ဘောင်းဘီထဲ ငါးခိုးဝှက် မှောင်ခိုသွင်းသူ ဖမ်းမိ

ပို့စ်တင်ချိန် - 9/01/2013 10:43:00 AM


ဗီ ယက်နမ်လူမျိုး အမျိုးသားတစ်ဦး သည် အပူပိုင်းဒေသ ငါးတစ်မျိုး အား နယူးဇီလန်နိုင်ငံထဲသို့ ခိုး သွင်းရန်ကြိုးပမ်းခဲ့ရာ ၎င်း၏အ တွင်းခံဘောင်းဘီထဲ၌ ဝှက်လျက် ဒယီးဒယိုင်ဖြင့် အကောက်ခွန်ဌာန ကိုဖြတ်ရန်ကြိုးစားစဉ် ၎င်းအိတ် များမှ ရေစက်များကျနေကြောင်း သက်ဆိုင်ရာက သောကြာနေ့ တွင် ပြောကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်မှာ ယခုအ ပတ်အတွင်း ဩစတြေးလျမှ အောက်ကလန်လေဆိပ်သို့ ဆိုက် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ဘောင်းဘီအိတ်များမှာ ဖောင်းကားနေပြီး ရေများစိမ့်ထွက် နေခဲ့ရာ သက်ဆိုင်ရာမှ မသင်္ကာ ၍စစ်ဆေးတွေ့ရှိခဲ့ကြောင်း အ ခြေခံစက်မှုလုပ်ငန်းဝန်ကြီးဌာန (MPI) က ပြောကြားခဲ့သည်။
ပထမ၌ အဆိုပါပုဂ္ဂိုလ်က ၎င်းမှာရေငတ်တတ်၍ လေယာဉ် ပေါ်မှ ရေများသယ်လာခြင်းဖြစ် ကြောင်းပြောခဲ့သော်လည်း နောက် ပိုင်းအိတ်ကိုဖွင့်လိုက်ရာ ငါးများ ကို တွေ့ခဲ့ရကြောင်း MPI က ဆိုသည်။

အဆိုပါပုဂ္ဂိုလ်တွင် ငါးခုနစ် ကောင်ပါရှိပြီး အမည်မသိရသည့် ငါးမျိုးများဖြစ်ကြောင်း၊ သူအိတ် ထဲတွင် ပလတ်စတစ်အိတ်များ ဖြင့် ထည့်သွင်းထားခဲ့ကြောင်း ၎င်းက နယူးဇီလန်ရှိသူငယ်ချင်း တစ်ဦးအတွက် ယူလာခဲ့သည်ဟု ပြောခဲ့သည်ဟု ဆိုသည်။

MPI ပြောရေးဆိုခွင့်ရှိသူ ခရစ်ဟတ်ဂီစ်က ပြောကြားရာ တွင် အဆိုပါပုဂ္ဂိုလ်မှာ ဇီဝလုံခြုံ ရေးဥပဒေ Biosecurity Act ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အ ဆိုပါဥပဒေအရ အများဆုံးပြစ် ဒဏ် ထောင်ငါးနှစ် သို့မဟုတ် နယူးဇီလန်ဒေါ်လာ ၁၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၇၈၀၀၀) ဒဏ်ဆောင်ရမည်ဟုဆိုသည်။

 ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ