ငါးဖမ်းစက်လှေ၌ လူသေအလောင်း ပါရှိလာ

ပို့စ်တင်ချိန် - 7/26/2013 10:09:00 AM


၂၄.၇.၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန် ဆိပ်ကမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရွှေဇာမဏီ(၁) ငါးဖမ်းစက်လှေတွင် လူသေအလောင်း တစ်လောင်း ပါရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဧရာဝတီတိုင်း ဒေသကြီး ပြင်စလူမြို့နယ် ကိုင်းတောကျေးရွာနေ ကိုကြည်တင် ၂၄နှစ်၊ လှေသား၊ (ဘ)ဦးစိန်သောင်း ဖြစ်ပြီး ၎င်းသည် ၂၃.၇.၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန်ခန့်တွင် မြန်မာ့ပင်လယ်ပြင် ဧရာဝတီ ငါးဖမ်းကွက်၌ ပိုက်ဖေါ်ရန်အတွက် ရေထဲသို့ကျနေသော ခါးစည်းကြိုးအား ကုန်၍ဆွဲယူစဉ် လှိုင်းပုတ်ကာရေထဲသို့ပြုတ်ကျပြီး ပိုက်သားအုပ်မိသဖြင့် ရေမွန်းအသက်ရှုကြပ် သေဆုံးသွားကြောင်း ပဲ့နင်းကြီး ဦးကျော်စံလင်း (ဘ)ဦးမြသာ မှ ပြောပြသိရှိရပါသည်။

၎င်းလှေသား ကိုကြည်တင် သေဆုံးရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၀/၂၀၁၃)ဖြင့်ရေးဖွင့်ကာ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police