အသုံးမဝင်တော့တဲ့ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကို ရပ်တန့်သင့်ပါပြီ

ပို့စ်တင်ချိန် - 4/22/2014 05:59:00 PM



ဧပြီ ၂၂။

နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာတွေကို တကယ့်လောကအတွင်းမှာ ကျွန်တော်တို့ နားလည်နိုင်ဖို့ကို စီးပွားရေး ပညာရှင်တွေ ကနေ အထောက်အကူပေးနိုင်ရဲ့လား။

ဒီမေးခွန်းကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုရွန်တိုမှာ ကျင်းပခဲ့တဲ့ စီးပွားရေးသစ် အတွေးအခေါ်ဆိုင်ရာ အင်စတီကျူရဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲမှာ စပြီး မေးမြန်းခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ စီးပွားရေး ပညာရပ်ဆိုင်ရာကြောင့် ဒီဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့  နိုဝင်ဘာ ၂၀၀၈ ခုနှစ်ကလိုပဲ ဒီမေးခွန်းဟာ ဒုက္ခပေးနေတုန်းပါပဲ။ “ ဒါပေမဲ့ ဘာဖြစ်လို့ ဒီလိုဖြစ်မှာကို (စီးပွားရေးအကျပ်အတည်း) ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့တာလဲ ” လို့ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်ဟာ မှားမှားယွင်းယွင်း ရိုးအစွာနဲ့ပဲ လန်ဒန်စီးပွားရေးကျောင်း အကြီးအကဲကို မေးမြန်းခဲ့တဲ့ အချိန်မှာ ရုတ်တရက် ဆွံ့အသွားလို အဖြစ်ဟာ နာမည်ကြီးပါပဲ။

၁၉၃၆ ခုနှစ်က ဂျွန်မေးနတ်ကိန်း လေ့လာခဲ့သလိုပဲ။ ကမ္ဘာ့စီးပွားပျက်ကပ် (၁၉၃၀) ကို ပိုမို ဆိုးရွားစေခဲ့တဲ့ ရှေးရိုးစွဲ စီးပွားရေး ပညာရှင်တွေကို စိန်ခေါ်ခဲ့ပါတယ်။ “ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ စီးပွားရေး ပညာရှင်တွေရဲ့ အတွေးအခေါ်တွေဟာ သာမန်နားလည်နိုင်တာထက်ကို ပိုပြီးတော့ အစွမ်းထက်ပါတယ်။ အသေအချာကိုပဲ ဒီလောကကို လူအနည်းငယ်ကသာ အုပ်စိုးနေတာပါ။ ကိုယ့်ကိုယ့်ကို ယုံကြည်ကြတဲ့ လက်တွေ့ကျတဲ့ လူတွေဟာ အသိဉာဏ်ဆိုင်ရာ လွှမ်းမိုးမှုတွေကို အတော်အတန်လောက် လွတ်မြောက်နိုင်ကြပေမဲ့ အများအားဖြင့်တော့ တစ်ချို့ အသုံးမဝင်တော့တဲ့ စီးပွားရေး ပညာရှင်တွေရဲ့ လက်အောက် ဖြစ်နေဆဲပါပဲ ” ဟု ပြောကြားခဲ့သော စကားများသည် ယခု အချိန်ကာလနှင့်လည်း သက်ဆိုင်လျက်ပင် ရှိသည်။

နိုဗယ်ဆုရ စာရေးဆရာ ဂျိုးဇက်အီးစတစ်ဂလစ်မှ “ ဘာကြောင့် ဗဟိုဘဏ်တွေနဲ့ နိုင်ငံအစိုးရတွေဟာ ဒီလောက်တောင် ထင်ထင်ရှားရှားကြီး ယုတ္တိမတန်တော့တဲ့ စီးပွားရေးဆိုင်ရာ ပုံစံတွေကို အသုံးချပြီး ပေါ်လစီတွေရဲ့ အကျိုးသက်ရောက်မှုကို ခန့်မှန်းဖို့ ဆက်ကြိုးစားနေကြတာလဲ ” ဟု တိုရွန်တို ဆွေးနွေးပွဲတွင် စကားနည်းလမ်းတကျ မေးမြန်းခဲ့ပါတယ်။

သူ့ရဲ့ အဖြေကတော့ တက္ကသိုလ်တွေနဲ့ ရှေ့ဆောင် ပညာရပ်ဆိုင်ရာ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ စီးပွားရေး ပညာရပ်ဆိုင်ရာ ပုံစံတွေဟာ စီးပွားရေးထဲက လူတွေဟာ အကုန်လုံး အတူတူတွေပါပဲ စတဲ့ ရိုးရိုးရှင်းရှင်း အတွေးအခေါ်ပေါ်မှာ အခြေခံပြီး ဖော်ပြနေကြတယ်။ ဒါကြောင့်မို့ ဒီပုံစံတွေဟာ ချေးငှားမှု၊ ဘဏ်တွေရဲ့ ရပ်တည်ချက်ကို ဂရုမစိုက်မှုနဲ့ ဒေဝါလီ ခံယူမှုတွေ စတာတွေနဲ့ ပတ်သက်တဲ့ အကြောင်းကို ဘာမှ မပြောဆိုထားပါဘူး။

အံ့သြစရာကတော့ ဒီလိုမျိုး ဘဏ်အကြောင်းကို ထည့်သွင်းစဉ်းစားမှု မပြုတဲ့ ဒီလိုမျိုး စီးပွားရေး ပုံစံတွေကို အဓိက စီးပွားရေး သရုပ်ခွဲတဲ့ နေရာတွေမှာ ဘဏ်တွေကိုယ်တိုင်က သုံးနေတုန်းပါပဲ။ သီအိုရီဆိုင်ရာနဲ့ ပတ်သက်လာရင် ကြက်သွန်နီ ခွာသလိုပဲ အခွံတစ်ခု ခွာလိုက်ရင် ပိုပြီး မွှန်တဲ့ အခွံတွေ ပေါ်လာသလိုပါပဲ။ စီးပွားရေးဟာ ကိုယ့်ဘာသာကိုယ် ပြန်လည် တည်ငြိမ်နိုင်စွမ်း ရှိတယ် ဆိုသလိုမျိုး ပါပဲ။ ဗဟိုဘဏ်ကနေ ဘယ်လို ပေါ်လစီမျိုးကို ကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ရင် အလိုအလျောက်ကိုပဲ လုပ်သားအင်အား အပြည့်အဝ ဖြစ်သွားမယ် ဆိုတာမျိုးဟာ တကယ့် အပြင်လောကမှာတော့ မဖြစ်နိုင်ပါဘူး။

ဒီလိုမျိုး တစ်ချောင်းထောက် တွေးခေါ်နည်းမျိုးကို ဥရောပမှာ ပိုပြီးတော့ သုံးစွဲနေကြပါတယ်။ ဥရောပ စီးပွားရေးဇုန်အတွက် သဘောတူညီချက်ဟာ “ စီးပွားရေး ပညာရှင်တွေကနေ မက်ခရို စီးပွားရေးရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပါပြီ။ နိမ့်ကျပြီး တည်ငြိမ်တဲ့ ငွေကြေးဖောင်းပွမှုနှုန်း ဟာ စီးပွားရေးအတွက် ရိုရိုး လိုအပ်ရုံတင် မကပါဘူး။ စီးပွားရေး အောင်မြင်ဖို့အတွက်ကိုပါ လိုအပ်ပါတယ်။ ” စတဲ့ ယူဆချက်အပေါ်မှာ အခြေခံနေပါတယ်။ ပိုပြီး ဆိုးရွားစေတာကတော့ ဂျာမနီရဲ့ ပုံစံဖြစ်တဲ့ စီးပွားရေးမှာ အစိုးရရဲ့ တရားဝင် လုပ်ဆောင်ရမှာကတော့ ယှဉ်ပြိုင်မှုအတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖို့၊ ဒီစည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဆောင်ရွက်စေဖို့ နဲ့ ဈေးနှုန်းတည်ငြိမ်ဖို့ ပါပဲ ဆိုတဲ့ အတွေးအခေါ်နဲ့ ပေါင်းစပ်ခဲ့ခြင်းပါပဲ။

ဒီလိုမျိုး စီးပွားရေး ဆိုင်ရာ အတွေးအခေါ်တွေကို ပညာရှင်တွေက ဘယ်လိုမျိုး ချေဖျက်နိုင်မှာလဲ။

ရှင်းလင်းတဲ့ အဖြေတစ်ခုကတော့ အတွေးအခေါ်သစ်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ပါပဲ။ အတွေးအခေါ် အများအပြားကို တိုရွန်တိုမှ စီးပွားရေး ပညာရှင်တွေကနေ တင်ပြခဲ့ကြပါတယ်။ ငွေကြေးဆိုင်ရာ ပြောင်းလဲမှုနှုန်းကို မပြည့်စုံသေးသော စီးပွားရေး အသိပညာလို့ ခေါ်တဲ့ နည်းလမ်းနဲ့ ခန့်မှန်းမှု၊ နည်းပညာဆိုင်ရာ တီထွင်ဖန်တီးမှု စီးပွားရေးမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှု၊ ဈေးနှုန်း အတက်အကျ သံသရာရဲ့ ပြောင်းလဲခြင်းကို ဆန်းစစ်လေ့လာမှု၊ ဘဏ္ဍာရေး ဆိုင်ရာ မတည်ငြိမ်မှုတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းတွေကို လေ့လာသုံးသပ်တဲ့နေရာမှာ ရှုပ်ထွေးတဲ့ သင်္ချာနည်းစံနစ်များကို အသုံးချ လုပ်ဆောင်မှု၊ ပညာရေးရဲ့ စီးပွားရေးဆိုင်ရာများနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သုတေသန ပြုလုပ်မှု၊ ပုံမှန် စီးပွားရေးဆိုင်ရာ ပညာရေးက လျစ်လျူရှုထားတဲ့ ဘာသာရပ်တွေကို ဖော်ထုတ်ဖွံ့ဖြိုးစေမှုနဲ့  စီးပွားရေး သမိုင်းကို အလုပ်ရုံဆိုင်ရာ ဆွေးနွေးပွဲများမှ ပြန်လည် လေ့လာမှု စတာတွေကို တင်ပြခဲ့ပါတယ်။

 ဒီလိုမျိုး စတင်လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ကြပေမဲလည်း မှားယွင်းကြောင်း သက်သေပြနေတဲ့ ငွေကြေးဖောင်းပွမှု သက်မှတ်ချက်၊ ပြန်လည် တည်ငြိမ်နိုင်စွမ်းရှိ ဈေးကွက် ၊ အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစရိတ် ပေါ်လစီနဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေး ပေါ်လစီ ခွဲခြားထားမှု စတဲ့ အတွေးအခေါ်ဟောင်းတွေဟာ ဆက်လက်ပြီး တည်ရှိနေတုန်းပါပဲ။ ဒီလို အတွေးအခေါ်ဟောင်းတွေကို ကျော်ဖြတ်နိုင်ဖို့ဟာ စီးပွားရေး ဆိုင်ရာတင်မကဘဲ နိုင်ငံရေး ဆိုင်ရာတွေကိုပါ ထည့်သွင်းစဉ်စားမှသာ ဖြစ်ပေါ်လာနိုင်မှာပါ။

ဟားဗတ် တက္ကသိုလ်မှ အတွးအခေါ် ပညာရှင် မိုက်ကယ်ဆန်းဒဲမှ ဆွေးနွေးပွဲမှာ အခုလို ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခု၊ လေးခုလောက်မှာဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ “ ဈေးကွက်စီးပွားရေးသည် အားလုံးသော မေးခွန်းများကို ဖြေဆိုနိုင်ပြီး အားလုံးသော ပြဿနာများကို ဖြေရှင်းနိုင်သည် ” ဆိုတဲ့ ယုံကြည်ချက်နဲ့ နေထိုင်ခဲ့ကြပါတယ်။ အဲ့ဒီလို ဈေးကွက်အပေါ် မေးခွန်းမထုတ်ဘဲ နေခဲ့တဲ့ အချိန်ဟာ နိုင်ငံရေးကနေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေနဲ့ ပြည်သူလူထုဆိုင်ရာ ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွားတဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ ဈေးကွက်ရဲ့ ဆင်ခြင်နိုင်စွမ်းဟာ ကုန်ပစ္စည်းတွေနဲ့ ဝင်ငွေအပေါ်မှာ အဆုံးအဖြတ် မလုပ်ဖို့ ပြောကြားနေပေမဲ့ ကိစ္စရပ်တော်တော်များများမှာတော့ ကျွန်တော်တို့ဟာ စိတ်ဓာတ်နဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ သုံးသပ်ချက်တွေကို ပြုလုပ်ရမှာပါ။ စီးပွားရေးသစ်တွေရဲ့ တွေးခေါ်မှုဟာ အခုဆိုရင် စီးပွားရေးအဟောင်းတွေရဲ့  တွေးခေါ်မှုဆိုင်ရာနဲ့ ဆက်စပ်တွေးခေါ်မှု ပိုပြီး လိုအပ်လာပါပြီ။ အဒမ်စမစ်ကို အခြေခံတဲ့ ထုံးတမ်းစဉ်လာ စီးပွားရေး ပညာရှင်တွေဟာ စီးပွားရေးကို တန်ဖိုးသက်မှတ်ချက် သိပ္ပံပညာရပ်အဖြစ်ရော အလိုအလျောက် စည်းကမ်းထိန်းသိမ်းတဲ့ အဖြစ်နဲ့ပါ မမြင်ခဲ့ကြပါဘူး။ သူတို့အားလုံးက စီးပွားရေးဟာ စိတ်ဓာတ်ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေး တွေးခေါ်မှုရဲ့ အောက်ခံနယ်ပယ် အဖြစ် နားလည်ခဲ့ကြပါတယ်။ ပြောရရင် စီးပွားရေးဟာ အမြဲတမ်းဆိုသလိုပဲ သီးခြားနိုင်ငံရေးဆိုင်ရာ လုပ်ဆောင်မှု တစ်ခုပါပဲ။ စီးပွားရေး စံနစ်ဟာ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ၊ အစိုးရနဲ့ စီးပွားရေးဟာလည်း တကွဲတပြား မဟုတ်ဘဲ အတူတူ လုပ်ဆောင်ရမှာပါ။ ၂၀၀၈ ခုနှစ် အကျပ်အတည်းကနေ ရုန်းထွက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရင်းရှင်စံနစ်ရဲ့ အဆင့်သစ်ကို ရောက်ရှိနေတဲ့ အချိန်မှာ ဒီအကြောင်းအရာတွေဟာ စီးပွားရေး ပညာရှင်တွေ အဓိက ပြန်လည်ရှာဖွေရမဲ့ အချက်တွေပါပဲ။

အနာတိုလီ ကလပ်စကီ

INET’s ၏ အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့ဝင်၊ Gavekal Dragonomics ၏ ပူးတွဲ ဥက္ကဌ၊ ယခု တွေးခေါ်မှု အများအပြားကို ဖြစ်ပေါ်စေခဲ့သည့် အရင်းရှင်စံနစ် ၄.၀ စာအုပ်ကို ရေးသားသူ။

http://blogs.reuters.com/anatole-kaletsky/2014/04/19/time-to-stop-following-defunct-economic-policies/

Ref: Reuters Blog

ဘာသာပြန်သူ

ကိုဒူး
The Myanma Age