ရာဇာမင်း EXPRESS ရှေ့ယာဉ်အား ကျော်တက်စဉ် ၀င်ရောက်တိုက်မိ ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/22/2014 02:08:00 PM


နေပြည်တော်၊ ဧပြီ ၂၁

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ နံနက် ၀၀၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်း  ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ပြည်မြို့နယ်၊ မြူကုန်းရွာနေ အောင်စုလှိုင်(၂၆)နှစ်မောင်းနှင်လာသည့် ၆င/xxxx ရာဇာမင်း ခရီးသည်တင်မှန်လုံယာဉ်သည် ရှေ့ယာဘက်ယာဉ်ကြောမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ကြည်ဝင်း (၄၁)နှစ် မောင်းနှင်သည့် ၁ဂ/xxxx ဂျစ်အပြာရောင်ယာဉ်အား ကျော်တက်စဉ် နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ဂျစ် ယာဉ်မောင်း ဦးကြည်လွင်တွင် ဦးခေါင်းယာချိုစောင်းပေါက်ပြဲ၊ ၀ဲခြေသလုံး(၅)လက်မခန့်အရေပြားစုတ်ပြဲ၊ ရင်ဘတ်နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဂျစ်ယာဉ်မှာ ဘော်ဒီနောက်ပိုင်းဝဲဘက်ခြမ်းကြေမွ၊ နောက်ဘီးကွဲ၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်စုလှိုင်အား သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်