"တရုတ်အလယ်ပိုင်းတွင် ပဒူကောင် အကိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံး"

ပို့စ်တင်ချိန် - 9/27/2013 08:48:00 AM




တရုတ်နိုင်ငံအလယ်ပိုင်းတွင် ပဒူကောင် (ပျားတူ) အကိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကျန်းမာရေးအရာရှိတစ်ဦးက ယနေ့ ပြောကြားသည်။

တရုတ်နိုင်ငံအလယ်ပိုင်း #Shaanxi ပြည်နယ် #Angkang မြို့နှင့် အနီးဝန်းကျင်ဒေသတွင် လူပေါင်းတစ်ရာကျော်မှာ အဆိုပါ အင်းဆက် အကိုက်ခံခဲ့ရသည်။

ထိုဒေသတွင် ယခုလပိုင်းအတွင်း အင်းဆက်များ ရုတ်တရက် စုပြုံရောက်ရှိလာကြောင်း သိရသည်။ ဒေသခံသတင်းစာ Huashangbao ၏ အဆိုအရမူ ပဒူကောင် အကိုက်ခံရသူ ၂၁ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။
Planet Myanmar Network