Google ရဲ့  Nexus 7 Tablet အမှန်တကယ်လာပြီ

ပို့စ်တင်ချိန် - 7/26/2013 10:02:00 AM


ယခင်ထွက်ပေါ်နေတဲ့ သတင်းများအတိုင်း အမှန်တကယ် Android
Version 4.3 နဲ့ထွက်ရှိလာခဲ့ပါပြီ။ယခင်က ခန့်မှန်းထားတဲ့ ဈေးနှုန်းအတိုင်း
ဒေါ်လာ ၂၃၀ နှင့် ၂၇၀ ဝန်းကျင်နဲ့ဖြန့်ချိမယ်လို့ကြေငြာထားပါတယ်။

မျက်နှာပြင်အကျယ် ၇ လက်မနှင့် သာမန် tablet တွေအသုံးပြုထားတဲ့
1280 x 800, 216ppi Resolution ထက်မြင့်တဲ့ 1920 x 1200 full HD
မျက်နှာပြင် 323ppi ကိုအသုံးပြုထားပါတယ်။

Processor အနေနဲ့ 1.4GHz quad-core Qualcomm Snapdragon S4 Pro chip ကိုအသုံးပြုထားပြီး ရှေ့ကင်မရာ 1.2MP နှင့် နောက်ကင်မရာ 5MP
အသုံးပြုထားပါတယ်။

အပါးလွှာဆုံးအနေနဲ့ ယခင် ထွက် ရှိပြီး Nexus ထက် ၂ မီလီမီတာ ပိုပါးသွားပြီး RAM 2GB အသုံးပြုထားပါ
တယ်။ပုံစံနှစ်မျိုးထုတ်လုပ်ထားပြီး 32GB အတွက် ကန်ဒေါ်လာ
၂၃၀(ပေါင် ၁၅၀)နှင့် 64GB အတွက် ကန်ဒေါ်လာ ၂၇၀(ပေါင် ၁၇၅)နဲ့
စက်တင်ဘာ ၁၃ ရက်နေ့ ဗြိတိန်မှာ စတင်ဖြန့်ချိတော့မယ်လို့သိရပါတယ်။

Ref:Stuff Uk
Khun Nay(August Myanmar Media Group)