လေယာဉ်ကို နောက်မှဝင်တိုက်သည့်ကိစ္စ အမ်အေအိုင်ဘက်မှ ယနေ့ရှင်းလင်းမည်

ပို့စ်တင်ချိန် - 4/22/2014 06:02:00 PM



အောင်မြင်ရဲဇော်၊ ရန်ကုန်၊ ဧပြီ-၂၁

သင်္ကြန်အကျနေ့ နံနက်တွင် ရန်ကုန်လေဆိပ်၌ဖြစ်ပွားခဲ့သော အပြည်ပြည်
ဆိုင်ရာ မြန်မာ့လေကြောင်း(အမ်အေအိုင်) လေယာဉ်ကို ရွှေမြန်မာလေ
ကြောင်းလိုင်း(ဂျီအမ်အေ) လေယာဉ်က နောက်မှဝင်တိုက်ခဲ့သည့် ဖြစ်စဉ်
နှင့် ပတ်သက်၍ အမ်အေအိုင်ဘက်မှ ဧပြီ ၂၂ ရက် (ယနေ့) မွန်းလွဲ ၂ နာရီတွင် ရုံးချုပ်တည်ရှိရာ ဆာကူရာတာဝါရှစ်လွှာ၌ သတင်းစာရှင်းလင်း
ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

' အစ်မတို့ဘက်က သီးသန့်ရှင်းမှာပါ ' ဟုအမ်အေအိုင်မှ ဈေးကွက်ရှာဖွေ
ရေးမန်နေဂျာ ဒေါ်အေးမရသာက စံတော်ချိန်သို့ ပြောဆိုသည်။ အဆိုပါ ရှင်းလင်းပွဲတွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေမြန်မာလေကြောင်းလိုင်းမှ တာဝန်ရှိသူများ ပါဝင်မည်မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူများကသာ သီးသန့်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်၌ ဧပြီ ၁၄ ရက်က ခရီးစဉ်မဆွဲဘဲ ရပ်နားထားသော အမ်အေအိုင်မှ အဲဘတ်စ် ၃၁၉ လေယာဉ်ကို ခရီးစဉ်ပြေးဆွဲရန်အတွက် ပါကင်ထိုးရန် ကားဖြင့်ဆွဲလာသည့် ရွှေမြန်မာလေကြောင်းလိုင်းမှ အဲဘတ်စ် ၃၂၀ လေယာဉ်က နောက်မှဝင်တိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး
လေယာဉ်နှစ်စင်းလုံး ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဖြစ်ပြီး အဲဘတ်စ်
လေယာဉ်ကုမ္ပဏီကလည်းလာရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ