Feature သစ် အချို့ပါဝင်လာသည့် Android Hangouts update ဖြန့်ချိ

ပို့စ်တင်ချိန် - 4/22/2014 04:59:00 PM


ပြီးခဲ့သည့် ရက်အနည်းငယ်က Google သည် thread တစ်ခုအတွင်း တူညီသည့် contact မှ Hangout conversations နှင့် text message များကို ပေါင်းစပ်ထားနိုင်သည့် feature အပါအဝင် အခြား feature သစ် အချို့ပါဝင်သည့် Android Hangouts update ကို မိတ်ဆက် ပြသခဲ့သည်။

အဆိုပါ Hangouts ဗားရှင်း 2.1 တွင် အသုံးပြုသူများသည် message များပို့ရန် ရွေးချယ်မှု နှစ်ခု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း Google အင်ဂျင်နီယာ Mike Dodd က Google+ message တွင် ရေးသားခဲ့သည်။ သုံးစွဲသူများ အနေဖြင့် conversation များကို ခွဲထုတ်နိုင်ရန် option တစ်ခုထည့်သွင်း ပေးထားပြီး သို့မှသာ conversation အတွင်း message ပုံစံအမျိုးမျိုးကို ခွဲခြားသိနိုင်မည် ဖြစ်ကြောင်း Dodd ကရေးသားခဲ့သည်။ Hangouts update တွင် ကဏ္ဍနှစ်ခု ခွဲထားသည့် ရိုးရှင်းသော contact list ပါဝင်ပြီး သုံးစွဲရလွယ်ကူကာ text messaging တို့ကို လွယ်ကူစွာ အသုံးပြုနိုင်မည်ဟု သိရသည်။

ထို့အပြင် ၎င်းတွင် ပါဝင်သည့် homescreen widget အသစ်သည် conversation များပြုလုပ်ရာတွင် မြန်ဆန်ကာ video call များခေါ်ဆိုရာတွင်လည်း ပိုမို ကောင်းမွန်သည့် အရည်အသွေး ရရှိမည် ဖြစ်ကြောင်း Google ကပြောကြားထားသည်။ အဆိုပါ update ကို ယခု ရက်သတ္တပတ်အတွင်း သုံးစွဲသူများထံသို့ ဖြန့်ချိပေးခြင်း သို့မဟုတ် Google Play store မှ download ပြုလုပ်နိုင်ခြင်းတို့ဖြင့် update ရရှိနိုင်မည် ဖြစ်သည်။

Ref: CNET
Internet Journal