စက်တင်ဘာလဟာ မိုးနှောင်း ကာလဖြစ်လို့ မိုးနှောင်းမိုးရရှိမှုတွေ လျော့နည်းပြီး၊ မုတ်သုံလေအထွက်စောမှုတွေကိုတော့ ကြုံတွေ့လာနိုင်ပါတယ်

ပို့စ်တင်ချိန် - 8/23/2013 01:36:00 PM


ှဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ အားလုံးသတိရှိနေဖို့ပါခင်ဗျာ။ ခုလိုပြောပြတဲ့ ဆရာ ဒေါက်တာထွန်းလွင်ကို ကျေးဇူးတင်ပါတယ်။

နောက်ဆုံးအကျဉ်းချုပ်ကတော့..
(၁) (၂၁-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ)နဲ့အထက် ရွာသွန်းခဲ့တဲ့ ဒေသများနဲ့ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မြစ်ရေဖုံးလွှမ်းခံရဖို့အလားအလာတွေ မြင့်မားလာတဲ့နေရာဒေသတွေကို နာဆာဂြိုဟ်တုများက တိုင်းတာပေးချက်အရ ရခိုင်ပြည်နယ်(စစ်တွေမြို့ နဲ့ကျောက်ဖြူမြို့နယ်များ)၊ပဲခူးတိုင်း(ပြည်မြှို နဲ့ ပဲခူးမြို့နယ်များ)၊ ရန်ကုန်တိုင်း (မင်္ဂလာဒုံမြို့နယ်) နဲ့ မွန်ပြည်နယ်(သထုံမြို့နယ်) တို့ဖြစ်ကြပါတယ်။

(၂) (၂၁-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် (၂၄)နာရီအတွင်း မိုးရေချိန် ၃၅ မမ(၁.၄ လက်မ)နဲ့အထက် ရွာသွန်းခဲ့တဲ့ ဒေသများနဲ့ မိုးသည်းထန်စွာရွာသွန်း မှုကြောင့် မြေပြိုမှုအလားအလာရှိနေတဲ့ဒေသတွေကို နာဆာဂြိုဟ်တုများရဲ့ တိုင်းတာချက်အရ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ် တို့မှာ တွေ့နေ ရပါတယ်။

(၃) ၂၀၁၃ ခုနှစ်အတွင်း ပစိဖိတ်သမုဒ္ဒယာအနောက်ပိုင်းမှာ (၁၂)လုံးမြောက်ဖြစ်ပေါ် ခဲ့တဲ့ အပူပိုင်းမုန်တိုင်း TRIMA ဟာ တရုတ်နိုင်ငံအလယ်ပိုင်းကမ်းခြေ ကို ဖြတ်ကျော် ၀င်ရောက်သါားခဲ့ပြီဖြစ်ပါတယ်။ ကုန်တိုင်းပိုင်းမှာအနောက်ဖက်ကို ဆက်လက်ေ၇ွ့ မယ်လို့ ခန့်မှန်းထားပေမယ့် လတ္တီတွဒ်မြင့်နေတဲ့အတွက် မြန်မာနိုင်ငံအပေါ် မှာတော့ အကျိုးသက်ရောက်မှု နည်းနိုင်ပါတယ်။

(၄) (၂၂-၈-၂၀၁၃)ရက်နေ့မှာ တွေ့နေရတဲ့ ရေဖုံးလွှမ်းမှုဘေးကြုံတွေ့နှိုင်တဲ့ အလားအလာမြင့်မားနေတဲ့ ဒေသတွေကတော့ စစ်တွေ၊ ကျောက်ဖြူ၊ ပြည်၊ ပဲခူး၊ မင်္ဂလာဒုံ နဲ့ သထုံ ဒေသများ ဖြစ်ကြပါတယ်။

(၅) ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်မှ (၂၇)ရက်တာကာလအတွက် ရက်သတ္တပတ်အတွင်း လွန်ကဲရာသီဥတု အခြေအနေခန့်မှန်းချက်များကို အမေရိကန်ပြည်ထောင်စုရှိ ရက်လတ်/ရက်ရှည်ခန့်မှန်းရေးဗဟိုဌာနများမှ ထုတ်ပြန်ခဲ့ရာ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံနဲ့ အင်ဒိုချိုင်းနားနိုင်ငံ အများစု တို့မှာ မိုးရွာသွန်းမှု လျော့နည်းနိုင်တယ်လို့ခန့်မှန်း ထားပါတယ်။ ဘင်္ဂလားပင်လယ်အော် နဲ့ တောင်တရုတ် ပင်လယ်ပြင် တို့မှာလည်း မုန်တိုင်းများဖြစ်ပေါ်မှု လျော့နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအချက်များအရ လ်ာမယ့် သြဂုတ်လအကုန်အထိ မုတ်သုံလေအင်အား၊ မိုးရွာသွန်းမှုအင်အား၊ မုန်တိုင်းဖြစ်ပေါ်မှု တွေအားလုံး လျော့နည်းသွားစရာရှိနေတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ရေကြီးမှုအလားအလာမြင့်မားနေမှုတွေကို အရှိန်လျော့ ကျသွာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စက်တင်ဘာလဟာ မိုးနှောင်း ကာလဖြစ်လို့ မိုးနှောင်းမိုးရရှိမှုတွေ လျော့နည်းပြီး၊ မုတ်သုံလေအထွက်စောမှုတွေကိုတော့ ကြုံတွေ့လာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
Popular Journal