Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း

ပို့စ်တင်ချိန် - 4/22/2014 08:34:00 AM




ဆရာခင်ဗျား မင်္ဂလာပါ။ ဆေးခြောက်နဲ့ ယာဘ (WY) ဆေးပြားတွေ သုံးတဲ့သူတွေကို ဆေးစစ်ရင် သုံးစွဲသူမှန်း သိတယ်ဆိုတာ ဘာကိုစစ်ရင် သိတာလဲ သိချင်ပါတယ်။ ဓာတ်ပြယ် ပစ္စည်းဆိုတာရော ရှိတယ်ဆိုတာ ဟုတ်ပါသလား သိချင်ပါတယ်ဆရာ။ (ကျွန်တော်မသုံးဘူးပါခင်ဗျာ။ မိတ်ဆွေထဲကတစ်ယောက် အဖမ်းခံရလို့ စစ်ရာက ပေါ်တယ်ဆိုလို့ အတွေးဝင်လာရာကနေ မေးဖြစ်တာပါ ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်ဆရာ။)

စိတ်ကြွဆေးတွေက E, pills, doves, MDMA, MDEA, MDA စတဲ့နာမည်တွေနဲ့ ရှိတယ်။

Detection periods ဆေးသုံးထား-မထား စမ်းသပ်ကာလက အကြမ်းအားဖြင့် ၂-၄ ရက်ဖြစ်တယ်။ ဆေးဘယ်လောက်စစ်သလဲ၊ သုံးထားတာ ဘယ်လောက် များသလဲ၊ ဆေးအမျိုးအစား၊ ဆေးသမား ကိုယ်အလေးချိန်၊ သူ့ရဲ့ ကျန်းမာရေးအခြေအနေတွေ အပေါ်မူတည်တယ်။

ဆေးအစွမ်းရှိနေမှာကတော့ -
• MDMA: ၄-၆ နာရီ၊
• MDEA: ၃-၅ နာရီ၊
• MDA: ၈-၁ဝ နာရီ၊
• MBDB: ၄-၆ နာရီကြာမယ်။

Ecstasy Drug စိတ်ကြွဆေးတွေကို သုံးထားမထား စစ်နိုင်တယ်။
• Blood Test သွေး = ၂၄ နာရီ၊
• Salia Test တံတွေး = ၁-၅ ရက်၊
• Urine Test ဆီး = ၂-၅ ရက်။

ဖမ်းမိလို့ ရဲမသိစေချင်တာနဲ့ ရေသောက်တာ မထူးပါ။ ရေဟာ စိတ်ကြွဆေးရဲ့ Antidote ဖြေဆေးမဟုတ်ပါ။ ၁၉၉၅ ခုနှစ်တုံး Leah Betts (လား ဘက်တ်စ်) ဆိုသူ ရေးတွေသောက်ပြီး သေဆုံးသွားတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၄