ပထမတန်းစား အရည်အသွေးရှိတဲ့ ပန်းရောင် စိန်ကြီးတစ်လုံးကို ကြမ်းခင်းဈေး ဒေါ်လာ သန်း ၆၀ လေလံတင် ရောင်းချ

ပို့စ်တင်ချိန် - 9/27/2013 08:44:00 AM


ပထမတန်းစား အရည်အသွေးရှိတဲ့ ပန်းရောင် စိန်ကြီးတစ်လုံးကို ကြမ်းခင်းဈေး ဒေါ်လာ သန်း ၆၀ (ယူရို ၃၈ သန်း) နဲ့ ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ စတင် လေလံတင် ရောင်းချလိုက်ပါတယ်။

Pink Star လို့ အမည်ပေးထားတဲ့ အဲဒီ ပန်းရောင် စိန်ကြီးဟာ ၅၉.၆ ကာရက် ရှိပြီး အရိုင်းတုံး ဘ၀မှာ ၁၃၂.၅ ကာရက် ရှိခဲ့တာ ဖြစ်ပါတယ်။

ယခင်က ဒေါ်လာ ၄၆.၂ သန်းနဲ့ လေလံ စံချိန်တင်ထားတဲ့ Graff Pink ဆိုတဲ့ ပန်းရောင် စိန်တုံးထက် အခု Pink Star စိန်ကြီးက အရွယ် ၂ဆလောက် ရှိတာဖြစ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး စံချိန်တင် လေလံဈေးအဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။
BBC Burmese