Canon က First Facebook-ready camera ကိုထုတ်ဖော်ပြသ

ပို့စ်တင်ချိန် - 8/23/2013 06:41:00 PM


ယနေ့ခေတ်လူနေမှုဘဝမှာ Facebook လို Social Network ကိုမရှိမဖြစ်
အသုံးပြုလာကြတဲ့ အတွက် ကင်မရာတွေကို ပုံစံပြောင်းထုတ်လုပ်လာတာ
အဆန်းတော့မဟုတ်ပါဘူး။

Canon ကကင်မရာပိုင်းမှာ ဆရာတစ်ဆူလို့ သတ်မှတ်ခံ ရဖို့အတွက်
ပထမဆုံး အင်တာနက်ချိတ်ဆက်ကင်မရာကို အခြားပြိုင်ဘက်
တွေထက် လက်ဦးမှုရယူကာ ထုတ်လုပ် လာခြင်းဖြစ်တယ်လို့ ယူဆနိုင် ပါတယ်။

အင်တာနက်နဲ့ချိတ်ဆက်အသုံးပြုတဲ့ကင်မရာ ဆိုပေမယ့် Facebook လို Social စာမျက်နှာပေါ်မှာ ရိုက်ပြီးတဲ့ ဓာတ်ပုံတွေ ချက်ချင်းတင်လို့ရအောင် ရည်ရွယ်ပြီး Canon ကအသစ်မိတ်ဆက်လိုက်တာပါ။

ဒါကြောင့် ဆမ်ဆောင်းကထုတ်တဲ့ စမတ်ကင်မရာတွေရဲ့ အလွန် ကင်မရာ
သီးသန့် အင်တာနက်အသုံးပြုနိုင်တဲ့ Canon Power Shop N ဟာပထမဆုံး
အင်တာနက်နဲ့ချိတ်ဆက်မယ့် ကင်မရာလို့ဆိုနိုင်ပါတယ်။

အသုံးပြုသူအများဆုံးဖြစ်တဲ့ Facebook ကိုရည်ရွယ်ပြီး ကင်မရာရဲ့  Button
ကို Facebook Logo အသုံးပြုဖန်တီးထားတာကိုမြင်တွေ့ရမှာဖြစ်ပြီး
first Facebook-ready camera အဖြစ်သတ်မှတ်ခံထားရပါသေးတယ်။

ကင်မရာ 12.1mepapixel ကိုမျက်နှာပြင်အရွယ်စား ၂.၈ လက်မ LCD Scree
မှာမြင်တွေ့ရမှာဖြစ်ပြီး မှန်ဘီလူး 28mm wide-angle lens နှင့် 8x zoom
အထိစွမ်းဆောင်အသုံးပြုနိုင်တဲ့ကင်မရာဖြစ်တယ်လို့သိရပါတယ်။

ချိတ်ဆက်အသုံးပြုနိုင်မယ့် Network အမျိုးအစားတွေကတော့ 3G,4G connection အမျိုးအစားဖြစ်ပြီး ကျသင့်မယ့်ဈေးနှုန်းက အမေရိကန်ဒေါ်လာ
၃၀၀ ထက်မပိုတဲ့ ဈေးနဲ့ဖြန့်ချိမယ်လို့ ဆိုပါတယ်။

Ref:Gadgetshow
Khun Nay(August Myanmar Media Group)