ခင်ပွန်းဖြစ်သူ လူမှုရေးဖောက်ပြန်နေသည်ကိုတွေ့ရှိခဲ့သည့် ဇနီးမှ ကတ်ကြေးဖြင့်ထိုးခဲ့သဖြင့် ခင်ပွန်းသေဆုံး
														ပို့စ်တင်ချိန်
														- 4/22/2014 06:14:00 PM
ရန်ကုန်၊ ဧပြီ ၂၂
၂၂.၄.၂၀၁၄ရက်နေ့ ၀၄၀၀အချိန်ခန့်တွင် ဒဂုံမြောက်မြို့နယ်၊ (၄၈)ရပ်ကွက်၊
အောင်တံခွန်လမ်းရှိ ၀ါးရုံတောအတွင်း ကိုရဲကျော်၊(၂၀)နှစ်ကို လူမှုရေးဖောက်ပြန် နေသည်ကိုတွေ့ရှိခဲ့သည့် ဇနီးမှ ကတ်ကြေးဖြင့်ထိုးခဲ့၍ ၀ဲရင်အုံအထက်၌ ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ
မြောက်ဥက္ကလာပဆေးရုံ၌ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသ
လျက်ရှိပါသည်။
ဖြစ်စဉ်မှာ ဒဏ်ရာရရှိသူ ကိုရဲကျော်သည် ၎င်းနှင့်ချစ်ကြိုက်နေသော မအိဖြူ၊ (၂၆)နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူနှင့်အတူ အဆိုပါဝါရုံတောအတွင်း
အိပ်နေစဉ် ကိုရဲကျော်၏ဇနီးဖြစ်သူ မဇင်မာသက်၊ (၂၃)နှစ်၊(ဘ)ဦးမောင်ရှမ်း
မှတွေ့ရှိခဲ့သဖြင့် မကျေမနပ်ဖြစ်ပြီး ကတ်ကြေးဖြင့်ထိုးခဲ့၍ဒဏ်ရာရရှိခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူမဇင်မာသက်ကိုအရေးယူပေးရန် ရဲကျော်၏မိခင်
ဖြစ်သူ ဒေါ်စောသက်ထူးမှတိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မ
ရဲစခန်း (ပ)၂၀၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်ကာ အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။
အမှုမှဒဏ်ရာရရှိသူ ကိုရဲကျော်မှာ မြောက်ဥက္ကလာပဆေးရုံ၌ ဆေးကုသမှု
ခံယူနေစဉ် ၁၀၅၀အချိန်တွင် သေဆုံးသွားသဖြင့် အမှုကို ပြစ်မှုပုဒ်မ-၃၂၆ မှပြစ်မှုပုဒ်မ-၃၀၂ သို့ပြောင်းလဲဖွင့်လှစ်ကာ ဆက်လက်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
