သရုပ်ဆောင်ရဲတိုက်ကို ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခဲ့ခြင်းအတွက် အယူခံဝင်မယ့် ဆာတိုရီဗီဒီယိုထုတ်လုပ်ရေး ပရိုဂျူဆာ ဦးမျိုးဇော် (ဒါရိုက်တာ ရီဇော်) နဲ့ တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 4/22/2014 09:00:00 PM


သရုပ်ဆောင်ရဲတိုက်ကို ပဲခူး တိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တရားရုံးကနေပြီး မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ)အရ ဧပြီလ ၇ ရက်နေ့က အလုပ် ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် အမိန့်ချ မှတ်လိုက်ပါတယ်။ ရဲတိုက်ကို ၂ဝ၁၃ ခုနှစ်ဇူလိုင် ၄ ရက်နေ့က ပဲခူး တိုင်း ဒေသကြီး၊ ကျောက် တံခါးမြို့နယ်မှာ ဆေးခြောက်လို့ယူဆရနိုင်တဲ့အရွက် ခြောက်တစ်ကျပ်သားခန့် ကို လက် ဝယ်တွေ့ရှိမှုနဲ့ စတင်ဖမ်းဆီးစစ် ဆေးခံရပြီးနောက် ဆီးထဲမှာ မူး ယစ်ဆေးဝါး ပါဝင်မှုမရှိခဲ့တဲ့အတွက် ပုဒ်မ ၁၅ ပြုတ်ကျသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆/(ဂ)နဲ့ ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ကျောက်တံခါးမြို့နယ် တရား ရုံးက ဧပြီ၇ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆နှစ်လို့ အမိန့်ချခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်ရဲတိုက်ဟာ တောင်ငူထောင် မှာ ပြစ်ဒဏ် ကျခံနေရပြီး အယူခံကို တစ် လအတွင်းဝင်ရမှာဖြစ်တာမို့ ဆာတို ရီထုတ် လုပ်ရေးရဲ့ပရိုဂျူဆာ ဦးမျိုး ဇော်(ဒါရိုက်တာရီဇော်)ကလည်း အခု အချိန်မှာ အယူခံကို အမြန်ဆုံး ဝင် နိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

► အစ်ကို့အနေနဲ့ တစ်လအတွင်း အယူခံဝင်ရမှာဆိုတော့ အခုဘာတွေပြင်ဆင်နေပါပြီလဲ။

မြို့နယ်တရားရုံးက အမိန့်ချလို့ ရှိရင် တစ်လအတွင်းမှာ အယူခံဝင်ရတယ်။ အဲဒီလိုဆိုတော့ အခုသင်္ကြန် တွင်းက ခံနေပါတယ်။ ရှေ့နေ က အယူခံ လိုက်တဲ့ အခါ မြို့ နယ်မှာပဲ လိုက်လို့ရ တော့ ပဲခူး က ရှေ့နေတစ်ယောက်နဲ့အခုချိန်း ထားတယ်။ ရှေ့နေကို စာရွက်စာတမ်းတွေ လွှဲပြီးတော့ လျှောက်လဲချက်အ တွက် ပြင်ဆင်ရမှာပေါ့။ သင်္ကြန်ပြီးမှပဲ အယူခံတင်နိုင်မှာပေါ့။

► တကယ်လို့ အယူခံဝင်တာ မအောင်မြင်ခဲ့ရင် အခုချမှတ်လိုက်တဲ့ စီရင်မှုပြစ်ဒဏ်အပေါ် ဘယ်လိုသဘောထားရှိပါမလဲ။

အယူခံကတိုင်းကို အယူခံဝင်မှာပါ။ မရဘူးဆိုရင်တိုင်းနဲ့ လွှတ်တော်ကို အယူခံဝင်လို့ရသေးတယ်။ အယူခံက အောင်မယ်။ မအောင်ဘူးဆိုတာတော့ တပ်အပ်မပြောနိုင်ဘူး။ အယူခံတစ်ဆင့် မအောင်ရင် နောက်တစ်ဆင့် အဆင့်ဆင့်သွားရ တာကိုး။

► ရဲတိုက်နဲ့ ဘယ်နှခုနှစ်ကတည်းကစတင်လက်တွဲခဲ့ပြီး ဇာတ်ကားပေါင်း ဘယ်လောက်အထိ ရိုက်ကူးပြီးပြီလဲ။ ဘယ်လောက်အထိ ထုတ်လုပ်ဖြန့်ချိဖို့ လက်ကျန်အခွေ ရှိနေသေးပါသလဲ။

ဆာတိုရီစတည် ထောင်တဲ့ ၂ဝဝ၅ ခုနှစ်က စတင်ပြီးတော့ ရဲတိုက်နဲ့ လက်တွဲတယ်။၂ဝဝ၆ခုနှစ်မှာ " အမှောင်ငွေ့ရနံ့" ဆိုတဲ့ ဇာတ်ကားစ ရိုက်တယ်။ အခုအထိဆိုရင် ဇာတ်ကားပေါင်း ၄၆ ကားအထိရှိသွားပြီ။ အခုဖြန့်ဖို့ ကျန်နေသေးတာကတော့ ရန်ကုန်အတွက် နောက်ဆုံးတစ်ကား ကျန်သေးတယ်။ အထက် မြန်မာပြည်အတွက်ဆိုရင်တော့ ၃ ကားလောက် ကျန်သေးတယ်။

နောက်ဆုံးဖြန့်ဖို့ကျန်တဲ့ ဇာတ်ကားနာမည်က " နတ္ထိဟင်းလင်းပြင်" တဲ့ ရဲတိုက်နဲ့ စန္ဒီမြင့်လွင်ပေါ့။ နောက်ဆုံးရိုက်လက်စတန်းလန်းကြီး ဇာတ် ကားကတော့ စံရတီမိုးမြင့်နဲ့။ မပြီးသေးဘူး။ ရဲတိုက်က စိတ်ကောင်းနှ လုံးကောင်းရှိတယ်။ လူတွေကိုလည်း ကြင်နာတတ်တယ်။ ပြီးတော့ အလုပ်လုပ် ရင်လည်း ပြင်း ပြင်းထန်ထန်လုပ်တတ်တယ်။ သူနဲ့ အလုပ်လုပ်ရတာ စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ပျော်ရွှင်စရာကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက အလုပ်လုပ်ရင် စိတ်ရောကိုယ်ပါ နှစ် ပြီးလုပ်တဲ့ အတွက် ပင်ပန်းတယ်။

► ရဲတိုက်နဲ့ ဆက်ပြီး လက်တွဲသွားဖို့ အစီအစဉ်ရှိပါသေးလား။

ကျွန်တော်တို့ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ဖို့အတွက် ပြင်ဆင်နေတဲ့ ကာလမှာ သူအခုလို ဖြစ်သွားတာ။ ရုပ်ရှင်ကားကြီးရိုက်ဖို့အတွက် ကင်မရာမှာ တယ်။အမေရိကကနေ လှမ်းမှာ တာ။ Red one ကင်မရာ။ အခု တော့ ရောက်လာပြီ။ ခြောက်လ၊ တစ်နှစ်စောင့်လိုက်ရတယ်။ Red one ကင်မရာရောက်လာပြီး ရိုက်ဖို့ ပြင်ဆင်နေချိန်မှာ ဆာတိုရီကနေပြီး ရဲတိုက်ရှိနေစဉ်မှာပဲ မျိုးဆက်သစ် တွေရှာတယ်။ မျိုးဆက်သစ်တွေကို ရန်ကုန်၊မန္တလေးဘက်တွေမှာ ရှာတယ်။ လူပေါင်း ၅ဝဝကျော်ထဲမှာ မင်းသား ဒေါင်းနဲ့ မင်းသမီး ရွှေသမီးတို့ ထွက်ပေါ်လာတယ်။

အခုလည်း "ရွှေသမီး" ကို ရဲတိုက်နဲ့ တန်ခူးရင်ခွင် ဇာတ်ကား ရိုက်ခဲ့ တယ်။ ရွှေသမီးကို တော့ အဲဒီတစ်ကားပဲ ရိုက်ရသေးတယ်။ " ဒေါင်း" နဲ့ တစ်ကားရိုက်ပြီးသွားပြီ။ " သူငယ်ချင်းများ" ဆိုတဲ့ ဇာတ်ကား။ ရဲတိုက်နဲ့လည်း အခုအမှု ကိစ္စတွေ ပြီးသွားရင် "ဒေါင်း" နဲ့ အပြိုင်ရုပ်ရှင်ဇာတ်ကားကြီးရိုက် ဖို့အတွက် ဇာတ်လမ်းတွေ ပြင်ဆင်ထားတယ်။အဲဒီတော့ လွတ်လာတာနဲ့ ရုပ်ရှင်ကားကြီးရိုက်မယ်။ အခုမလွတ်လာသေးခင်မှာလည်း တခြားကားတွေ ရိုက်ပါဦးမယ်။ တိုက်ပိုင်မင်းသားရော၊ တခြားမင်းသားတွေရော အကုန်လုံးနဲ့ ဇာတ်လမ်းကို ကြည့်ပြီး ရိုက်ပါမယ်။

► ၂ဝ၁၁ ခုနစ်၊ ဖေဖော်ဝါရီက စတင်တည်ထောင်ခဲ့တဲ့ ရဲတိုက်ဖောင်ဒေးရှင်းကကောဘာတွေ ဆက်ပြီး လုပ်ဆောင်နေပါသလဲ။

ရဲတိုက်ဖောင်ဒေးရှင်းကတော့ ရဲတိုက်က အဖမ်းခံရတဲ့အချိန်ကတည်းက စပြီးတော့ ရပ်ထားတယ်။ ရဲတိုက်ဖောင်ဒေးရှင်းကို အဓိက တည်ထောင်သူက ရဲတိုက်ပဲဖြစ်တဲ့ အတွက် ကျွန်တော်တို့က ဝိုင်းဝန်းကူ ညီကြတာပါ။ ဒီမှာလည်း ဂေါပက အဖွဲ့လည်း ရှိပါတယ်။ အဲဒီ တော့ ဂေါပက အဖွဲ့ကလည်းသူကိုယ် တိုင်ရှိမှ ဆက်လုပ်တာကောင်းမယ် ဆိုပြီး ဆုံးဖြတ်ထားတော့ ခေတ္တခဏ ဆိုင်းငံ့ထားမယ်ဆိုပြီး ဆိုင်းငံ့ထား တယ်။ဖောင်ဒေးရှင်းငွေတွေကတော့ ဘဏ်ထဲမှာ အပ်ထားတာပါ။ ရဲ တိုက်ဖောင်ဒေးရှင်းကတော့ ဆက်ရှိ နေပါမယ်။

► ဧပြီ၁၁ရက်နေ့က ရဲတိုက် မွေးနေ့ဆိုတော့ သူ့ရဲ့ဘယ်နှနှစ်ပြည့်မွေးနေ့လဲ။ ဆာတိုရီအနေ နဲ့ ဘာလုပ်ပေးဖို့ အစီအစဉ်ရှိပါဦးမလဲ။

အသက်၃ဝပြည့်ပါ။ မွေးနေ့ အစီအစဉ်ဘာလုပ်ပေးမယ်လို့တော့ မရှိပါဘူး။ အဲဒီနေ့တောင်ငူထောင်ကို သွားပြီးတော့ ထောင်ဝင်စာ သွား တွေ့ပါမယ်။ ထောင်ဝင်စာ တွေ့ရင်း နဲ့ အယူခံဝင်မယ့် အကြောင်းတွေ ပြောပြပါမယ်။

မနှစ်က ရဲတိုက် အသက်၂၉ နှစ်တုန်းက ကချင်ပြည် နယ်နဲ့ တရုတ်ပြည်နယ်စပ်က ဒုက္ခ သည်စခန်းတွေဆီကို သွားပြီးတော့ အဆောက်အအုံ ၂ လုံးသွား ဆောက်ပေးရင်း သွားလှူတာ။ လှူပြီးအပြန်လမ်းမှာ တိုက်ပွဲဖြစ် နေတာနဲ့ သွားကြုံတော့ မြစ်ကြီး နားနဲ့ တရုတ်ပြည်နဲ့ဖောက်ထားတဲ့ လမ်းပိုင်းတစ်နေရာက လမ်းဘေး မှာရှိတဲ့ စားသောက်ဆိုင်တဲလေး ပေါ်မှာ တစ်ညလုံးနားလိုက်ရတယ်။ ပစ်ခတ်နေတဲ့ ကျည်ဆန်သံတွေ ကြားရတယ်။ ကြောက်ကြောက်နဲ့ အဲဒီတဲလေးမှာနေကြရင်း သူ့ရဲ့ ၂၉နှစ်ပြည့်မွေးနေ့ကို ဖြတ်သန်း ခဲ့ရတယ်။ အဲဒီဆိုင်က ကောင်မလေး က ခေါက်ဆွဲတွေကို ပြုတ်ပြီး ကျွေး တယ်။ အဲဒီမှာက တအားအေးတော့ တဲလေးထဲမှာ မီးပုံလေးလုပ်ပြီးတော့ အဲဒီနားမှာပဲ သူအိပ်ခဲ့ရတယ်။ အဲဒီ တုန်းက မြစ်ကြီးနားမှာ ၇ရက် လောက်ကြာခဲ့တယ်။ စစ်ဘေး ဒုက္ခ သည်စခန်းတွေကို လိုက်ပြီးတော့ လှူဒါန်းတာပါ။

► ဖြည့်စွက်ပြောပြပေးချင်တာ ဘာများရှိပါဦးမလဲ။

ပြောချင်တာဘာလဲဆိုတော့ ဂျာနယ်အတော်များများမှာ မှားယွင်း ရေးနေတာက ပုဒ်မ၁၅ မူးယစ်ဆေး ဝါးသုံးစွဲမှု၊ ပုဒ်မ၁၆/(ဂ) လက် ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် (၆) နှစ်ချလိုက်တယ်လို့ မှားယွင်းပြီးရေး နေကြတယ်။ တကယ်တော့ ပုဒ်မ ၁၅မူးယစ်ဆေးဝါးသုံးစွဲမှုက ရဲတိုက် ကိုဖမ်းဆီးတဲ့အခါမှာ ဆီးစစ်တယ်။ ဆီးစစ်ပြီး ဆီးအဖြေထွက်လာတဲ့ အခါမှာ ဆီးမှာမူးယစ်ဆေးဝါးသုံးစွဲ ထားတဲ့ လက္ခဏာမတွေ့ရတဲ့အတွက် ပုဒ်မ ၁၅က ပြုတ်သွားပြီ။ တရားရုံး ကို တရားစွဲတင်တဲ့အခါမှာ ၁၆/(ဂ) လက်ဝယ်တွေ့ရှိမှုပေါ့။ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှု တစ်ခုတည်းနဲ့ပဲ တရားစွဲဆိုတာပါ။ အခုအမိန့်ချလိုက်တာကလည်း ပုဒ် မ၁၆/(ဂ) တစ်ခုတည်းနဲ့ပဲ ၆ နှစ်ချ လိုက်တာပါ။

ထက်လူလူ
Popular Journal