စွယ်တော်စေတီကန်ပေါင်လမ်းအတိုင်း မောင်းနှင်လာသည့် အငှားယာဉ်မှာ ပြန်ကွေ့စဉ် အရှိန်လွန်ကာ ကန်အတွင်းသို့ကျ

ပို့စ်တင်ချိန် - 4/22/2014 01:48:00 PM


ရန်ကုန်၊ ဧပြီ ၂၂

၂၁.၄.၂၀၁၄ရက်နေ့ ၁၆၃၀အချိန် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်စေတီ ကန်ပေါင်မြေနီလမ်းအတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ကျော်မင်းလွင်၊ (၃၄)နှစ်၊ (ဘ)ဦးဖြိုး၊ ရန်ကင်းမြို့နယ်နေသူ
မောင်းနှင်လာသော AA ---- Probox အပြာရောင်အငှားယာဉ်သည် ကန်ပေါင်လမ်းအလယ်အရောက် နောက်ဘက်သို့ “ဂ” ကွေ့ ပြန်ကွေ့စဉ် အရှိန်လွန်ကာ စွယ်တော်မင်္ဂလာကန်ထဲသို့ ကျသွားခဲ့ပါသည်။

ထိုသို့ကျသွားချိန်တွင် ယာဉ်ပေါ်၌ ခရီးသည်များမပါရှိကြောင်း၊ ယာဉ်မောင်း မှာလည်း ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် ယာဉ်ကို ၁၈၀၀ အချိန်တွင်
ပြန်လည်ဆယ်ယူခဲ့ပြီးကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ကျော်မင်းလွင်အား မရမ်းကုန်းမြို့မရဲစခန်း
ယာဉ်(ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ၂၇၉ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police