ကောင်လေးတွေရဲ့ကျောင်းမှာနေတဲ့စတိုင်

ပို့စ်တင်ချိန် - 4/22/2014 08:29:00 AM



Aသွေး မျက်နှာကတော့ခပ်တည်တည်ပဲ
တစ်ခါတစ်လေမျက်မှောင်ကျုံ့ထားတတ်တယ်
မာနကြီးတာလဲမဟုတ် ဘဝင်မြင့်တာလဲမဟုတ်ပါဘူး
သူကလူတွေရှေ့မှာဆိုရင်မျက်နှာကိုမထားတတ်လို့ဒီလိုဖြစ်သွားရတာပါ
ဒီလိုမျက်နှာပေးမျိုးကိုမှကြိုက်ပါတယ်ဆိုတဲ့ကောင်မလေးတွေကလည်းရှိပြန်ရော

Bသွေး ကိုယ့်ဖက်ကသာမှန်တယ်ဆိုရင်ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်တဲ့သူမျိုး
ဟာသတွေလည်းအများကြီးပြောတတ်တယ်
တစ်ခါတစ်လေဘာမှမဟုတ်ပဲလည်းပြုံးစိစိလုပ်နေတတ်သလိုတစ်ခါတစ်လေကျတော့လည်းရှုံ့မဲ့သွားပြန်ရော
သူ့သူငယ်ချင်းတွေကဒါကိုနားမလည်နိုင်ပေမယ့်သူ့စိတ်ကူးနဲ့သူကတော့ဟုတ်နေတာပဲ

ABသွေး စတိုင်အရမ်းမိုက်လို့လူအကြည့်ခံရဆုံးတစ်ယောက်ပေါ့
ရှိုးလည်းများတယ် ဇီဇာလည်းကြောင်တယ်
သူ့စတိုင်ကိုကြွေသွားမိတဲ့ကောင်မလေးကတော့သူဇီဇာကြောင်တာကိုခံဖို့ပြင်ထားပေတော့

Oသွေး ရိုးရိုးအေးအေးနေတတ်တဲ့ပုံစံမျိုးပဲ
ဒါတွေမယ့်အသိုင်းအဝိုင်းစုံတယ် ခင်တဲ့သူတွေပေါတယ်
သူမသိတာမရှိသလောက်ပဲ ဒါပေမယ့်တိတ်တိတ်ဆိတ်ဆိတ်ပဲနေတတ်တယ်
အားမလိုအားမရဖြစ်စရာကောင်းပေမယ့် တချို့တချို့တွေကတော့ဒီပုံစံလေးကိုပဲကြွေနေကြတာ
Myawady News