပ်ပြီးတော့ အဲဒီနားမှာပဲ သူအိပ်ခဲ့ရတယ်။ အဲဒီ တုန်းက မြစ်ကြီးနားမှာ ၇ရက် လောက်ကြာခဲ့တယ်။ စစ်ဘေး ဒုက္ခ သည်စခန်းတွေကို လိုက်ပြီးတော့ လှူဒါန်းတာပါ။

► ဖြည့်စွက်ပြောပြပေးချင်တာ ဘာများရှိပါဦးမလဲ။

ပြောချင်တာဘာလဲဆိုတော့ ဂျာနယ်အတော်များများမှာ မှားယွင်း ရေးနေတာက ပုဒ်မ၁၅ မူးယစ်ဆေး ဝါးသုံးစွဲမှု၊ ပုဒ်မ၁၆/(ဂ) လက် ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် (၆) နှစ်ချလိုက်တယ်လို့ မှားယွင်းပြီးရေး နေကြတယ်။ တကယ်တော့ ပုဒ်မ ၁၅မူးယစ်ဆေးဝါးသုံးစွဲမှုက ရဲတိုက် ကိုဖမ်းဆီးတဲ့အခါမှာ ဆီးစစ်တယ်။ ဆီးစစ်ပြီး ဆီးအဖြေထွက်လာတဲ့ အခါမှာ ဆီးမှာမူးယစ်ဆေးဝါးသုံးစွဲ ထားတဲ့ လက္ခဏာမတွေ့ရတဲ့အတွက် ပုဒ်မ ၁၅က ပြုတ်သွားပြီ။ တရားရုံး ကို တရားစွဲတင်တဲ့အခါမှာ ၁၆/(ဂ) လက်ဝယ်တွေ့ရှိမှုပေါ့။ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှု တစ်ခုတည်းနဲ့ပဲ တရားစွဲဆိုတာပါ။ အခုအမိန့်ချလိုက်တာကလည်း ပုဒ် မ၁၆/(ဂ) တစ်ခုတည်းနဲ့ပဲ ၆ နှစ်ချ လိုက်တာပါ။

ထက်လူလူ
Popular Journal

လမစေ့ ကိုယ်ဝန်ပျက်ကျခဲ့တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားခဲ့တဲ့ Lindsay Lohan


Jack the Ripper on 2014-04-22 12:49    
မင်းသမီး Lindsay Lohan ဟာသူမရဲ့ reality TV စီးရီးတွေရိုက်ကူးနေစဉ်ကာလတုန်းက လမစေ့ကိုယ်ဝန်ပျက်ကျခဲ့တဲ့ လျှို့ဝှက်ချက်ကိုထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

Lindsay ဟာ Oprah Winfrey ရဲ့ OWN Network မှာပြသတဲ့ အတွဲရှစ်တွဲပါ မှတ်တမ်းစီးရီးမှာပါဝင်ခဲ့တာဖြစ်ပြီး အဲဒီ့စီးရီးဟာ တနင်္ဂနွေနေ့မှာပြီးဆုံးခဲ့တာဖြစ်ပါတယ်။

“ဘယ်သူမှမသိခဲ့ပါဘူး။ ကျွန်မ ပျက်ကွက်ခဲ့တဲ့နှစ်ပတ်အတွင်း ကျွန်မလမစေ့ကိုယ်ဝန်ပျက်ကျခဲ့တယ်” လို့အဲဒီ့ရိုက်ကူးရေးကနေ နှစ်ပတ်ကြာပျောက်ကွယ်ရတဲ့အကြောင်းကို Lindsay က မျက်ရည်လည်ရွှဲနဲ့ပြောပါတယ်။

‘သူမ (ရိုက်ကူးရေး) ကိုမလာချင်ဘူးလို့ပြောခဲ့တာ အဲဒါကြောင့်ပါ။ ကျွန်မမသွားနိုင်ဘူး။ နေလို့မကောင်းခဲ့ဘူး။ စိတ်ပိုင်းဆိုင်ရာအရ ဒါရှင့်ကို နာကျင်စေတဲ့အရာပါ’ လို့ပြောပါတယ်။

ကလေးရဲ့အဖေဘယ်သူဖြစ်တယ်ဆိုတာကိုတော့ ပြောဖို့ငြင်းဆန်သွားပါတယ်။ ပြောရရင်ဇာတ်လမ်းအရှည်ကြီးပဲလို့ပြောပြီး ငြင်းသွားပါတယ်။

Ref:starpulse.com
Trend Myanmar

အမေရိကမှာ အရက်ပေါင်ဒါမှုန့် ရပြီ


သီဟနိုင် on 2014-04-22 14:30    


ကျွန်တော်တို့လူသားတွေဟာ အရက်ကို ပုံစံမျိုးစုံနဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ခုံမင်နှစ်ခြိုက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ အရည်ပုံစံ တစ်မျိုးတည်းနဲ့ပါပဲ။ တီထွင်ပညာရှင် Mark Phillip ဆိုသူဟာ Palcohol လို့ခေါ်တဲ့ အရက်ပေါင်ဒါမှုန့်ကို တီထွင်လိုက်ပါတယ်။

Palcoholကို သင့်စိတ်ကြိုက် ယမကာ ဖြစ်လာဖို့ ၅အောင်စ ရှိတဲ့ ရေမှာ ရောလိုက်ရုံပါပဲ။ လောလောဆယ် Rum, vodka, cosmopolitan, mojito, margarita နဲ့ lemon drop ဆိုပြီးတော့ ပုံစံ ၆ မျိုးနဲ့လာပါတယ်။

ယမကာ မရရှိနိုင်တဲ့ (သို့) ၀ယ်ရတာ ဈေးအရမ်းကြီးတဲ့ အားကစားပွဲတွေ၊ ဂီတပွဲတွေ၊ ရုပ်ရှင်ရုံတွေ၊ လေယာဉ်ပေါ်၊ အပျော်စီးသင်္ဘောတွေ လိုနေရာမျိုးတွေမှာ Palcohol ကို အလွယ်တကူဝယ်ယူနိုင်မှာ ဖြစ်တဲ့အတွက် လူတော်တော်များများဟာ ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်။

Ref:iflscience.com
Trend Myanmar

ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ


ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင် ၀တ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

နယ်မြေထဲကို တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာဖို့ရှိတယ်လို့ ကြိုတင်သတင်းရထားချက်အရ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ဝင် နဲ့  နယ်မြေအထူးလုံခြုံရေး တပ်ဖွဲ့တို့  ပူးပေါင်းပြီး စောင့်ကြပ် စစ်ဆေးရာ မှာ ဧပြီ ၂၁ ရက်နေ့ ည ၉ နာ ရီအချိန်လောက်က  မှန်လုံကားအဖြူရောင် ၂ စီးပေါ်ပါလာတဲ့သူတို့ကို မဲဆောက်မြို့နယ် မယ်ပ ရပ်ကွက် ဘန့်ဟွေ့ ဟင်ဖွန်ဂိတ်မှာ ဖမ်းမိခဲ့တာလို့ တာ့ခရိုင်ရဲမှူး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းထောက်တွေ ကို ပြောပါတယ်။

စစ်ဆေးချက်အရ သူတို့တတွေကို ထိုင်းသံဃာ ၂ ပါးက ဦးဆောင်ခေါ်ခဲ့တာဖြစ်ပြီး  ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင် ကျောင်းတိုက်က ဆင်းတုတော်ပူဇော်ပွဲကို သွားဖို့ဖြစ်ကြောင်း ၊ ဒါပေမယ့်  ကားပေါ်ပါ လာတဲ့ ၀တ်ဖြူစင်ကြယ်အားလုံး ( ကျား ၁၈ ဦး နဲ့ မ ၁၂ ဦး ) လုံး ဘာတရားဝင် အထောက်အထားမှ မရှိတဲ့အတွက်  ထိုင်းသံဃာ ၂ ပါး၊ ထိုင်းကားသမား ၂ ဦးနဲ့ သူတို့အားလုံးကို လိုအပ်သလိုအရေးယူဖို့ တာ့ခ်ခရိုင် လ၀ကရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့  ရဲမှူးက ဆက်ပြောပါတယ်။

ကားသမားရဲ့ ထွက်ဆိုချက်အရ သူတို့တွေကို ဖုတ်ဖရမြို့နယ် ဝေါလေရွာမှာ သွားကြိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့  ခေါဝ်ကယောက်ကျောင်းတိုက်မှာ တနေ့ကို ဘတ် ၂၀၀ နဲ့ ခြံအလုပ်သမား အဖြစ် ခေါ်သွားဖို့ဖြစ်ကြောင်း ၊ စစ်ဆေးရေးဂိတ်တွေမှာ အလွယ်တကူဖြတ်ကျော်နိုင်ဖို့ အသင့်ယူသွားတဲ့ ၀တ်စုံဖြူတွေ ၀တ်ဆင်စေပြီး အမျိုးသားတချို့က မြန်မာဘုန်းကြီးဖြစ်ကာ ထိုင်းဝတ်စုံနဲ့ မတူမှာစိုးလို့ သင်္ကန်းကနေ ၀တ်စုံဖြူကို လဲလှယ်ဝတ်ဆင်စေခဲ့တယ်လို့ ပြောပါတယ်။

ဒီမတိုင်ခင်က ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင်ကျောင်းတိုက်မှာ ဧပြီလ ၂၂ ရက်နေ့ကျရင် ကမ္ဘာမြေထိန်းသိမ်းရေး ပွဲတော် ကျင်းပဖို့ ကြေညာထားခဲ့ကြောင်း ၊ ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတိုက်ပေါင်း ၃ သောင်းက ဘုရား ဆင်းတုတော် အဆူပေါင်း ၁ သိန်း ပင့်ဆောင်ပူဇော်ဖို့ရှိကြောင်း ကြေညာထားခဲ့ပါတယ်။

DVB Burmese

မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်များပြီး မိုးမရွာတဲ့အတွက် မိုးခေါ်လွန်ဆွဲ


မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်များပြီး မိုးမရွာတဲ့အတွက်
မိုးခေါ်လွန်ဆွဲပွဲကို မန္တလေးမြို့ ကမ်းနားလမ်း မရမ်းခြံဆိပ်ကမ်း

လူများက မင်္ဂလာဆောင်ပေးခဲ့ရသော နွားနှစ်ကောင်၏ မင်္ဂလာပွဲ


အိနိ္ဒယနိုင်ငံ မှာ နွား(၂)ကောင်ကို မင်္ဂလာဆောင် ပေးခဲ့ရာမှာ ပေါင် ၁၀၀၀၀ နီးပါး ကုန် ကျ ခဲ့တယ်လို့ သိရပါ တယ်။ ဒါဟာ ဗြိတိန် မှာ ကုန်ကျ တဲ့ မင်္ဂလာဆောင်တစ်ခုရဲ့ ပျမ်းမျှ ကုန် ကျငွေ ထက်ဝက်ခန့်ရှိပါတယ်။ အိန်္ဒိယ လူမျိုး တွေဟာ ရိုးရာအစဉ် အလာကို ယုံ ကြည်တာ မို့ နွား(၂)ကောင်ကို မင်္ဂလာဆောင် ပေးခဲ့ခြင်း ဖြစ် ပါတယ်။ နွားနှစ်ကောင်ရဲ့ မင်္ဂလာပွဲ ကို ဟိန္ဒူလူမျိုးတွေရဲ့ အစဉ်အလာ အ တိုင်း ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဧည့်ပရိ သတ် ၅၀၀၀ ကျော် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

နွား(၂)ကောင်ရဲ့ မင်္ဂလာပွဲကို မက်ယာ ပရာဒက်မှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ဝင် ယုံ ကြည်ကြတဲ့ ရွာ သား တွေ တက်ရောက်ခဲ့ကြ ပါတယ်။ စီးပွားလာဘ်လာဘများ တိုးတက် စေဖို့နဲ့ စိုက်ပျိုးရေးတွေ ပြုလုပ်တဲ့အခါ ရာသီ ဥတုကောင်းမွန်စေဖို့ ရည်ရွယ်ချက် တွေနဲ့ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီလို ပြုလုပ် ဖို့ သူတော်စင် ပုဂ်္ဂိုလ် တွေရဲ့ အကြံဉာဏ်တွေ ရယူခဲ့တယ်လို့ သိရပါတယ်။ ရွာသား တစ်ဦး ဖြစ်တဲ့ ပက်ဝါရီက ရာသီဥတု အ ပြောင်း အလဲတွေကြောင့် ကျွန်တော်တို့ရဲ့ စိုက်ခင်း တွေ ပျက်စီး ခဲ့ရပါတယ်။ ဒါကြောင့် ရွာသား တွေ အချင်း ချင်း တိုင်ပင်ပြီး အခုလို ပြုလုပ် ရခြင်း ဖြစ်ပါတယ်””လို့ ပြောကြားသွားခဲ့ပါ တယ်။ နွား(၂) ကောင်ကို အလှပ ဆုံး ဖြစ်အောင် ပြင်ဆင်ထားပြီး အတီး၊ အမှုတ်၊ အက အခုန် တွေလည်း ထည့်သွင်း ခဲ့ပါတယ်။ ဒီနောက် ရွာ သားတွေဟာ လုပ်ငန်းတွေ အဆင်ပြေစေဖို့ ဆုတောင်းခဲ့ပါတယ်။

ဒီလို ပြုလုပ်ခြင်းကြောင့် ရိုးရာယဉ်ကျေး မှုကို လူငယ်တွေ အနေနဲ့ မေ့ပစ် တော့မှာ မ ဟုတ်ကြောင်း သိရပါတယ်။ နွား(၂)ကောင် လက်ထပ်မင်္ဂလာပွဲ ကျင်းပဖို့ ကြိုတင်ပြင်ဆင် ခဲ့ရပြီး မင်္ဂလာပွဲအခမ်းအနားမှာ ငွေ ကြေးတတ် နိုင်သူတွေကတော့ အလှူအတန်းတွေ ပြုလုပ် ကြပါတယ်။ ကံကောင်းခြင်း တွေ ယူဆောင် လာပေး မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ တဲ့ နွား(၂)ကောင်ရဲ့ လက်ထပ် မင်္ဂလာပွဲမှာ ရိုးရာယဉ်ကျေးမှု အစဉ်အလာ တွေကို ပြန်လည်မြင်တွေ့ခွင့်ရလို့ ဒေသခံတွေက
 တော့ ကျေနပ်သဘောကျနေတယ်လို့ သိရ ပါတယ်။

The Messenger 

ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်းခြင်းအပေါ် သူတို့ပြောစကား ရိုက်ကူး၊ တည်းဖြတ် - ညီငယ် (ရုပ်/သံ)


DVB TV - 22-04-2014 VoxPop



ယုဒသန်ခန်းမတွင် ဦးဝင်းတင် ဂါရ၀ပြုပွဲကျင်းပနေ


ဧပြီ ၂၁ ရက်နေ့က ကွယ်လွန်သွားတဲ့ ၀ါရင့်နိုင်ငံရေးသမားနဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အတွက် အမှတ်တရ အောက်မေ့ဂါရ၀ပြုပွဲနဲ့ ဂုဏ်ပြုကဗျာ ရွတ်ဆိုပွဲတွေကို ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်က ယုဒသန်ခန်းမမှ ကျင်းပနေပါတယ်။

နိုင်ငံရေး၊ စာပေ၊ အနုပညာနယ်ပယ်နဲ့ ဦးဝင်းတင်ကို ချစ်ခင်လေးစားသူ ၁၀၀၀ နီးပါးလောက် တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

ယုဒသန် ခန်းမမှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် သာနိုးဝေက တိုက်ရိုက် သတင်းပေးပို့ထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


DVB Burmese 

လင်မယား စကားများရန်ဖြစ်စဉ် ၀င်ရောက်ဖျန်ဖြေသူ(၂)ဦး ဓါးထိုးခံရ


နေပြည်တော်၊ ဧပြီ ၂၂
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ နဂါးအိုင်ရွာနေ အောင်လင်း(၃၂)နှစ်နှင့် တစ်ရွာတည်းနေ တူဖြစ်သူ သန်းဇော်ဦး(၂၅)နှစ်တို့ ၂ ဦး ငနောင်မုန်းရေနံမှော်ရှိတဲအတွင်း ထန်းရည်သောက်နေစဉ် တဲနီးချင်းနေ ဇော်ကြီး(၃၅)နှစ်နှင့် ၎င်း၏ ဇနီးတို့ စကားများရန်ဖြစ်နေသဖြင့် ၀င်ရောက်ဖြန်ဖြေရာ ဇော်ကြီးမှ ဓါးနှင့်ထိုးသဖြင့် အောင်လင်းတွင် ယာနို့အုံအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်နှင့် သန်းဇော်ဦးတွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းခဲ့ရာ ဇော်ကြီးအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုစခန်းတွင် လှုပ်ရှားမှု များပြားလာ


ဧပြီ ၂၂။

မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုစခန်းတွင် လှုပ်ရှားမှုများ များပြားလာနေကြောင်းကို ဒေသတွင်းသို့
အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ခရီးစဉ် မတိုင်မီတွင် တောင်ကိုရီးယားမှ ပြောဆိုခဲ့သည်။

“ လတ်တလောကာလတွင် မြောက်ကိုရီးယား၏ ပန်ဂီရီ နျူကလီးယား စမ်းသပ်စခန်း၌ လှုပ်ရှားမှုများ အများအပြားကို စစ်ဖက်ဆိုင်ရာမှ ထောက်လှမ်းတွေ့ရှိနေရသည်ဟု ” တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အနေဖြင့် ရုတ်တရက် နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ရန် သို့မဟုတ် ပြုလုပ်မည်ဟု ဟန်ဆောင်ခြင်း ဖြစ်နိုင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။ အတိတ်ကာလအတွင်းတွင် မြောက်ကိုရီးယားမှ နျူကလီးယား စမ်းသပ်မှုကို သုံးကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံး စမ်းသပ်မှုမှာ ဖေဖော်ဝါရီ ၂၀၁၃ ခုနှစ်က ဖြစ်ပြီး ၎င်းစမ်းသပ်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်အတွင်း ပြင်းထန်သော တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင်လည်း နျူကလီးယား စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ၎င်းစမ်းသပ်မှုများကြောင့် ကုလသမဂ္ဂမှ ပြုံးယမ်းအပေါ်တွင် စီးပွားရေး ပိတ်ဆို့မှုများကို ချမှတ်ခဲ့သည်။

တောင်ကိုရီးယား ပူးပေါင်း စစ်ဆင်ရေး အကြီးအကဲ ဖြစ်သူမှ အခြေအနေများကို စောင့်ကြည့်ရန်အတွက် အထူးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းကိုလည်း ပြောရေးဆိုခွင့် ရှိသူမှ ပြောဆိုခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များကို အဆုံးသတ်ရန် ပြုလုပ်သည့် နိုင်ငံတကာ ပြောဆိုဆွေးနွေးမှုများမှာလည်း နှစ်များ ကြာအောင် အချိန်ဆွဲခြင်းကို ခံရလျက် ရှိသည်။

ပြီးခဲ့သော လနှောင်းပိုင်းတွင် မြောက်ကိုရီးယားမှ နျူကလီးယား စမ်းသပ်မှု ပုံစံ အသစ်ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ပြီး မည်သည့် အဓိပ္ပာယ်ဖြင့် ပြောဆိုခဲ့ခြင်းကိုမူ ရှင်းလင်းမှု မရှိချေ။ ပြုံးယမ်းမှ နျူကလီးယား စမ်းသပ်မှုများကို ပြုလုပ်ခဲ့သော်လည်း ၎င်းအနေဖြင့် ဒုံးကျည်များတွင် နျူကလီးယား ထိပ်ဖူးများကို တပ်ဆင်ပစ်လွှတ်နိုင်ခြင်း မရှိသေးကြောင်းကို ယုံကြည်ကြသည်။

အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် ဂျပန်သို့ သုံးရက်ကြာ ခရီးစဉ်ပြီးနောက်တွင် တောင်ကိုရီးယားသို့ သောကြာနေ့တွင် လာရောက်မည် ဖြစ်သည်။

Ref: BBC
The Myanma Age

ခရီးသည်တင်ယာဉ်မှ စက်ဘီးစီးသူကို တိုက်မိသဖြင့် သေဆုံး


ရန်ကုန်၊ ဧပြီ ၂၂

၁၇.၄.၂၀၁၄ ရက်နေ့ ၁၁၅၀အချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)၊ ရန်ကုန်-ပုသိမ်ကားလမ်း အတိုင်း ဘုရင့်နောင်တံတားဘက်မှ သမကုန်း
အ၀ိုင်းဘက်သို့ ယာဉ်မောင်း စိုးဝေလွင် (၄၀)နှစ်၊ (ဘ)ဦးအောင်တိုး၊ (၂၀)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူမောင်းနှင်လာသော ၅က/----
ဘီအမ် အမျိုးအစားခရီးသည်တင်ယာဉ်သည် ပြင်စည်မင်းသားကြီးလမ်းထိပ်
အရောက် ၎င်း၏ရှေ့မှစက်ဘီး စီးနင်းနေသူ လှိုင်သာယာမြို့နယ်နေ ဦးစစ်အောင်ကို နောက်မှဝင်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် စက်ဘီးပျက်စီးပြီး ယာဉ်တိုက်ခံရသူ ဦးစစ်အောင်တွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာရရှိပြီး သတိလစ်နေသဖြင့် လှိုင်သာယာ
ဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသနေစဉ် ၂၁.၄.၂၀၁၄ ရက်နေ့ ၂၃၄၅ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးဝေလွင်အား လှိုင်သာယာမြို့မရဲစခန်းယာဉ် (ပ)၄၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဗုဒ္ဓပုံတော် ဆေးမင်ထိုးမှုသည့် ဗြိတိန်အမျိုးသမီးကို သီရိလင်္ကာနှင်ထုတ်


ကိုးလ်မန်း၏ ညာဘက်လက်မောင်းပေါ်တွင် ကြာပွင့်ပေါ် စံပယ်နေသည့် ဗုဒ္ဓပုံတော်အား ဆေးမင်ကြောင် ထိုးထားခြင်း ဖြစ်သည်။

သီရိလင်္ကာ နိုင်ငံမှ လူဝင်မှုကြီးကြပ်ရေး အရာရှိများသည် ဗုဒ္ဓပုံတော်ကို လက်ပေါ်တွင် ဆေးမင်ကြောင် ရေးထိုးထားမှုကြောင့် ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး တစ်ဦးအား တားဆီးခဲ့ကြောင်း သိရသည်။ နာအိုမီ မစ်ချယ်လ်ကိုးလ်မန်းသည် တနင်္လာနေ့က အိန္ဒိယနိုင်ငံမှ သီရိလင်္ကာသို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာခဲ့သည်။ သူမသည် လက်မောင်းတွင် ဗုဒ္ဓပုံတော်ကို ဆေးမင်ကြောင် ရေးထိုးထားပြီး ယင်းအတွက် လေဆိပ်မှ တာဝန်ရှိသူများက ဟန့်တားခဲ့သည်။ ထို့နောက်တွင်မူ ကိုးလ်မန်းကို ပြည်တွင်းဝင်ရောက်ခွင့် ပိတ်ပင်ကာ ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း သိရသည်။

ကိုးလ်မန်း၏ ညာဘက်လက်မောင်းပေါ်တွင် ကြာပွင့်ပေါ် စံပယ်နေသည့် ဗုဒ္ဓပုံတော်အား ဆေးမင်ကြောင် ထိုးထားခြင်း ဖြစ်သည်။ အဆိုပါ ဆေးမင်ကြောင်သည် ဗုဒ္ဓဘာသာကို စော်ကားမှုတစ်ခုဟု ယူဆပြီး သူမကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ နိုင်ငံအတွင်းတွင် ဗုဒ္ဓ၏ ပုံတော်ကို ဖော်ပြမှုနှင့် ပတ်သက်ပြီး အထိပါး မခံလောက်အောင် တင်းကျပ်မှုများ ရှိနေသည်။ ပြီးခဲ့သည့် လအတွင်းကလည်း ဗြိတိသျှ အမျိုးသား ကမ္ဘာလှည့် ခရီးသည် တစ်ဦးသည် လက်မောင်းပေါ်မှ ဗုဒ္ဓပုံတော်အကြောင်း လေဆိပ်တာဝန်ရှိသူများက မေးမြန်းသည့်အခါ မရိုမသေ ဖြေကြားမိသဖြင့် ကိုလံဘိုမြို့တော်သို့ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရဖူးသည်။

သို့သော်လည်း နောက်ပိုင်းတွင် ၎င်းက အဆိုပါ ဖြစ်ရပ်ကြောင့် တုန်လှုပ်မိကြောင်း၊ မိမိသည် ဗုဒ္ဓ၏ အဆုံးအမနှင့် အတွေးအခေါ်များကို လေးစားသည့် အနေဖြင့် လက်မောင်းတွင် ဆေးမင် ရေးထိုးထားခြင်းဟု ပြန်လည် တောင်းပန် ပြောကြားခဲ့သည်။ လွန်ခဲ့သည့် (၂)နှစ်ကလည်း သီရိလင်္ကာတွင် ဗုဒ္ဓဆင်းတုတော် တစ်ဆူကို အဆန်းထွင် နမ်းရှုပ်ပြသဖြင့် ပြင်သစ်ကမ္ဘာလှည့် ခရီးသည်(၃)ဦးမှာ ဆိုင်းငံ့ထောင်ဒဏ် ကျခံခဲ့ရသည်။

Planet Myanmar


ဗင်နီဇွဲလားသမ္မတ ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်


ကာရာကတ်စ်၊ ဧပြီ ၂၁

နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်နေသည့် ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်စ်တွင် အီစတာ ပွဲတော်ရက်၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ပေးရန် တောင်းဆိုသော မျက်နှာဖုံးစွပ် လူငယ်များ ချီတက်ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခဲ့သလို ၎င်းတို့က ဆိုရှယ်လစ်စနစ် လိုလားသူ သမ္မတ နစ်ကိုးလပ်မာဒူရို၏ ပုံတူရုပ်တုကို မီးရှို့ခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

တနင်္ဂနွေနေ့ (အီစတာနေ့) က ဗင်နီဇွဲလား ပြည်သူသန်းပေါင်းများစွာသည် ကာရေဘီယန် ကမ်းခြေဒေသများသို့ ဦးတည်သွားရောက်ကာ မိသားစု ပျော်ပွဲရွှင်ပွဲများနှင့် စုဝေးပွဲများ ပြုလုပ်ခဲ့ကြသော်လည်း ဒီမိုကရေစီ လိုလားသူ ကျောင်းသားများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက် လုပ်ကိုင်ခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ ဗင်နီဇွဲလား နိုင်ငံတော်ကို ပြန်လည် မရရှိသေးသရွေ့ လမ်းပေါ်မှာပဲ နေသွားမယ်။ ဒီအချိန်ဟာ ရပ်တည်ချက် ခိုင်မာမှု ရှိရမယ့် အချိန်လည်း ဖြစ်တယ်” ဟု အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသားခေါင်းဆောင် ဒီဂျာမေးဂျာဆာက ပြောကြားသည်။

ဆန္ဒပြသူများသည် ဗင်နီဇွဲလား အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုကို ဖော်ကျူးသည့်အနေနှင့် ကျည်ဆန်များ၊ မျက်ရည်ယို ဓာတ်ငွေ့ဗူးခွံများ ချပြကာ သရုပ်ဖော် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ အင်အားစုများကို လူစုခွဲသွားရန် ရဲတပ်ဖွဲ့က အမိန့်ပေးခဲ့သော်လည်း လိုက်နာခဲ့ကြခြင်း မရှိပေ။

ထို့နောက် ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူရို၏ ပုံတူရုပ်တုကို မီးရှို့ပြကာ “လွတ်မြောက်ရေး” ဟူ၍ ကျောင်းသားများက ကြွေးကြော် အော်ဟစ်ခဲ့ကြသည်ကို တွေ့ရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

လူငယ်ဆန္ဒပြသူများက ဓာတ်ဆီဗုံးများ၊ ကျောက်ခဲများဖြင့် ပစ်ခတ်ကာ ကြော်ငြာဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့ကြကြောင်း၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ချိန်တွင် တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု ဖြိုခွင်းခဲ့ရာ ပဋိပက္ခ အရှိန်မြင့်တက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

“ဆန္ဒပြနေရာ အနီးတဝိုက်မှာ ရှိတဲ့ အိမ်တွေက လူတွေ ထွက်လာပြီး ကျောင်းသားတွေအတွက် ရေခဲထုပ်တွေနဲ့ ရေပုလင်းတွေ ပစ်ပေးကြတယ်။ မျက်ရည်ယို ဗုံးဒဏ်ကို ခုံခံနိုင်ဖို့ပါ” ဟု ယင်းဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

ဗင်နီဇွဲလားနိုင်ငံတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ပေါ်ပေါက်ခဲ့သော သမ္မတမာဒူရို ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း လူပေါင်း ၄၁ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

The Voice Weekly

မူးယစ်သုံးစွဲသူ ရဲတပ်သားတစ်ဦး ဖမ်းမိ


လားရှိုး၊ ဧပြီ ၂၂။

ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အိမ်သာအတွင်း မူးယစ်ဆေးသုံးစွဲနေစဉ် အသုံးပြုသည့်
ပစ္စည်းများနှင့်တကွ ဧပြီ ၂ဝရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ရပ်ကွက်(၅)နယ်မြေ(၂)မန်မိုင်ရွာ၊နတ်စင်လမ်းရှိ ခေါက်ဆွဲအရောင်းဆိုင် တစ်ဆိုင် အနောက်ရှိ အိမ်သာအတွင်းသို့ အမျိုးသားတစ်ဦးသည်
နံနက်ဆယ်နာရီခန့်မှ ဝင်ရောက် သွားပြီးအတန်ကြာသည်အထိ ထွက်လာခြင်းမရှိသောကြောင့် တံခါးဖွင့်ကြည့်ရာ ဖွင့်မရသောကြောင့်ရဲစခန်းသို့
အကြောင်းကြားရာ လားရှိုးမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်ထွန်းထွန်းနှင့် တကကမောင်ရွှေတို့သည် သက်သေများနှင့်အတူ သွားရောက်ကာ
တံခါးအားကလန့်ဖွင့်ရာ ကျော်ခိုင်ဦးဆိုသူအား လှဲလျောင်းနေသည်ကို တွေ့ရှိပြီး ၄င်းရှေ့၌ ရွှေသမင်ပလပ်စတစ်ဘူးထဲတွင် ဘိန်းဖြူဟုယူဆရသော
အဖြူမှုန့်(ဝ.ဝ၁)ဂရမ်၊ အဖြူမှုန့်များကပ်နေသည့် ရွှေသမင်ပလပ်စတစ်ဘူးခွံတစ်ခုနှင့် အသုံးပြုပြီးသော ဆေးထိုးပိုက်အပ်တပ်လျက်တစ်ချောင်းတို့အား
တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ မူယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသုံးစွဲသူ ကျော်ခိုင်ဦး(၃ဝ)နှစ်၊ လားရှိုးမြို့ပေါ်နေသူအား  မယ(ပ)၃၈/၁၄ မူးယစ်ပုဒ်မ-၁၅/၁၆(ဂ)အရအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းသည်ရဲတပ်သား အဆင့်ဖြင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်း
ရဲမှတ်တမ်းအရ သိရသည်။

စိုးမင်းနိုင်
The Myanma Age

အဘဦးဝင်းတင်အတွက် အတိုဆုံးနှင့်အထိရောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်၏ ၀မ်းနည်းမှတ်တမ်း


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏နာယက၊ သတင်းစာဆရာ၊ စာရေးဆရာ ဟံသာဝတီဦးဝင်း တင်သည် ဧပြီ ၂၁ ရက် မနက် ၆ နာရီခွဲတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ၉၆ ပါးသောရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်သူ ဟံသာဝတီ ဦးဝင်းတင်ကို ၀မ်းနည်းမှတ်တမ်း သ၀ဏ်လွှာများပေးပို့ခဲ့ကြရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက်္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က လည်း ၀မ်းနည်းမှတ်တမ်းပေးပို့ခဲ့ ကြောင်း သိရသည်။

““အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့သိက်္ခာ၊ နိုင်ငံရေးသိက်္ခာ၊ နိုင်ငံရဲ့သိက္ခာ၊ လူသားများသိက်္ခာ တို့ကို မြှင့်တင်ပေးတဲ့ဆရာဦးဝင်း တင်ကို ဦးညွှတ်ဂါရ၀ပြုပါတယ်””ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ၀မ်းနည်းမှတ်တမ်းပေးပို့ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက  ဦးတင်ဦးလည်း ၀မ်းနည်းမှတ်တမ်းရေးထိုးခဲ့သည်။ အဆိုပါမှတ်တမ်းထဲ၌““အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယကအဖွဲ့ ၀င်ဖြစ်သူ ဦးဝင်တင်၊ ဟံသာဝတီ သတင်းအယ်ဒီတာချုပ်ဟောင်း၊ စာပေပညာရှင် ကွယ်လွန်အနိစ်္စ ရောက်သည့် သတင်းကြားသိရ သဖြင့် မိသားစုနှင့်တကွ အဖွဲ့ချုပ် အဖွဲ့ဝင်များအားလုံး ၀မ်းနည်း ကြေကွဲနှမြောတသဖြစ်ကြရပါ သည်””ဟု ရေးသားထားသည်။

““ဦးဝင်းတင်သည်ရှစ်လေးလုံး အရေးတော်ပုံစကတည်းက တတ် သိပညာရှင်တွင်ပါဝင်ပြီး ဥက်္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်း ၀န်းကာ ကိုယ်ကျိုးစွန့် အနစ်နာခံ ကာတစ်လျှောက်လုံးပါဝင်ခဲ့သည်။  ထိုစဉ်ကတည်းက ပြည်သူတို့ပိုင် သည့် လွတ်လပ်ရေး၊ ဒီမိုကရေစီ ပြန်လည်ပိုင်ခွင့်ရစေရန် သူ၏ ဆောင်ရွက်မှုအခန်းကဏ္ဍသည် ကြီးမားထက်မြက်၊ အထောက် အပံ့ပြုကိစ်္စများကို ထိရောက် အောင်မြင်စွာအကျိုးများစွာပြုခဲ့ သူဖြစ်သည်””ဟု အဘဦးဝင်းတင် ၏ လုပ်ဆောင်ချက်များကို ၀မ်း နည်းမှတ်တမ်းတွင် ထည့်သွင်း ရေးခဲ့သည်။

““သူ၏ဆောင်ရွက်မှုတွင် မိမိ ၏ယုံကြည်ချက်ကို ခိုင်မြဲစွဲ စွဲကိုင် စိတ်ဓာတ်ခိုင်သူလည်းဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသား များအတွက်မိမိအလွန်ထက်မြက် သောပညာဖြင့် အကောင်းဆုံး အကျိုးပြုနေခဲ့သည့် အစဉ်တွေး၊ အစဉ်မေး၊ အစဉ်ရေးဆိုသည့် အတိုင်း နိုင်ငံတော်၏ဂုဏ်တက် စရာအကြောင်းများဖြင့် မျက်စိ ဖွင့်ပေးသူဖြစ်သည်””ဟု ထပ်မံ ရေးသားခဲ့သည်။

““ယခုလို ကွယ်လွန်သွားပြီး ကြောင်း၊ ဒီမိုကရေစီအင်အားစု များအတွက် အတိုင်းမသိဆုံးရှုံး နစ်နာရပေသည်။ သူ၏ဆောင် ရွက်ချက်များကို အစဉ်သတိရ အောက်မေ့နေကြမည်ဖြစ်ပါသည်။ ကောင်းရာသုဂတိသို့ လားပါစေ””ဟု ၀မ်းနည်းမှတ်တမ်းလွှာတွင် ထပ်ဆင့်ရေးသားထားသည်။

ကွယ်လွန်သူဟံသာဝတီ ဦးဝင်းတင်အတွက် ၀မ်းနည်း ကြောင်းမှတ်တမ်းကိုအဖွဲ့အစည်း အသီးသီးမှ ပုဂ်္ဂိုလ်များနှင့် လေး စားကြည်ညိုသူများမှ ၀မ်းနည်း ကြောင်းမှတ်တမ်းရေးထိုးခဲ့ကြ ကြောင်း သိရသည်။     မျိုးကျော်
BY HOTNEWS

ရေလှောင်ကန်ထဲကို သေးပေါက်ချခဲ့တဲ့ ဆယ်ကျော်သက်ကြောင့် သောက်ရေဂါလန်ပေါင်း ၃၈ သန်းကို စွန့်  ထုတ်ပစ်ခဲ့ရ




Angel on 2014-04-22 11:21    
အမေရိကန် ပြည်ထောင်စု ၊ Portland မြို့ က ရေလှောင်ကန်တာဝန်ရှိသူတွေဟာ သိုလှောင်ထားတဲ့ သောက်ရေဂါလန်ပေါင်း ၃၈ သန်းကို စွန့်  ထုတ်ခဲ့ရပါတယ်။ ဆယ်ကျော်သက်တစ်ယောက်က ရေလှောင်ကန် ထဲကို သေးပေါက်ချနေတဲ့ ဗီဒီယိုကို လုံခြုံရေးကင်မရာမှာ စစ်ဆေးတွေ့ ရှိပြီးနောက် အခုလို သိုလှောင်ထားတဲ့ သောက်ရေဂါလန်ပေါင်းများစွာကို အကုန်သွန်ထုတ်ပစ်ခဲ့ရတာပါ။ ဒါဟာ သုံးနှစ်အတွင်း ဒုတိယမြောက်ဖြစ်စဉ် လည်းဖြစ်ပါတယ်။

မနက် ၁ နာရီလောက်မှာ ဆယ်ကျော်သက်ငါးယောက် ကို Mount Tabor ရေလှောင်ကန်အနီးမှာ လုံခြုံရေးကင်မရာကနေ တွေ့ ရှိခဲ့ရပါတယ်။ ခဏအကြာမှာ လူငယ်တစ်ယောက်ဟာ အဖွဲ့ ကနေ ခွဲထွက်လာပြီး ရေလှောင်ကန်ကို ကာရံထားတဲ့ သံတန်းတွေကြားကနေ ရေလှောင်ကန်ထဲ သေးပေါက်ချခဲ့တာကို တွေ့  ရှိခဲ့ရတာပါ။

Portland သောက်သုံးရေထောက်ပံ့ရေး အရာရှိ David Shaff က The Oregonian သတင်းစာကို အခုလို ပြောကြားသွားခဲ့ပါတယ်။

“ သောက်သုံးရေထောက်ပံ့ရေးအဖွဲ့ ရဲ့ အခြေခံရည်ရွယ်ချက်ကတော့ သုံးစွဲသူပြည်သူတွေဆီ သန့် ရှင်း၊ အေးမြပြီး ကောင်းမွန်တဲ့ သောက်သုံးရေတွေ ထောက်ပံ့နိုင်ဖို့ ပါ။ အခုတော့ ကျင်ငယ်ရေတွေ ဖြစ်ကုန်ပြီ”

ကျင်ငယ်ရေအနည်းငယ်ကြောင့် ညစ်ညမ်းသွားတဲ့ ဒီသောက်ရေတွေရဲ့ ကျန်းမာရေးအန္တရာယ်စိုးရိမ်မှုက မပြောပလောက်ပေမယ့် ဒီရေတွေအကုန်လုံးကို သွန်ထုတ်ပစ်သွားမယ်လို့ သိရပါတယ်။

ဗီဒီယိုမှာ ရိုက်ကူးမိထားတဲ့ ဆယ်ကျော်သက်သုံးယောက်ကို Mount Tabor ပန်းခြံအတွင်း ဖြတ်သန်းသွားလာခွင့် ရက်သုံးဆယ်ပိတ်ပင်ခဲ့ပြီး သေးပေါက်ချခဲ့တဲ့ ၁၉ နှစ်အရွယ် တစ်ယောက်ကိုတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ အပေါ့သွားမှုနဲ့ တရားစွဲထားပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း Mount Tabor အပန်းဖြေဥယျာဉ်အတွင်းက တခြားရေသိုလှောင်ကန်တစ်ခုကိုလည်း အလားတူ သေးပေါက်ချခဲ့မှုကြောင့် ရေတွေ သွန်ပစ်ခဲ့ရပါသေးတယ်။

Ref: Mirror.co.uk
Trend Myanmar

ခင်ပွန်းဖြစ်သူ လူမှုရေးဖောက်ပြန်နေသည်ကိုတွေ့ရှိခဲ့သည့် ဇနီးမှ ကတ်ကြေးဖြင့်ထိုးခဲ့သဖြင့် ခင်ပွန်းသေဆုံး


ရန်ကုန်၊ ဧပြီ ၂၂

၂၂.၄.၂၀၁၄ရက်နေ့ ၀၄၀၀အချိန်ခန့်တွင် ဒဂုံမြောက်မြို့နယ်၊ (၄၈)ရပ်ကွက်၊
အောင်တံခွန်လမ်းရှိ ၀ါးရုံတောအတွင်း ကိုရဲကျော်၊(၂၀)နှစ်ကို လူမှုရေးဖောက်ပြန် နေသည်ကိုတွေ့ရှိခဲ့သည့် ဇနီးမှ ကတ်ကြေးဖြင့်ထိုးခဲ့၍ ၀ဲရင်အုံအထက်၌ ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ
မြောက်ဥက္ကလာပဆေးရုံ၌ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသ
လျက်ရှိပါသည်။

ဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ ကိုရဲကျော်သည် ၎င်းနှင့်ချစ်ကြိုက်နေသော မအိဖြူ၊ (၂၆)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူနှင့်အတူ အဆိုပါဝါရုံတောအတွင်း
အိပ်နေစဉ် ကိုရဲကျော်၏ဇနီးဖြစ်သူ မဇင်မာသက်၊ (၂၃)နှစ်၊(ဘ)ဦးမောင်ရှမ်း
မှတွေ့ရှိခဲ့သဖြင့် မကျေမနပ်ဖြစ်ပြီး ကတ်ကြေးဖြင့်ထိုးခဲ့၍ဒဏ်ရာရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူမဇင်မာသက်ကိုအရေးယူပေးရန် ရဲကျော်၏မိခင်
ဖြစ်သူ ဒေါ်စောသက်ထူးမှတိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ
ရဲစခန်း (ပ)၂၀၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ကာ အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူ ကိုရဲကျော်မှာ မြောက်ဥက္ကလာပဆေးရုံ၌ ဆေးကုသမှု
ခံယူနေစဉ် ၁၀၅၀အချိန်တွင် သေဆုံးသွားသဖြင့် အမှုကို ပြစ်မှုပုဒ်မ-၃၂၆ မှပြစ်မှုပုဒ်မ-၃၀၂ သို့ပြောင်းလဲဖွင့်လှစ်ကာ ဆက်လက်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police



ပါးစပ်ထဲက ဓါးမတစ်ချောင်းမှသည်..


အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။ ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင် ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင် လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ.. သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။ ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ (၅)စက္ကန့်လောက်တောင် မကြာလိုက်ပေမယ့် ပေးဆပ်လိုက်ရာတာတွေက ဘ၀(၅၀၀)မကအောင်ပါပဲနော်။ ဒါ့ကြောင့်လည်း ပါးစပ်ထဲက ဓါးမတစ်ချောင်းလို့ ပြောလိုက်ရတာပါ။ ဓါးမဆိုတဲ့ စကားလေးက သေးများသေးသွားမလားတောင် မသိပါဘူးနော်။ ဓါးမနဲ့တူတဲ့ ပါးစပ်တစ်ခုကြောင့် ခန္ဓာနဲ့ အဆမတန်ပေးဆပ်သွားရတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။

အရင်ဆုံး ပြောပြချင်တာကတော့ ဝေသာလီရဲ့ အလှဧကရီ အမ္ဗပါလီရဲ့ အကြောင်းလေးပါပဲ။ ဘ၀တစ်ခုမှာ ပါလီဟာ ဘိက္ခူနီမ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေးအမြဲလုပ်ပေးခဲ့တဲ့ သူပေါ့။ တစ်နေ့မှာတော့ သူသန့်ရှင်းရေးလုပ်နေတဲ့ နေရာကို အရိယာဘိက္ခူနီမတစ်ယောက် တံတွေးထွေးလိုက်တဲ့ တံတွေးကျန်ခဲ့တာကို ကြည့်ပြီး သန့်ရှင်းရင်း ပါးစပ်ကပြောလိုက်ပါတယ်.. ဘယ် ပြည့်တန်ဆာမထွေးသွားတာလဲ ဆိုတဲ့ စကားလေးတစ်ခွန်းပါ။ ဒီစကားလေးပြောလိုက်တာက (၉)လုံးထဲပါပဲ။ ဒါပေမယ့် ပြန်ပြီးပေးဆပ်လိုက်ရတာကတော့ ဘ၀ပေါင်း မရေမတွက်နိုင်အောင်ပါပဲ။ ဘုရားရင်ပြင်မှာ သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဖြစ်လေရာဘ၀မှာ ရုပ်အဆင်းရူပါဟာ သူများနဲ့ မတူအောင် လှပချောမောပေမယ့်.. အရိယာကို စော်ကားမိတဲ့ စကားလေး(၉)လုံးကြောင့် ဖြစ်လေရာဘ၀အများစုဟာ ပြည့်တန်ဆာမဘ၀နဲ့ပဲ ဖြစ်ရပြီးတော့ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတာပါ။ နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ရမဲ့ ဘ၀ထိပါပဲနော်။ ဒါဟာ ဘာကြောင့်လဲလို့ အဖြေရှာကြည့်တော့ နှုတ်မစောင့်ခဲ့တဲ့ စကားလေး တစ်ခုကြောင့်ပါပဲနော်။

နောက်တစ်ဦးကတော့ ကဿဖဘုရားရှင်လက်ထက်တော်တုန်းက လက်သမားတစ်ဦးရဲ့ အကြောင်းအရာလေးပါ။ သူ့မှာ ဘုရား၊ တရားကို ကြည်ညိုယုံကြည်သော သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူငယ်ချင်းက ကဿဖဘုရားရှင်ရဲ့ တရားကို သွားရောက်နာကြားဖို့ သူနဲ့ အတူလိုက်ခဲ့ရန် ခေါ်ပါတယ်။ တကယ်ဆိုရင် သူအနေနဲ့ မလိုက်လိုက မလိုက်နိုင်ကြောင်း ငြင်းဆန်လိုက်လျှင် ကိစ္စမရှိပါဘူး။ အပြစ်လည်း မဖြစ်ပါဘူး။ ဒါပေမယ့် သူငယ်ချင်းပြောတဲ့ စကားကို ကတ်တီးကတ်ဖဲ့ ပြောလိုလို့ စကားလေး ပြန်ပြောမိတယ်.. ဟေ့ သူငယ်ချင်း၊ မင်းရဲ့ဘုရားဟောမယ့် တရားတွေ လိုက်နာလို့ ငါ့အတွက် ဘာတွေများ အကျိုးရှိလာမှာတဲ့လဲ.. မင်းရဲ့ဘုရားက ငါ့လယ်ကို လာထွန်ပေးမှာတဲ့လား ဆိုတဲ့ စကားလေးတစ်ခွန်းပါနော်။ သူ့နှုတ်ထွက်စကားက ဘယ်လောက်ထိ ကံကြီးထိုက်သွားမှန်း သူမသိလိုက်ပါဘူး။ အဲ့ဒီ့ ဘုရား၊ ရဟန္တာကို ပြစ်မှားမိတဲ့ ကံကြောင့်ပဲ သေလွန်တဲ့အခါမှာ လယ်သမားပြိတ္တာဘ၀နဲ့ ဘုရားရှင်နှစ်ဆူပွင့်တော်မူပြီးတိုင်အောင် မကျွတ်မလွတ်နိုင်ခဲ့ရပါဘူး။ ပြောလိုက်တဲ့ စကားလေး (၃)စက္ကန့်လောက်ဟာ ကမ္ဘာပေါင်း မရေတွက်နိုင်လောက်အောင် ပေးဆပ်သွားရတာပါနော်။ သတိထားသံဝေဂယူစရာလေးပါပဲ။

နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာကတော့ ပစ္စေကဗုဒ္ဓပွင့်တော်မူတုန်းက အချိန်အခါပါ။ ပစ္စေကဗုဒ္ဓဆွမ်းခံကြွလာတဲ့ ရွာတစ်ရွာမှာ ဥစ္စာပစ္စည်းချမ်းသာ ကြွယ်ဝတဲ့ သဌေးသား တစ်ဦးရှိပါတယ်။ တစ်နေ့မှာ သဌေးသားဟာ ၀တ်ကောင်းစားလှတွေဝတ်ပြီး ရွာထဲ ထွက်လာခဲ့ပါတယ်။ ရွာသူရွာသားများက သူ့လိုလှပပြီး ၀တ်ကောင်းစားလှဝတ်ထားတဲ့ သူကိုမကြည့်ပဲ အ၀တ်အစားဟောင်းနွမ်းဆွေးမြေ့ပြီး အရှက်လုံရုံလွှမ်းခြုံထားတဲ့ ပစ္စေကဗုဒ္ဓရဲ့ အေးဆေးတည်ကြည်နေပုံကို ကြည့်ပြီး ကြည်ညိုနေကြပါတယ်။ ဒီအချိန်မှာ သူပြောလိုက်တဲ့ စကားတစ်ခွန်းကတော့.. တောက်.. တော်တော်ခက်တဲ့လူတွေပဲ.. ဘယ့်နှယ့်.. ငါ့လို ၀တ်ကောင်းစားလှ ၀တ်ဆင်ထားတဲ့ သူကိုကျတော့ မကြည့်ပဲ ကူဋ္ဌနူနာ သူတောင်းစားတစ်ယောက်လို စုတ်စုတ်ပြတ်ပြတ် ၀တ်ဆင်ထားတဲ့ သူကိုမှ အာသာငမ်းငမ်း ကြည့်နေလိုက်တာဗျာ ဆိုတဲ့ စကားလေးတစ်ခွန်းပါပဲ။ အရိယာကို စော်ကားမိတဲ့ အဲ့စကားတစ်ခွန်းကပဲ သေလွန်တဲ့ အခါမှာ အ၀ီစိထိ ကျသွားစေပြီး အ၀ီစိမှ ကျွတ်လွတ်တဲ့ အခါမှာ ဘ၀ဆက်တိုင်း ကုဋ္ဌနူနာသည် သူတောင်းစားဘ၀ချည်းဖြစ်ခဲ့ ဖြတ်သန်းခဲ့ရပြီး ဂေါတမဘုရားရှင် လက်ထက်ရောက်မှ ကျွတ်လွတ်ခဲ့ရပါတယ်။ ၀စီကံများ ကြောက်မက်ဖွယ်ကောင်းလှပါဘိ။

အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးမှာ အမ္ဗပါလီရဲ့ အကြောင်းကို ဖတ်ပြီး စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ကုသိုလ်လုပ်နေရဲ့သားနဲ့ အကုသိုလ်တွေ ၀င်လာရတာဟာ ဒီမစောင့်စီးမိတဲ့ နှုတ်ကြောင့်ပါနော်။ လယ်သမားရဲ့ဘ၀ဇတ်ကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း မလိုအပ်မပြောသင့်တဲ့ စကားကို ပြောမိလို့ပါပဲ။ နောက်ဆုံး သဌေးသားကတော့ သူများအပြစ်ကို မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ပြီး သူတစ်ပါးကို အထင်သေးတတ်တဲ့ အတွက်ပါ။ ဒီအကြောင်းအရာတွေ အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေ အများဆုံး ဖြစ်ရတာပါ။ ကိုယ်ပြောလိုက်တဲ့သူဟာ အရိယာဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ပါဘူး။ အရိယာဆိုတဲ့ ဆိုင်းဘုတ်လည်း ချိတ်မထားပါဘူးနော်။ အရေးကြီးဆုံးကတော့ သူ့ဘာသာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အနေနဲ့ ၀စီကံနဲ့ မပြစ်မှား မပြောဆိုမိဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့် စကားတစ်ခွန်းပြောတော့မယ်ဆိုရင် မပြောခင်စဉ်းစားပါ.. ပြောနေတုန်းမှာလည်း စဉ်းစားပါ.. ပြောပြီးရင်လည်း စဉ်းစားပါ ဆိုတဲ့ အချက်သုံးချက်နဲ့ မှန်မမှန် အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမထားတဲ့ စကား(၆)ခွန်းထဲက (၂)ခွန်းကိုပဲ ပြောဆိုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အဲ့ဒါတွေကတော့ (၁) ဟုတ်တယ်.. မှန်တယ် အကျိုးရှိတယ်.. သူတစ်ပါးနာလိုတယ်၊ (၂) ဟုတ်တယ်.. မှန်တယ်.. အကျိုးရှိတယ်.. သူတစ်ပါးမနာလိုဘူး (ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါကြည့်ပြော) ဆိုတဲ့ စကားနှစ်ခွန်းပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အဓိကဆုံးမထားတာကတော့ ဟုတ်တိုင်းလည်း မပြောနဲ့ မှန်တိုင်းလည်း မပြောနဲ့ မိမိသူတစ်ပါး အကျိုးရှိမှ ပြောဆိုတဲ့ စကားပါပဲနော်။ ဓမ္မမိတ်ဆွေ အပေါင်းလည်း.. ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းမှာ လောဘသံတွေ ဒေါသသံတွေ မောဟသံတွေ မပါအောင် ပြောနိုင်ကြပါစေလို့ အဓိက ပြောကြားလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း.. ပါးစပ်ထဲမှာရှိတဲ့ ဓါးမတစ်ချောင်းကို မိမိသူတစ်ပါး အကျိုးမဲ့စေမယ့် စကားတွေနဲ့ ကိုယ့်ကိုကိုယ် အခုတ်မခံပဲနဲ့.. ကိုယ့်ကို နှောက်ယှက်လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဖြစ်စေမယ့် စကားတွေကြိုပန်ပြီး ခုတ်ထွန်ရှင်းလင်းနိုင်မဲ့ ဓါးမများအဖြစ် ပြောင်းလဲနိုင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ..။

စာရေးသူ။ မောင်ကောင်း

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

ကချင်ပြည်နယ်က စစ်ပြေး ကလေးများ မြေမြှုပ်မိုင်းဒဏ် သင့်နိုင်


ကချင်ပြည်နယ်တောင်ပိုင်း မံဝိန်းကြီးဒေသမှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကလေးသူငယ် ၁၀၀၀ နီးပါးနဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ယာယီရွှေ့ပြောင်းနေထိုင်တဲ့ နေရာတွေကနေ ထပ်မံရွှေ့ပြောင်းရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

ဒေသခံပြည်သူ အတော်များများဟာ လမ်းပေါ်မှာ နေထိုင်ခဲ့ရတာ တနှစ်ကျော်ပြီ ဖြစ်သလို အရင်ရက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားမှု အရှိန်လျော့ကျသွားပေမယ့် အခြေအနေက ဆက်တင်း မာနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ ယူနီဆက် (မြန်မာ) က ဧပြီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

တိုက်ပွဲသစ်တွေဖြစ်ပွားမှုနဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ မိသားစုဝင်တွေ ရွှေ့ပြောင်းနေထိုင်မှုကြောင့် စိတ်ချရတဲ့ ရေကောင်းရေသန့်နဲ့ အိမ်သာရရှိမှုလျော့ကျသွားတဲ့အတွက် ကလေးတွေအပေါ် ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ် ကျရောက်မှုတွေ မြင့်တက်နေပါတယ်လို့ ယူနီဆက် မြန်မာပြည်ဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန် ဗိန်းဘဲ(လ်) က ပြောပါတယ်။

ဒါ့အပြင် ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဟာ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းထောင်မှု အများဆုံး ဒေသဖြစ်ပြီး ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွက်လည်း ၂ ဘက်စလုံးက မြေမြှပ်မိုင်းကို အသုံးပြုနေတဲ့အတွက် ကျန်နေတဲ့ မြေမြှုပ်မိုင်းတွေဟာ ကလေးသူငယ်များအပါအ၀င် ဘေးအန္တရာယ်သင့်နေတဲ့ ဒေသခံပြည်သူတွေကို အန္တရာယ်ကျရောက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

“မြေမြှုပ်မိုင်းဟာ မြန်မာအတွက် အရေးပါတဲ့ ကိစ္စရပ်တခုဖြစ်နေပါတယ်။ မြေမြှုပ်မိုင်းကြောင့် မြန်မာဟာ ကမ္ဘာမှာ ထိခိုက်ခံစားရဆုံး တိုင်းပြည်တခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်တွေ မတိုင်ခင်က ကျနော်တို့၊ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက မြေမြှုပ်မိုင်းဟာ နယ်စပ်တွေမှာ အဟန့်အတားဖြစ်နေသလို လူတွေကလည်း သူတို့နေရပ်ကို ပြန်ဖို့ အတွက် တားမြစ်ထားတယ်ဆိုတာကို သိနေပါတယ်” လို့ ဘက်ထရန်ဗိန်းဘဲ (လ်) က ပြောပါတယ်။

ဒါ့အပြင် လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ဖြန့်ဝေရာမှာလည်း အဟန့်အတားတွေ ဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းသွားပေမယ့် ကလေးသူငယ်တွေ ရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေက ကွယ်ပျောက်သွားမှာ မဟုတ်သလို အသုံးပြုလိုက်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကို ရင်ဆိုင်နေရသလို လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးတွေကို တပ်သားအဖြစ် အသုံးပြု ခေါ်ယူစုဆောင်းခံရတာတွေကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်။

အကူအညီအထောက်အပံ့တွေပေးဖို့ လူသူပစ္စည်းတွေ စုစည်းနေပြီဖြစ်ပေမယ့် စစ်ပွဲဒဏ်သင့် ပြည်သူတွေ၊ အထူးသဖြင့် ကလေးသူငယ်တွေထံ အကူအညီတွေရောက်ရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

DVB Burmese

အမေရိကန်ပြည်နှင်ဒဏ်က လွတ်မြောက်သွားတဲ့ ဂျပ်စတင်ဘီဘာ


ကမ္ဘာကျော်လူငယ် ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီ ဘာအား လက်ရှိနေထိုင်ရာ အ မေရိကန်နိုင်ငံမှ ၎င်း၏ ဇာတိ ကနေဒါနိုင်ငံသို့ ပြန်လည်နှင် လွှတ်ရန်ဟူသော အွန်လိုင်းအသ နားခံစာကို အိမ်ဖြူတော်အရာရှိ များက ပယ်ချလိုက်သည်။

ယခုနှစ် ဇန်န၀ါရီက သောက်စားမူးယစ်မောင်းနှင်မှုဖြင့် ဖမ်းဆီးခံရသော ဂျပ်စတင်ဘီဘာထံ မှ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ကို ပြန်လည်ရုပ်သိမ်းပေးရန် လူပေါင်း ၂၇၃,၀၀၀ ကျော်က အိမ်ဖြူတော်တရားဝင် ၀က်ဘ်ဆိုက် We The People တွင် တောင်း ဆိုခဲ့ကြသည်။

တောင်းဆိုမှု တစ်သိန်းပြည့် လျှင် အသနားခံစာကို ပြန်လည် သုံးသပ်ရန် သဘောတူထားသည့် အိမ်ဖြူတော်အရာရှိများက ဂျပ်စ တင်ဘီဘာအား ပြည်နှင်ဒဏ်ပေး ရေးကိစ္စအပေါ် မှတ်ချက်ပေးလိမ့် မည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့ သည်။

‘‘စိတ်မကောင်းပါဘူး။ ဂျပ် စတင်ဘီဘာကိစ္စအပေါ် ဘာမှတ် ချက်မှပေးမှာမဟုတ်ပါဘူး။ ဘီ ဘာကိစ္စကို မှတ်ချက်ပေးဖို့ တ ခြားလူတွေကို တာဝန်ပေးပါလိမ့် မယ်။ လူဝင်မှုကိစ္စတွေကို ပြည် သူတွေ ဂရုစိုက်တဲ့အတွက် ၀မ်း သာပါတယ်’’ ဟု အိမ်ဖြူတော် ၀က်ဘ်ဆိုက်က ဖော်ပြသည်။

အမေရိကန်အစိုးရသည် ဂျပ်စတင်ဘီဘာအား ပြည်နှင် ဒဏ်ပေးရန်တောင်းဆိုမှုကို ပယ် ချခဲ့ပြီးနောက် ဂျပ်စတင်ဘီဘာ ပရိသတ်များ စိတ်သက်သာရာ ရသွားလိမ့်မည်ဟု နယူးယောက် မြို့ အခြေစိုက် IBT သတင်းက ဖော်ပြသည်။

7 Days Daily

ဆက်စပ် - ဂျပ်စတင်ဘီဘာ အဆိုတော်အဖြစ်က အနားယူမယ်

သန္ဓေသားအလောင်းကို စွန့်ပစ်ဖျောက်ဖျက်သူအား အရေးယူ စုံစမ်းလျက်ရှိ



ရန်ကုန်၊ ဧပြီ ၂၂

၂၁.၄.၂၀၁၄ ရက်နေ့ ၂၀၄၅ အချိန် ရန်ကင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်နိုင်လမ်းဘေး မြို့မစာကြည့်တိုက် အနီးတွင် သေဆုံးနေသည့် သန္ဓေသားအား စွန့်ပစ်ထားသည်ကိုတွေ့ရှိ ရကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကျား/မ ခွဲခြား၍မရသော
သေဆုံးနေသည့် သန္ဓေ သားအား မြက်ခြောက်များဖြင့် ဖုံးအုပ်ကာစွန့်ပစ်ထား သည်ကို တွေ့ရှိရပါသည်။

ယင်းကဲ့သို့ သန္ဓေသားအလောင်းကို စွန့်ပစ်ဖျောက်ဖျက်သူအား အရေးယူနိုင်ရန်အတွက် ရန်ကင်းမြို့မရဲစခန်း (ပ)၇၈/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၁၈ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police

သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁၀၄ ဦး ရှိပြီဟု သတင်းထုတ်ပြန်


ပြီးခဲ့တဲ့ ၁ ပတ် ဧပြီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်ကိုးရီးယား ဆုဝါးသင်္ဘောနစ်မြှပ်မှုမှာ သေဆုံးသူဦးရေ ၁၀၄ ဦး ရှိခဲ့ပြီး ၁၉၈ ဦး ဆက်လက် ပျောက်ဆုံးဆဲလို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက  ဒီနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

သင်္ဘောကပ္ပတိန်နဲ့ ၀န်ထမ်းတွေအပါအ၀င် စုစုပေါင်း ၁၇၄ ဦးကိုတော့ ကယ်ဆယ် နိုင်ခဲ့ကြပါတယ်။

တန်ချိန် ၆၈၀၀ ကျော်ရှိတဲ့ သင်္ဘောနစ်မြုပ်ချိန်မှာ သင်္ဘောပေါ်မှာ စုစုပေါင်းခရီးသည် ၄၇၆ ဦး လိုက်ပါလာခဲ့ပြီး အများစုဟာ ကျောင်းသားလူငယ်တွေ ဖြစ်ပါတယ်။

ဒီသဘောင်္နှစ်မြှပ်မှုမှာ သေဆုံးသူ စုစုပေါင်း ၃၀၀ လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးဆုံးရေကြောင်းဖြစ်ရပ်တခု ဖြစ်လာခဲ့ပါတယ်။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူဖို့ ရေငုပ်သမား ၅၀၀ ကျော်၊ စက်လှေ ၁၆၀ ကျော်နဲ့ လေယာဉ် ၂၉ စီးတို့ကို အသုံးပြုပြီး အပြင်းအထန် ကြိုးစားနေကြပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ရာသီဥတုဆိုးဝါးမှု၊ ပင်လယ်ရေနောက်ကျိနေမှုနဲ့ ရေလှိုင်းကြမ်းတာကြောင့် မအောင်မြင်ခဲ့ပါဘူး။

သင်္ဘောဟာ ရေအောက် မီတာ ၃၀ နဲ့ ၄၅ မီတာမှာ နစ်မြုပ်နေတာကြောင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ခက်ခဲနေပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေအဆင်ပြေအောင် ကရိန်းတွေနဲ့ သင်္ဘောကို မတင်ပြီး ရေအနက်မီတာကို လျော့ချဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

DVB Burmese

လေယာဉ်ကို နောက်မှဝင်တိုက်သည့်ကိစ္စ အမ်အေအိုင်ဘက်မှ ယနေ့ရှင်းလင်းမည်



အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဧပြီ-၂၁

သင်္ကြန်အကျနေ့ နံနက်တွင် ရန်ကုန်လေဆိပ်၌ဖြစ်ပွားခဲ့သော အပြည်ပြည်
ဆိုင်ရာ မြန်မာ့လေကြောင်း(အမ်အေအိုင်) လေယာဉ်ကို ရွှေမြန်မာလေ
ကြောင်းလိုင်း(ဂျီအမ်အေ) လေယာဉ်က နောက်မှဝင်တိုက်ခဲ့သည့် ဖြစ်စဉ်
နှင့် ပတ်သက်၍ အမ်အေအိုင်ဘက်မှ ဧပြီ ၂၂ ရက် (ယနေ့) မွန်းလွဲ ၂ နာရီတွင် ရုံးချုပ်တည်ရှိရာ ဆာကူရာတာဝါရှစ်လွှာ၌ သတင်းစာရှင်းလင်း
ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

' အစ်မတို့ဘက်က သီးသန့်ရှင်းမှာပါ ' ဟုအမ်အေအိုင်မှ ဈေးကွက်ရှာဖွေ
ရေးမန်နေဂျာ ဒေါ်အေးမရသာက စံတော်ချိန်သို့ ပြောဆိုသည်။ အဆိုပါ ရှင်းလင်းပွဲတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေမြန်မာလေကြောင်းလိုင်းမှ တာဝန်ရှိသူများ ပါဝင်မည်မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများကသာ သီးသန့်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်၌ ဧပြီ ၁၄ ရက်က ခရီးစဉ်မဆွဲဘဲ ရပ်နားထားသော အမ်အေအိုင်မှ အဲဘတ်စ် ၃၁၉ လေယာဉ်ကို ခရီးစဉ်ပြေးဆွဲရန်အတွက် ပါကင်ထိုးရန် ကားဖြင့်ဆွဲလာသည့် ရွှေမြန်မာလေကြောင်းလိုင်းမှ အဲဘတ်စ် ၃၂၀ လေယာဉ်က နောက်မှဝင်တိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး
လေယာဉ်နှစ်စင်းလုံး ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဖြစ်ပြီး အဲဘတ်စ်
လေယာဉ်ကုမ္ပဏီကလည်းလာရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အသုံးမဝင်တော့တဲ့ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကို ရပ်တန့်သင့်ပါပြီ



ဧပြီ ၂၂။

နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာတွေကို တကယ့်လောကအတွင်းမှာ ကျွန်တော်တို့ နားလည်နိုင်ဖို့ကို စီးပွားရေး ပညာရှင်တွေ ကနေ အထောက်အကူပေးနိုင်ရဲ့လား။

ဒီမေးခွန်းကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုရွန်တိုမှာ ကျင်းပခဲ့တဲ့ စီးပွားရေးသစ် အတွေးအခေါ်ဆိုင်ရာ အင်စတီကျူရဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲမှာ စပြီး မေးမြန်းခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ စီးပွားရေး ပညာရပ်ဆိုင်ရာကြောင့် ဒီဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့  နိုဝင်ဘာ ၂၀၀၈ ခုနှစ်ကလိုပဲ ဒီမေးခွန်းဟာ ဒုက္ခပေးနေတုန်းပါပဲ။ “ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်မှာကို (စီးပွားရေးအကျပ်အတည်း) ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့တာလဲ ” လို့ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်ဟာ မှားမှားယွင်းယွင်း ရိုးအစွာနဲ့ပဲ လန်ဒန်စီးပွားရေးကျောင်း အကြီးအကဲကို မေးမြန်းခဲ့တဲ့ အချိန်မှာ ရုတ်တရက် ဆွံ့အသွားလို အဖြစ်ဟာ နာမည်ကြီးပါပဲ။

၁၉၃၆ ခုနှစ်က ဂျွန်မေးနတ်ကိန်း လေ့လာခဲ့သလိုပဲ။ ကမ္ဘာ့စီးပွားပျက်ကပ် (၁၉၃၀) ကို ပိုမို ဆိုးရွားစေခဲ့တဲ့ ရှေးရိုးစွဲ စီးပွားရေး ပညာရှင်တွေကို စိန်ခေါ်ခဲ့ပါတယ်။ “ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ စီးပွားရေး ပညာရှင်တွေရဲ့ အတွေးအခေါ်တွေဟာ သာမန်နားလည်နိုင်တာထက်ကို ပိုပြီးတော့ အစွမ်းထက်ပါတယ်။ အသေအချာကိုပဲ ဒီလောကကို လူအနည်းငယ်ကသာ အုပ်စိုးနေတာပါ။ ကိုယ့်ကိုယ့်ကို ယုံကြည်ကြတဲ့ လက်တွေ့ကျတဲ့ လူတွေဟာ အသိဉာဏ်ဆိုင်ရာ လွှမ်းမိုးမှုတွေကို အတော်အတန်လောက် လွတ်မြောက်နိုင်ကြပေမဲ့ အများအားဖြင့်တော့ တစ်ချို့ အသုံးမဝင်တော့တဲ့ စီးပွားရေး ပညာရှင်တွေရဲ့ လက်အောက် ဖြစ်နေဆဲပါပဲ ” ဟု ပြောကြားခဲ့သော စကားများသည် ယခု အချိန်ကာလနှင့်လည်း သက်ဆိုင်လျက်ပင် ရှိသည်။

နိုဗယ်ဆုရ စာရေးဆရာ ဂျိုးဇက်အီးစတစ်ဂလစ်မှ “ ဘာကြောင့် ဗဟိုဘဏ်တွေနဲ့ နိုင်ငံအစိုးရတွေဟာ ဒီလောက်တောင် ထင်ထင်ရှားရှားကြီး ယုတ္တိမတန်တော့တဲ့ စီးပွားရေးဆိုင်ရာ ပုံစံတွေကို အသုံးချပြီး ပေါ်လစီတွေရဲ့ အကျိုးသက်ရောက်မှုကို ခန့်မှန်းဖို့ ဆက်ကြိုးစားနေကြတာလဲ ” ဟု တိုရွန်တို ဆွေးနွေးပွဲတွင် စကားနည်းလမ်းတကျ မေးမြန်းခဲ့ပါတယ်။

သူ့ရဲ့ အဖြေကတော့ တက္ကသိုလ်တွေနဲ့ ရှေ့ဆောင် ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ စီးပွားရေး ပညာရပ်ဆိုင်ရာ ပုံစံတွေဟာ စီးပွားရေးထဲက လူတွေဟာ အကုန်လုံး အတူတူတွေပါပဲ စတဲ့ ရိုးရိုးရှင်းရှင်း အတွေးအခေါ်ပေါ်မှာ အခြေခံပြီး ဖော်ပြနေကြတယ်။ ဒါကြောင့်မို့ ဒီပုံစံတွေဟာ ချေးငှားမှု၊ ဘဏ်တွေရဲ့ ရပ်တည်ချက်ကို ဂရုမစိုက်မှုနဲ့ ဒေဝါလီ ခံယူမှုတွေ စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းကို ဘာမှ မပြောဆိုထားပါဘူး။

အံ့သြစရာကတော့ ဒီလိုမျိုး ဘဏ်အကြောင်းကို ထည့်သွင်းစဉ်းစားမှု မပြုတဲ့ ဒီလိုမျိုး စီးပွားရေး ပုံစံတွေကို အဓိက စီးပွားရေး သရုပ်ခွဲတဲ့ နေရာတွေမှာ ဘဏ်တွေကိုယ်တိုင်က သုံးနေတုန်းပါပဲ။ သီအိုရီဆိုင်ရာနဲ့ ပတ်သက်လာရင် ကြက်သွန်နီ ခွာသလိုပဲ အခွံတစ်ခု ခွာလိုက်ရင် ပိုပြီး မွှန်တဲ့ အခွံတွေ ပေါ်လာသလိုပါပဲ။ စီးပွားရေးဟာ ကိုယ့်ဘာသာကိုယ် ပြန်လည် တည်ငြိမ်နိုင်စွမ်း ရှိတယ် ဆိုသလိုမျိုး ပါပဲ။ ဗဟိုဘဏ်ကနေ ဘယ်လို ပေါ်လစီမျိုးကို ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ရင် အလိုအလျောက်ကိုပဲ လုပ်သားအင်အား အပြည့်အဝ ဖြစ်သွားမယ် ဆိုတာမျိုးဟာ တကယ့် အပြင်လောကမှာတော့ မဖြစ်နိုင်ပါဘူး။

ဒီလိုမျိုး တစ်ချောင်းထောက် တွေးခေါ်နည်းမျိုးကို ဥရောပမှာ ပိုပြီးတော့ သုံးစွဲနေကြပါတယ်။ ဥရောပ စီးပွားရေးဇုန်အတွက် သဘောတူညီချက်ဟာ “ စီးပွားရေး ပညာရှင်တွေကနေ မက်ခရို စီးပွားရေးရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါပြီ။ နိမ့်ကျပြီး တည်ငြိမ်တဲ့ ငွေကြေးဖောင်းပွမှုနှုန်း ဟာ စီးပွားရေးအတွက် ရိုရိုး လိုအပ်ရုံတင် မကပါဘူး။ စီးပွားရေး အောင်မြင်ဖို့အတွက်ကိုပါ လိုအပ်ပါတယ်။ ” စတဲ့ ယူဆချက်အပေါ်မှာ အခြေခံနေပါတယ်။ ပိုပြီး ဆိုးရွားစေတာကတော့ ဂျာမနီရဲ့ ပုံစံဖြစ်တဲ့ စီးပွားရေးမှာ အစိုးရရဲ့ တရားဝင် လုပ်ဆောင်ရမှာကတော့ ယှဉ်ပြိုင်မှုအတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့၊ ဒီစည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဆောင်ရွက်စေဖို့ နဲ့ ဈေးနှုန်းတည်ငြိမ်ဖို့ ပါပဲ ဆိုတဲ့ အတွေးအခေါ်နဲ့ ပေါင်းစပ်ခဲ့ခြင်းပါပဲ။

ဒီလိုမျိုး စီးပွားရေး ဆိုင်ရာ အတွေးအခေါ်တွေကို ပညာရှင်တွေက ဘယ်လိုမျိုး ချေဖျက်နိုင်မှာလဲ။

ရှင်းလင်းတဲ့ အဖြေတစ်ခုကတော့ အတွေးအခေါ်သစ်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ပါပဲ။ အတွေးအခေါ် အများအပြားကို တိုရွန်တိုမှ စီးပွားရေး ပညာရှင်တွေကနေ တင်ပြခဲ့ကြပါတယ်။ ငွေကြေးဆိုင်ရာ ပြောင်းလဲမှုနှုန်းကို မပြည့်စုံသေးသော စီးပွားရေး အသိပညာလို့ ခေါ်တဲ့ နည်းလမ်းနဲ့ ခန့်မှန်းမှု၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှု စီးပွားရေးမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှု၊ ဈေးနှုန်း အတက်အကျ သံသရာရဲ့ ပြောင်းလဲခြင်းကို ဆန်းစစ်လေ့လာမှု၊ ဘဏ္ဍာရေး ဆိုင်ရာ မတည်ငြိမ်မှုတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေကို လေ့လာသုံးသပ်တဲ့နေရာမှာ ရှုပ်ထွေးတဲ့ သင်္ချာနည်းစံနစ်များကို အသုံးချ လုပ်ဆောင်မှု၊ ပညာရေးရဲ့ စီးပွားရေးဆိုင်ရာများနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သုတေသန ပြုလုပ်မှု၊ ပုံမှန် စီးပွားရေးဆိုင်ရာ ပညာရေးက လျစ်လျူရှုထားတဲ့ ဘာသာရပ်တွေကို ဖော်ထုတ်ဖွံ့ဖြိုးစေမှုနဲ့  စီးပွားရေး သမိုင်းကို အလုပ်ရုံဆိုင်ရာ ဆွေးနွေးပွဲများမှ ပြန်လည် လေ့လာမှု စတာတွေကို တင်ပြခဲ့ပါတယ်။

 ဒီလိုမျိုး စတင်လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ကြပေမဲလည်း မှားယွင်းကြောင်း သက်သေပြနေတဲ့ ငွေကြေးဖောင်းပွမှု သက်မှတ်ချက်၊ ပြန်လည် တည်ငြိမ်နိုင်စွမ်းရှိ ဈေးကွက် ၊ အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစရိတ် ပေါ်လစီနဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေး ပေါ်လစီ ခွဲခြားထားမှု စတဲ့ အတွေးအခေါ်ဟောင်းတွေဟာ ဆက်လက်ပြီး တည်ရှိနေတုန်းပါပဲ။ ဒီလို အတွေးအခေါ်ဟောင်းတွေကို ကျော်ဖြတ်နိုင်ဖို့ဟာ စီးပွားရေး ဆိုင်ရာတင်မကဘဲ နိုင်ငံရေး ဆိုင်ရာတွေကိုပါ ထည့်သွင်းစဉ်စားမှသာ ဖြစ်ပေါ်လာနိုင်မှာပါ။

ဟားဗတ် တက္ကသိုလ်မှ အတွးအခေါ် ပညာရှင် မိုက်ကယ်ဆန်းဒဲမှ ဆွေးနွေးပွဲမှာ အခုလို ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခု၊ လေးခုလောက်မှာဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ “ ဈေးကွက်စီးပွားရေးသည် အားလုံးသော မေးခွန်းများကို ဖြေဆိုနိုင်ပြီး အားလုံးသော ပြဿနာများကို ဖြေရှင်းနိုင်သည် ” ဆိုတဲ့ ယုံကြည်ချက်နဲ့ နေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီလို ဈေးကွက်အပေါ် မေးခွန်းမထုတ်ဘဲ နေခဲ့တဲ့ အချိန်ဟာ နိုင်ငံရေးကနေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေနဲ့ ပြည်သူလူထုဆိုင်ရာ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ဈေးကွက်ရဲ့ ဆင်ခြင်နိုင်စွမ်းဟာ ကုန်ပစ္စည်းတွေနဲ့ ဝင်ငွေအပေါ်မှာ အဆုံးအဖြတ် မလုပ်ဖို့ ပြောကြားနေပေမဲ့ ကိစ္စရပ်တော်တော်များများမှာတော့ ကျွန်တော်တို့ဟာ စိတ်ဓာတ်နဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သုံးသပ်ချက်တွေကို ပြုလုပ်ရမှာပါ။ စီးပွားရေးသစ်တွေရဲ့ တွေးခေါ်မှုဟာ အခုဆိုရင် စီးပွားရေးအဟောင်းတွေရဲ့  တွေးခေါ်မှုဆိုင်ရာနဲ့ ဆက်စပ်တွေးခေါ်မှု ပိုပြီး လိုအပ်လာပါပြီ။ အဒမ်စမစ်ကို အခြေခံတဲ့ ထုံးတမ်းစဉ်လာ စီးပွားရေး ပညာရှင်တွေဟာ စီးပွားရေးကို တန်ဖိုးသက်မှတ်ချက် သိပ္ပံပညာရပ်အဖြစ်ရော အလိုအလျောက် စည်းကမ်းထိန်းသိမ်းတဲ့ အဖြစ်နဲ့ပါ မမြင်ခဲ့ကြပါဘူး။ သူတို့အားလုံးက စီးပွားရေးဟာ စိတ်ဓာတ်ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေး တွေးခေါ်မှုရဲ့ အောက်ခံနယ်ပယ် အဖြစ် နားလည်ခဲ့ကြပါတယ်။ ပြောရရင် စီးပွားရေးဟာ အမြဲတမ်းဆိုသလိုပဲ သီးခြားနိုင်ငံရေးဆိုင်ရာ လုပ်ဆောင်မှု တစ်ခုပါပဲ။ စီးပွားရေး စံနစ်ဟာ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ၊ အစိုးရနဲ့ စီးပွားရေးဟာလည်း တကွဲတပြား မဟုတ်ဘဲ အတူတူ လုပ်ဆောင်ရမှာပါ။ ၂၀၀၈ ခုနှစ် အကျပ်အတည်းကနေ ရုန်းထွက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်စံနစ်ရဲ့ အဆင့်သစ်ကို ရောက်ရှိနေတဲ့ အချိန်မှာ ဒီအကြောင်းအရာတွေဟာ စီးပွားရေး ပညာရှင်တွေ အဓိက ပြန်လည်ရှာဖွေရမဲ့ အချက်တွေပါပဲ။

အနာတိုလီ ကလပ်စကီ

INET’s ၏ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့ဝင်၊ Gavekal Dragonomics ၏ ပူးတွဲ ဥက္ကဌ၊ ယခု တွေးခေါ်မှု အများအပြားကို ဖြစ်ပေါ်စေခဲ့သည့် အရင်းရှင်စံနစ် ၄.၀ စာအုပ်ကို ရေးသားသူ။

http://blogs.reuters.com/anatole-kaletsky/2014/04/19/time-to-stop-following-defunct-economic-policies/

Ref: Reuters Blog

ဘာသာပြန်သူ

ကိုဒူး
The Myanma Age

ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန် အဆိုပြုလွှာ ခေါ်ယူမည်


မြန်မာ့မီးရထားလုပ်ငန်းအနေနဲ့ ရန်ကုန်ဘူတာကြီးကို ဘက်စုံ အဆင့်မြှင့်ဖို့ ရှိနေပြီး ၀င်ရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်လိုသူတွေကို ရွေးချယ်ဖို့ ပထမအဆင့် စိတ်ဝင်စားမှု အဆိုပြုလွှာ Expression of Interest တွေကို လာမယ့် ဧပြီ ၂၆ ရက်မှာ ခေါ်ယူသွားမယ်လို့ ရန်ကုန်ဘူတာကြီး စခန်းသာ ဧည့်ရိပ်သာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဌေးက ပြောပါတယ်။

ဝန်ကြီးရဲ့ ပြောဆိုချက်အရ ရန်ကုန်ဘူတာကြီးကို မန္တလေးဘူတာကြီးလိုပဲ ဟိုတယ်အဖြစ် အသုံးပြုဖို့ အထပ်မြင့်အဆောက်အဦတွေ ထည့်သွင်းတာနဲ့ ရုံးခန်းဖွင့်လှစ်နိုင်မယ့် အခန်းတွေ ပါဝင်အောင် တည်ဆောက်မှာ ဖြစ်ပြီး ဘူတာနဲ့ ရထားလမ်း အဆင့်မြှင့်တင်ရေးကိုလည်း လုပ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးကို စင်ကာပူနဲ့ ဂျပန်ကုမ္ပဏီ ၄ ခု နဲ့ ပြည်တွင်းကုမ္ပဏီတချို့က စိတ်ဝင်စားကြောင်း အဆိုပြုလွှာ တင်ပြထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

DVB Burmese 

လက်ဖက်ရည် ပန်းကန်လုံးရှိ မိုးသီးများ ကြွေကျ၍ အဘွားအို တစ်ဦးသေဆုံး


ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ် မြို့ နယ်စပ်ရှိ ကျေးရွာ များတွင် ဧပြီလ (၇)ရက် နေ့က နှစ်ပေါင်း (၇၀)အတွင်း မကြုံစဖူး ထူး ထူးခြားခြား လက်ဘက်ရည် ပုဂံ လုံးခန့်ရှိ မိုး သီးမိုး များ ရွာသွန်း မှုကြောင့် အဖွား အို တစ်ဦး သေဆုံးသွားခဲ့ပြီး ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ် အတွင်းရှိ စပျစ်ခြံများ ခြံ လုံးကျွတ် ပျက်စီး သွားကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၊ ရွှေဓါးသာစည်အုပ် စုရှိ သာစည်၊ ညောင်ထောက်၊ ဈေးညောင် ကိုင်း၊ လယ်ပြင်သာ၊ ပေတောကုန်း၊ ဆည် တွင်း၊ ဂွေးကုန်း၊ ဘုရားကုန်း၊ ထန်းလေးပင် နှင့် ရမည်းသင်းမြို့နယ်အတွင်း ရွာတန်းအုပ် စုတွင် ပါဝင်သည့် သဲကျွန်းအုပ်စု၊ ရွာတန်း လယ်သာအုပ်စု၊ သိန်းညှက်ကုန်း အုပ်စု၊ အုပ်ဖို အုပ်စုနှင့် ကုလား မျှော အုပ်စုတွင် ရွာတန်း (၂၄)ရွာတွင် ပါဝင်သည့် အုတ်ဖိုအရှေ့ရွာ၊ အုတ်ဖို အနောက်ရွာ၊ လက်ပံခါးလှတောင် ရွာ၊ မြောက်ရွာ၊ အလယ်ရွာ အပါအ၀င် အခြား ကျေးရွာများမှာ အဓိက စီးပွားရေးလုပ်ငန်း အ ဖြစ် စပျစ်ခြံ လုပ် ငန်း၊ ကွမ်းစိုက်လုပ်ငန်းနှင့် ကြက်သွန်စိုက်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြ သည်။ အထူးသဖြင့် စပျစ်ကို အဓိက စီးပွား ရေးလုပ်ငန်းအဖြစ် စိုက်ပျိုးကြသည်။

ဧပြီလ (၇)ရက်နေ့၊ နေ့ခင်းက နှစ် ပေါင်း (၇၀)ကျော်အတွင်း မကြုံစဖူး ထူးထူး ကဲကဲ လက်ဘက်ရည် ပုဂံလုံးခန့်ရှိ မိုးသီးမိုး ကြီးများ ရုတ်တရက်တစ်နာရီကျော် ရွာချခဲ့ရာ စပျစ်ခြံများအားလုံး စပျစ်သီးများ မိုးသီးရိုက် ၍ ကြွေကျပျက်စီးသွားခဲ့သည်။ ရွာတန်း (၂၄)ရွာတွင် စပျစ်ခြံကို တစ်ဧကမှ (၁၀)ဧက အထိ စီးပွားဖြစ် စိုက်ပျိုး ကြ သည်။ စပျစ်စိုက် ဧက (၅၀၀)ကျော်ရှိပြီး စပျစ်ခြံပေါင်း (၃၀၀) ကျော်ရှိသည်။ ယခု ကဲ့သို့ မမျှော်လင့်ဘဲ မိုး သီးမိုးကြောင့် စပျစ်ခြံအားလုံး အသီးများကြွေ ကာ မိုးသီး ရိုက်၍ စပျစ်သီး အားလုံး ပျက်စီး ဆုံးရှုံးခဲ့သည်။ စပျစ်ခြံ တစ်ခြံလျှင် သိန်းပေါင်း (၁၀၀) ကျော် (၁၅၀)ခန့် ဆုံးရှုံး ပျက်စီးခဲ့ သည်။ စပျစ်ခြံ (၃၀၀)ကျော် မှ သိန်းပေါင်း (၅၀၀၀၀)ကျော် ပျက်စီးဆုံး ရှုံးသွားခဲ့သည်။

ကွမ်းရွက်ခြံ များတွင်လည်း မိုးသီးဒဏ် ကြောင့် ကွမ်းရွက် များ ပေါက်ပြဲ ပျက်စီးဆုံးရှုံး ကြ ရသည်။ အုတ်ဖိုအရှေ့ရွာမှ ဒေါ်သိန်းကြည် (၇၀)နှစ် မှာ မန်းကျည်းသီးဆွတ်ရာမှ မိုးသီး ဒဏ်ကြောင့် သေဆုံးသွား ခဲ့ရ သည်။ မိုးသီး မိုးကြောင့် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ် မြို့နယ်များ စပျစ်ခြံ၊ ကွမ်းခြံနှင့် ကြက်သွန် ခင်းများ ပျက်စီးသွားသဖြင့် သိန်းပေါင်း (၁၀၀၀၀၀)ကျော်ဖိုးခန့် ဆုံးရှုံးပျက်စီးသွား ခဲ့ရကြောင်း သိရသည်။

The Messenger

ဒေးဗစ်မိုရက်စ်ကို လျှော်ကြေးငွေ ပေါင် ၁၀ သန်းပေးပြီး မန်ယူနည်းပြရာထူးမှ ဖယ်ရှားပြီး လူးဝစ်ဗန်ဂါး နဲ့  အစားထိုးတော့မှာလား


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဆိုးရွားဆုံးစံချိန်မှတ်တမ်းတွေကို စိုက်ထူခဲ့သူ မန်ယူအသင်းနည်းပြ ဒေးဗစ်မိုရက်စ်ကို ကလပ်အသင်းက လျော်ကြေးပေးပြီး စာချုပ်မပြည့်ခင် အသင်းမှ ထုတ်ပယ် တော့ မှာ ဖြစ် တယ်လို့ Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။

စကော့လူမျိုး အသက် ၅၀ နှစ်အရွယ် ဒေးဗစ်မိုရက်စ်ဟာ ကလပ်အသင်းပိုင်ရှင်တွေက ရုတ်တရက်ပြုလုပ်တဲ့ အစည်းအဝေးကို လာဖို့ အကြောင်းကြားခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဆယ်လတာ ဆိုးရွားတဲ့ရလဒ်တွေကြားမှာ အသင်း ရုန်းကန်နေရပြီးနောက် မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ စိတ်မရှည်နိုင်တော့ဘူးလို့  သိရပါတယ်။

မိုရက်စ်ဟာ ဆုကြေးငွေအပါအ၀င် တစ်နှစ်လစာ ပေါင်ငါးသန်း ရရှိနေသူဖြစ်ပြီး စာချုပ်သက်တမ်း နောက်ထပ် ငါးနှစ်ကျန်ရှိနေပါသေးတယ်။ မိုရက်စ်ကိုသာ အသင်းက ထုတ်ပယ်ခဲ့မယ်ဆိုရင် လျှော်ကြေးငွေဟာ ပေါင် ၁၀ သန်းအထိ မြင့်တက်ဖို့ ရှိနေပါတယ်။

ဒီသတင်းကို အသင်းတာဝန်ရှိသူတွေက အတည်ပြုမှတ်ချက်တွေ မပေးသေးပေမယ့် မန်ယူအသင်းပရိတ်သတ် တွေကြားမှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ကလပ်အသင်းရှယ်ယာတွေဟာ ၁.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

ဒေးဗစ်မိုရက်စ် ရဲ့ နေရာကို အစားထိုးဖို့ ဟော်လန်လက်ရွေးစင်နည်းပြ လူးဝစ်ဗန်ဂါးလ် နဲ့ ဒေါ့မွန်အသင်းနည်းပြ ဂျာဂန်ကလော့ပ် တို့ ရေပန်းစားနေပါတယ်။ နောက်ထပ် ရေပန်းစားနေသူကတော့ လက်ရှိမန်ယူကစားသမား ရိုင်ယန်ဂစ် ပဲ ဖြစ်ပါတယ်။

Ref: Daily Mail , Mirror.co.uk
Trend Myanmar

ပျောက်ဆုံးလေယာဉ် ရှာနေသည့်ဒေသတွင် မုန်တိုင်းဝင်မည်ဟုဆို


ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 ကို ရှာနေတဲ့ ဒေသအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဒီနေ့ ၀င်ရောက်ဖို့ ရှိတယ်လို့ အရာရှိတွေက ပြောခဲ့အပြီး မလေးရှား ပြည်သူတွေက လေယာဉ်ပျောက်ကို ရှာဖွေမှု နှောင့်နှေးမှာကို စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် မလေးရှားလေကြောင်းလိုင်းက တခြားလေယာဉ်တစီး အရေးပေါ် လေယာဉ် ဆင်းသက်ရမှုအတွက် လည်း ဘေးကင်းရေး ကိစ္စအတွက် မေးခွန်းတွေ ထုတ်နေပါတယ်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းကို အပူပိုင်းမုန်တိုင်းတခု ဦးတည်နေလို့ လေကြောင်း ရှာဖွေရေးတွေက  ဒီနေ့ နှောင့်နှေးခဲ့ပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေပြောအပြီး နာရီအနည်းငယ်အကြာမှာ စစ်လေယာဉ် ၁၀ စီးနဲ့ သင်္ဘော ၁၀ စီးက ဆက်လက်ရှာဖွေမှာပါ။

ဂျက်အမည်ရ အပူပိုင်းဆိုင်ကလုန်းကြောင့် လေကြောင်းရှာဖွေရေးကို အချိန်ရွှေ့ခဲ့ ရတယ်လို့ သူတို့က ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေငုပ်ယာဉ်ကတော့ ပင်လယ်ရေအောက် ရှာဖွေရေးတွေ ပြီးဆုံးခါနီးပြီ ဖြစ်ပြီး ဘာအပျက်အစီး အရိပ်လက္ခဏာမှ မတွေ့သေးပါဘူး။

သြစတြေးလျအာဏာပိုင်တွေကတော့ မတ် ၈ ရက်နေ့က လူပေါင်း ၂၃၉ ယောက်ကို တင်ဆောင်ပျံသန်းရင်း ပျောက်သွားတဲ့ လေယာဉ်ကို ဝေဟင်နဲ့ ရေအောက်မှာ ရှာဖွေမှုကို မကြာခင် အဆုံးသတ်မယ်လို့ ပြောပါတယ်။

မလေးရှားပြည်သူတယောက်ကတော့ “ဒီလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ တကယ်ဆင်းခဲ့ သလားဆိုတဲ့ သက်သေ အထောက်အထား ဘာမှ မပြနိုင်ခဲ့ဘူးလို့ ပြောသလို အပျက်အစီး တောင် လုံးလုံးမပြနိုင်ခဲ့ဘူး။ အင်မတန် စိတ်ပျက်စရာပဲ” လို့ ပြောပါတယ်။

အမေရိကန် မောင်းသူမဲ့ ရေအောက်သွားယာဉ် ဘလူးဖင်းရဲ့ ရှာဖွေရေး လုပ်ငန်းကတော့ လာမဲ့ ဧပြီ ၂၃ ရက်နေ့ ပြီးဆုံးမှာ ဖြစ်ပါတယ်။

လေယာဉ်ရဲ့ တည်နေရာအတွက် သက်သေ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျန်ခဲ့တဲ့ အပတ်တွေအတွင်းက ရခဲ့တဲ့ ဆိုနာအသံလှိုင်း အချက်ပြမှုကို လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းစုရာ သေတ္တာနက်က အချက်ပြမှုနဲ့ ဆင်တူတယ်ဆိုတဲ့အချက်နဲ့ ရှာဖွေနေခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ အိန္ဒိယနိုင်ငံ ဘန်ဂလိုလေဆိပ်ကို ပျံသန်းမယ့် MH 192 လေယာဉ်ဟာလည်း အဆင်းဂီယာ အလုပ်မလုပ်လို့ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပျံတက်အပြီး ၁၆ မိနစ်အကြာ ပြေးလမ်းပေါ်မှာ လေယာဉ်တာယာ အစအနတွေကို သတိထားခဲ့မိတာလို့ မလေးရှားလေကြောင်းလိုင်းက ဆိုပါတယ်။

လူ ၁၆၆ ယောက်ကို တင်ဆောင်ထားတဲ့ ဒီလေယာဉ်ဟာ ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာမှ ထပ်မံ ပျံသန်းဖို့ စီစဉ်ခဲ့ရတယ်လို့ ကြေညာချက်ထဲမှာ မလေးရှားလေကြောင်းလိုင်းက ပြောခဲ့ပါတယ်။

DVB Burmese

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် အပူလှိုင်းဖြတ်


တရုတ်အနောက်တောင်ဘက် ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတချို့မှာ အပူလှိုင်း ဖြတ်နေလို့ ဧပြီ ၂၂ ရက် ဒီနေ့ ယူနန်ပြည်နယ်တချို့မှာ အပူချိန် ၄၁ ဒဿမ ၉ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့ပါတယ်။

ယူနန်ပြည်နယ်ရဲ့ ခရိုင်မြို့ ၅၀ မှာ တ၀က်လောက်က ပြီးခဲ့တဲ့ ၁ ပတ်အတွင်း နေ့အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်အထက်မှာပဲ ရှိခဲ့တဲ့အတွက် ပြည်နယ် အာဏာ ပိုင်တွေက အပူချိန် အဆင့်ကို လိမ္မော်ရောင်အဆင့် သတ်မှတ်ခဲ့ပါတယ်။

ပြည်နယ်တောင် ပိုင်းမြို့တွေ ဖြစ်တဲ့ ပူးအားမြို့နဲ့ ယွင်းယန်မြို့တွေမှာ ဧပြီ ၂၁ ရက်နေ့နဲ့ ဒီနေ့ ၂၂ ရက်မှာ အပူချိန် ၄၁ ဒီဂရီအထက်မှာ ရှိပါတယ်။

ထာဝရဆောင်းဦးမြို့တော်လို့ သတ်မှတ်ထားကြတဲ့ ကူမင်းမြို့က မြို့ခံတွေဟာ ထီးတွေ၊ ခမောက်တွေ၊ နေကာမျက်မှန်တွေနဲ့ အပြင်ထွက်ကြရပြီး အိမ်ပြင်သစ်ပင်ရိပ်တွေမှာပဲ နေကြရတာ ဖြစ်ပါတယ်။

မြို့ခံတဦးက ဒီနေ့ နေလယ် ၂ နာရီခွဲမှာ ကားစက်ဖုံးပေါ် ကြက်ဥတလုံး ဖောက်ပြသခဲ့တာမှာ ၁၅ မိနစ်အတွင်း ကြက်ဥကျက်သွားခဲ့ပါတယ်။

မြို့ခံတဦးက ဒီနှစ် အပူချိန်ဟာ ၁၀ စုနှစ်တွေအတွင်း အပူဆုံးဖြစ်ပြီး အင်္ကျီကိုလည်း မကြာခဏ လဲနေရတယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွင်း ယူနန်ပြည်နယ်မှာ ရေခန်းခြောက်မှုပြဿဿနာနဲ့လည်း ရင်ဆိုင်နေရပြီး ယူနန်ပြည်နယ်ရဲ့ သစ်တောတွေဟာလည်း တောမီးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒေသခံမီးသတ်ဌာနရဲ့ အဆိုအရ ပြီးခဲ့တဲ့အပတ်အတွင်း တောမီးလောင်ကျွမ်းမှု အနည်းဆုံး ၈ မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

DVB Burmese

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး K-pop အဖွဲ့ လာမည်


တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး  K-pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲတခုကို ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ခ တွေကိုတော့ ကျပ်ငွေ တစ်သိန်းကနေ စ သတ်မှတ်ထားတယ်လို့ မန်းသီရိ တေးသံသွင်း အရောင်းကောင်တာက စုံစမ်းသိရပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံ တိုက်ကွမ်ဒို ဥက္ကဋ္ဌဖလားနဲ့ ဥက္ကဋ္ဌရန်ပုံငွေပွဲ အဖြစ် ဖော်ကျွန် အင်တာနေရှင် ကုမ္ပဏီ (Fortune International)က ကျင်းပတာ ဖြစ်ပြီး လက်မှတ်ခအဖြစ် ကျပ် ၁ သိန်း၊ ၇ သောင်း၊ ၅ သောင်း၊ ၄ သောင်းကနေ ၁ သောင်း ၅ ထောင်အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

K-pop အဖွဲ့မှာ နာမည်ကျော် တင့်တ်(Tint)၊ ဒန်လ် ရှာလ်ဘက် (Dal Shabet)၊ မိန်းကလေးနေ့ (Girl Day) နဲ့ မြန်မာကြိုက် ကိုရီးယား ဂီတပညာရှင် တချို့ ပါဝင်မယ်လို့ သိရပါတယ်။

DVB Burmese

၃ လအတွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီ ၉၀ နီးပါး တည်ထောင်


မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသည် ၀င်ရောက်မှု များလာတာနဲ့အတူ ခရီးသွားလုပ်ငန်း ၀န်ဆောင်မှုကုမ္ပဏီတွေ ထူထောင်မှု များလာပြီး ပြီးခဲ့တဲ့ ၃ လ အတွင်း ကုမ္ပဏီအသစ် ၉၀ နီးပါး ထပ်ပြီး ဖွင့်လှစ်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

နှစ်စ ၃ လအတွင်း ခရီးသွားလုပ်ငန်း ၀န်ဆောင်မှုကုမ္ပဏီ ၉၀ နီးပါး တိုးလာတဲ့အတွက် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ စုစုပေါင်း ၁၄၀၀ ကျော် အထိ ရောက်လာပါတယ်။

အခု အသစ်ထပ်ဖွင့်တဲ့ ကုမ္ပဏီ ၉၀ ကျော်မှာ နိုင်ငံခြားကုမ္ပဏီ ၁ ခု၊ ဖက်စပ်ကုမ္ပဏီ ၄ ခုနဲ့ ကျန်တာတွေကတော့ နိုင်ငံသားပိုင် ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂ အတွင်း နိုင်ငံခြားသား ခရီးသည် ၂ သန်း နီးပါး ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ၃ သန်းနီးပါး ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

DVB Burmese

သဲကုန်းမြို့နယ်တွင် လူ ၂၀၀ ကျော် ၀မ်းပျက်ဝမ်းလျှောဖြစ်


ပဲခူးတိုင်း သဲကုန်းမြို့နယ်အတွင်းမှာ အလှူအိမ်က ပြန်လာတဲ့ လူအယောက် ၂၇၀ ဟာ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပြီး  သဲကုန်းဆေးရုံကို တင်ခဲ့ရပါတယ်။

သဲကုန်းမြို့နယ် ညောင်ကုန်း အုပ်စု အင်ပင်လှကျေးရွာနဲ့ အနီးပတ်ဝန်း ကျင်က ကျေးရွာသား ၂၀၀ ကျော်ဟာ ဧပြီ ၂၁ ရက်နေ့က ပဉ္ဇင်းခံ ရှင်ပြုအ လှူမှာ ကျွေးတဲ့ နို့ စိမ်းခေါက်ဆွဲကို စားပြီး ၀မ်းပျက် ၀မ်းလျှောခဲ့ကြတဲ့အတွက် သဲကုန်းဆေးရုံကို အရေးပေါ် ကုသမှုခံယူဖို့ ရောက်ရှိ နေကြပါတယ်။

ဒေသခံတဦးက “နို့စိမ်းခေါက်ဆွဲကို ကလေးတွေ စကျွေးလိုက်တယ်ပေါ့။ တရားမနာခင် စကျွေးလိုက်တဲ့အခါကျတော့ ကလေးတွေ စားပြီးတော့ ဖြစ်တယ်။ နောက်စားပြီးတော့ လူကြီးတွေ နည်းနည်း ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါကျတော့ သေချာပြီပေါ့။ ဒါ စားလို့ ဖြစ်တယ် ဆိုပြီး တရာမနာတော့ဖူး။ ခုချိန်ထိတော့ ဦးဇင်းတွေက မဘုန်းပေးလို့ မဖြစ်ဘူးပေါ့နော်။ အခု အရင် စားတဲ့လူတွေ ဖြစ်ပြီးတော့ နောက်ထပ် ဆက်စားတဲ့လူတွေ ဖြစ်တယ်ဆိုတော့ အဓိက ဒီ နို့စိမ်းခေါက်ဆွဲကို စားပြီး နောက်ပိုင်းမှာ အခုလို ဖြစ်သွားတာပဲ” လို့ ပြောပါတယ်။

အရေးကြီး လူနာတွေကို သဲကုန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး လူနာ ၇၀ လောက်ကိုတော့ အင်ပင်လှကျေးရွာက ဆေးခန်းမှာပဲ ကုသပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆေးရုံးကို ကိုယ်တိုင်ရောက်ခဲ့သူတဦးက “၁ ပွဲ စားလိုက်တယ်။ ၁ ပွဲစားပြီးတော့ ၁ နာရီခွဲလောက် ကြာတော့ ၀မ်းက သွားပြီ။ ဒါနဲ့ မဖြစ်ဖူးဆိုပြီး ဆေးရုံကို လာလိုက်တာ။ အလှူက ကျန်တဲ့လူတွေလည်း ဖြစ်ကြတော့ အဲဒါနဲ့ ဆေးရုံကို ရောက်လာတာ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း အင်ပင်လှကျေးရွာမှာပဲ  အလှူကနေ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဖူးသလို လူအသေအပျောက်တော့ မရှိခဲ့ဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ရာသီဥတု ပူပြင်းတဲ့ နွေရာသီမှာ အခုလို အများစာ ချက်ပြုတ်တဲ့ အလှူ အစားအသောက်တွေက အစာအဆိပ်သင့်မှုတွေ ဖြစ်တတ်တာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့ကလည်း မြ၀တီမြို့နယ်ထဲမှာ ရှိတဲ့ ပေါလောကျေးရွာမှာလည်း  အလှူကနေ ကျွေးတဲ့ သင်္ကြန်ထမင်းကို စားရာကနေ ရွာလုံးကျွတ် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး လူ ၂၀၀ ကျော် ဆေးရုံတင်ခဲ့ရပါတယ်။

DVB Burmese

သူရဲကောင်းကို နှုတ်ဆက်ခြင်း


လွန်ခဲ့သည့် နှစ်ငါးဆယ်တိတိ၊ ၁၉၆၄ ခုနှစ် ဧပြီလ ၂၀ ရက် က ကမ္ဘာကိုတုန်လှုပ်သွားစေမည့် မိန့်ခွန်းတစ်ခုကို နယ်လ်ဆင်မန်ဒဲလားပြောခဲ့သည်။ ထိုမိန့်ခွန်း၏အမည်က ‘ကျွန်တော်သေဖို့ပြင်ဆင်ထားပြီးသား’ 'I am prepared to die'

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ ဆင်ခြေဖုံးတရားရုံးတစ်ရုံးမှာ မန်ဒဲလားအပါအဝင် အာဖရိကအမျိုးသား ကွန်ဂရက်ခေါင်းဆောင် ၁၀ ဦးကို လူဖြူအစိုးရက အကြမ်းဖက်မှုဖြင့် စွဲချက်တင်နေခဲ့သည်။ တရားသူကြီးက ဆုံးဖြတ်ချက်မချမီမှာ လွတ်ငြိမ်းခွင့်ရဖို့ နောက်ဆုံး လျှောက်လဲချက်တင်ပါဟု ရှေ့ နေများက မန်ဒဲလားကိုအကြံပေးတိုက်တွန်းကြသည်။ သို့သော် မန်ဒဲလားကတော့ လွတ်မြောက်ခွင့်ရဖို့ လျှောက်လဲမည့်အစား ယုံကြည်ချက်အတွက် စွန့်လွှတ်ဖို့ ပြင်ဆင်ထားသည့် သူ့သန္နိဋ္ဌာန်ကို တရားသူကြီးရှေ့မှာ ရဲရဲဝံ့ဝံ့ကြီး ချပြသွားခဲ့သည်။ သုံးနာရီကြာသည့် သူ့လျှောက်လဲချက်ကို သူက ယခုလိုအဆုံးသတ်ခဲ့သည်။

‘‘ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အာဖရိကပြည်သူတွေရဲ့ တိုက်ပွဲအတွက် ကျွန်တော့်အသက်ကိုပြင်ဆင်ထားပြီးသားပါ။ လူဖြူလွှမ်းမိုးမှုကိုလည်း ကျွန်တော်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တယ်။ လူမည်းလွှမ်းမိုးမှုကိုလည်း ကျွန်တော်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တယ်။ ကျွန်တော်စုံမက်တာက လူသားအားလုံးတန်းတူအခွင့်အရေးတွေနဲ့ ယှဉ်တွဲနေထိုင်နိုင်မယ့် ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေရှိတဲ့စံပြစနစ်တစ်ခုပါ။ ဒါဟာ ကျွန်တော်ရှင်သန်လိုတဲ့ ပိုင်ဆိုင်ချင်တဲ့စံပြစနစ်ပါပဲ။ တကယ်လို့သာ လိုအပ်လာမယ်ဆိုရင် အဲဒီ စံပြစနစ်အတွက် ကျွန်တော် သေဖို့ပြင်ဆင်ပြီးသားပါ’’

တရားရုံးတစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင် ငြိမ်သက်သွားခဲ့သည်။ ‘‘ကျွန်တော် သေဖို့ပြင်ဆင်ပြီးသား’’ဆိုသည့် စကားလုံးများက တရားရုံးထဲက ထွက်လာပြီး အာဖရိကပြည်သူများ၏ သွေးသားထဲကိုဖြတ်သန်းသွားသည်။ ပြီးတော့ ထိုစကားလုံးများက ပင်လယ်သမုဒ္ဒရာကိုဖြတ်သန်းပြီး တိုက်အသီးသီးကလွတ်မြောက်ရေး တိုက်ပွဲဝင်ကြသူ တော်လှန်ရေးသမားများဆီကို စီးဆင်းသွားခဲ့သည်။

နောင်အခါမှာ ၂၀ ရာစု၏ အကြီးကျယ်ဆုံးမိန့်ခွန်းတစ်ခုဟု ထိုစကားလုံးများကို သမိုင်းဆရာများ သတ်မှတ်ခဲ့ကြသည်။ အခုတော့ ‘ကျွန်တော်သေဖို့ပြင်ဆင်ပြီးသား’ဆိုသည့် မန်ဒဲလား၏ စကားလုံးများကို တောင်အာဖရိကနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးချုပ်အဆောက်အအုံ၏နံရံမှာ ကျောက်သားဖြင့် ထွင်းထုထားသည်။ နယ်လ်ဆင် မန်ဒဲလား ထိုမိန့်ခွန်းကိုပြောပြီး နှစ် ၅၀ တိတိအပြည့်၊ နာရီပိုင်းစွန်းစွန်းမှာ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ပါသည်။

တစ်ခါက နိုင်ငံခြားသား မိတ်ဆွေတစ်ဦးကမေးဖူးသည်။

‘‘ဦးဝင်းတင်အကြောင်းကို ပြောပြပါဦး’’

ထိုမေးခွန်းကို ဝါကျတစ်ကြောင်းတည်းဖြင့်ဖြေဖို့ ကျွန်တော်ကြိုးစားသည်။

‘‘မြန်မာပြည်ရဲ့ နယ်လ်ဆင်မန်ဒဲလားဆိုပါတော့’’

မိတ်ဆွေကပြန်မေးသည်။

‘‘ဘာကြောင့်အဲဒီလိုပြောနိုင်တာလဲ’’

ကျွန်တော့်စာရင်းကို ကျွန်တော်ချပြသည်။

‘‘သူတို့ယုံကြည်ချက်အတွက် ဘဝတစ်ခုလုံးကိုစွန့်လွှတ်သူတွေ။ ဆယ်စုနှစ်တွေနဲ့ချီတဲ့ ထောင်တွင်းအကျဉ်းချမှုတွေက သူတို့ ယုံကြည်ချက်တွေကိုမပြောင်းလဲအောင် ကြံ့ကြံ့ခံနိုင်သူတွေ၊ သက်ဆိုင်ရာအာဏာရှင်အသီးသီးက ကြောက်ဒူးတုန်ခဲ့ကြရသူတွေ၊ တော်လှန်ရေးနှစ်ခုလုံးမှာ သူတို့နှစ်ယောက်လုံးက ဦးဆောင်မှုကိုစံပြအဖြစ် တည်ဆောက်နိုင်ခဲ့ကြသူတွေ...’’

ဆရာဦးဝင်းတင်ဆေးရုံပေါ်မှာ အပြင်းအထန်နာမကျန်းဖြစ်နေသည်ဟု ကြားရသည့်အခါ ငယ်စဉ်ကတည်းက လွှမ်းမိုးခဲ့သည့်မန်ဒဲလား၏ ‘‘ကျွန်တော် သေဖို့ပြင်ဆင်ပြီးသား’’ဆိုသည့် မိန့်ခွန်းကိုပြန်ဖတ်မိသည်။

သူချစ်ခင်စုံမက်သည့် ဒီမိုကရေစီစနစ်တစ်ခုအတွက် သေဖို့ ပြင်ဆင်ပြီးသားဟု မန်ဒဲလားပြောခဲ့သလို ဆရာဦးဝင်းတင်ကလည်း သူတည်ဆောက်ချင်သည့် ဒီမိုကရေစီစနစ်တစ်ခုအတွက် သူ၏တစ်ဘဝလုံးကိုပေးဆပ်ခဲ့ပြီးသား။

ယုံကြည်ချက်၊ အကြောက်တရားနှင့် သတ္တိတို့အကြောင်းကို တွေးကြည့်သည့်အခါတိုင်းမှာ သူတို့ပုံရိပ်များက ပေါ်ထွက်လာလေ့ရှိသည်။ မန်ဒဲလားကို ထောင်ထဲမှာ(၂၇)နှစ် ထည့်ထားခဲ့သည့် လူဖြူအစိုးရ၏ အကြောက်တရား။ ဆရာဦးဝင်းတင်ကို နှစ်ပေါင်းများစွာ ထောင်ထဲမှာထည့်ထားခဲ့သည့် မြန်မာစစ်အစိုးရ၏ အကြောက်တရား။ လောကဓံတရား၏ ရက်စက်မှုကို ကြံ့ကြံ့ခံပြီး အမှန်တရားကို ဆုပ်ကိုင်ပြသွားခဲ့သည့် သူတို့နှစ်ဦး၏သတ္တိ။ ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်မှာ အာဏာရှင်တို့အတွက်တော့ ရန်သူတစ်ယောက်ဆုံးရှုံးခဲ့တာ ဖြစ်ပါလိမ့်မည်။ မြန်မာနိုင်ငံအတွက်တော့ အဖိုးတန်ဆုံး သားကောင်းတစ်ဦးကို ဆုံးရှုံးခဲ့ခြင်းဖြစ်ပါသည်။ မြန်မာပြည်သူများအတွက်တော့ အဖိုးတန်ဆုံး ဖခင်တစ်ဦးကို ဆုံးရှုံးခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့မှာ ဖြေစရာစကားတစ်ခွန်းတော့ရှိသည်။ ဒင်းနစ်ရှ်လူမျိုးတွေးခေါ်ပညာရှင် ဆိုရင်ကဲကီးဂတ်က ပြောခဲ့သည်။

‘‘အာဏာရှင်သေတဲ့အခါ သူ့ရဲ့အုပ်ချုပ်မှုလည်း ပြီးဆုံးသွားတယ်။ အာဇာနည်အတွက်တော့ သူသေတဲ့အချိန်မှ သူ့ရဲ့ အုပ်ချုပ်မှုခေတ်က စတင်တာဖြစ်ပါတယ်’’

ဦးဝင်းတင်၏ခေတ်က အခုမှစတင်မှာဖြစ်ပါသည်။ သမိုင်း ကျောက်သားများက သူ့ကို ထာဝရမှတ်တမ်းတင်ကြပါလိမ့်မည်။

ဧပြီ ၂၁ ရက်ကို ‘အမျိုးသား ဝမ်းနည်းကြေကွဲသည့်နေ့’အဖြစ် သတ်မှတ်ဖို့ အစိုးရဆီက ခွင့်ပြု ချက်မလိုအပ်ပါ။

ကျွန်တော်တို့ဦးခေါင်းပေါ်မှ ဦးထုပ်များကို ချွတ်ထားပါသည်။ အလံကိုတိုင် တစ်ဝက်ချထားပါသည်။ ကျွန်တော်တို့ တိုးညင်းစွာ စကားပြောနေကြပါသည်။

နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့် အမေရိကန်တော်လှန်ရေးသမား ပက်ထရစ်ဟင်နရီ ပြောခဲ့သည့်စကားနှင့် ဆရာဦးဝင်းတင်ကို အလေးပြုပါသည်။

‘ကျွန်ုပ်ကို လွတ်လပ်ခြင်းကို ပေးပါ။ သို့မဟုတ်လျှင် သေခြင်းကိုသာပေးပါတော့’

7 Day Daily