ကွမ်းခြံကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် တိုးမြစ်ရေတက်မှု သတင်း

ပို့စ်တင်ချိန် - 7/26/2013 01:55:00 PM

ရန်ကုန်၊ ဇူလိုင် ၂၆

၂၅.၇.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန်တွင် မိုးသည်းထန်စွာ
ရွာသွန်းမှုနှင့် တိုးမြစ်ရေတက်မှုတို့ကြောင့် ကွမ်းခြံကုန်းမြို့နယ်၊ အင်းကွပ်ကျေးရွာ၊ အ.မ.က ကျောင်း၊ ဆိပ်ကြီးကျေးရွာ
အ.မ.က ကျောင်း၊ မယ်ဇလီစမ်းကျေးရွာ အ.မ.က ကျောင်းနှင့်
အင်္ဂပူကျေးရွာ အ.မ.က ကျောင်းတို့၏ ကျောင်းဝင်း အတွင်း
ရေ၀င်ရောက်မှုမရှိသော်လည်း ကျောင်းသား/သူများ သွားလာရာ တွင်အခက်အခဲရှိသည့်အတွက် ၂၅.၇.၂၀၁၃ ရက်နေ့နှင့်
၂၆.၇.၂၀၁၃ ရက်နေ့ (၂)ရက်အားပိတ်ထားခဲ့ပါသည်။

အဆိုပါကျောင်းပိတ်ရက်(၂)ရက်အား လာမည့်ကျောင်းပိတ်ရက်များ
တွင် အစားထိုးပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့ပေါ်ရပ်ကွက်ရှိ တော်ပုလွဲ အ.မ.က ကျောင်းမှာဖွင့်လှစ် ထားရှိသော်လည်း ကျောင်းပတ်ဝန်းကျင်တွင်
ရေများတက်နေသည့်အတွက် ကျောင်းသူ/သားအနည်းငယ် သာတက်ရောက်ခဲ့ပါသည်။

မြို့ပေါ်ရပ်ကွက်ရှိ လမ်းများတွင်လည်း ရေအမြင့်(၂)ပေအထိ တက်ရောက်လျက်ရှိကြောင်းနှင့် ရေမြင့်တက်မှုကြောင့်
လူ/တိရစ္ဆာန်/အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police