မိုးရာသီမှာ ပျိုမေ တို့ရဲ့ လှပမှုကို မပျက်ယွင်းစေဖို့

ပို့စ်တင်ချိန် - 9/01/2013 05:58:00 PM


နွေရာသီရဲ့ ပူလောင်ပြင်းပြမှုတွေ အဆုံးသတ် သွားတဲ့အခါမှာတော့ အေးမြတဲ့ မိုးစက်တွေနဲ့အတူ မိုးရာ သီက သင့်ထံကို ရောက်ရှိလို့ လာပြန်ပါပြီ။ မိုးစက်လေး တွေ က အေးမြမှုကို ပေးစွမ်းနိုင်ပေမယ့် သွားလာလှုပ်ရှား နေရတဲ့ ပျိုမေတို့ရဲ့ လှပမှုအတွက်တော့ အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ မိုးစက်ေ တွကြောင့် လိမ်းခြယ်ထား တဲ့ မိတ်ကပ်တွေ ပျက်သွားတာ၊ အသားခြောက်သွေ့သွားတာ တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ပျိုမေ တို့ရဲ့ လှပမှုကို မပျက်ယွင်းစေဖို့အတွက်  HELLO ကမခိုင်ရဲ့ အကြံပြုချက်လေးတွေကို လေ့လာကြည့်ရအောင်နော်။

မိုးရာသီအတွက် Skin Care

မိုးရာသီမှာတော့ Skin Care ကို သိပ်ထူးထူး ခြားခြားကြီးပြောင်းသုံးစရာမလိုပါဘူး။ ဆောင်းရာသီတို့၊ နွေရာသီတို့မှာသာ နည်းနည်းပြောင်း သုံးရတာပါ။ မိုးရာသီမှာတော့
ကိုယ်ပုံမှန်သုံးနေကျ Skin Care ကိုသုံးလို့ ရပါတယ်။ အသားအရေ ခြောက်သွေ့တဲ့သူဆိုရင်လည်း Moisturizer ပါတဲ့ Skin Care ပေါ့။ အဆီပြန်တဲ့သူဆိုရင်လည်း သူနဲ့သင့်တော်တဲ့ Product ပေါ့။ ပုံမှန် အသုံးပြုလို့ ရပါတယ်။

မိုးရာသီအတွက်  Make Up

မိုးရာသီမှာ  Make Up ကိုလည်း ကိုယ် လိမ်းနေကျအတိုင်း ပုံမှန်သုံးလို့ရပါတယ်။ ကိုယ်က မိုးရေထဲကို အချိန်ကြာကြာသွားရမယ့် အခါမျိုးဆိုရင်တော့  Mascara ကအစ Water Proof လေးသုံးပေးရင် ပိုကောင်းပါတယ်။ Eyes Shadow ကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူဘူး။ Cream Type ကတော့ လက် နဲ့ ပွတ်ဆွဲရ တယ်။ အမှုန်ကတော့ Brush နဲ့ ပွတ်ရတာပေါ့နော်။ တချို့ကလည်း ကိုယ့်လက်နဲ့ ကိုယ်ပွတ်ဆွဲရတာကို ကြိုက်တယ်။ တချို့ကလည်း Brush နဲ့ ဆွဲရတာကို ကြိုက်ကြ တယ်။ Cream  နဲ့ အမှုန်နဲ့ ဘာကွာလဲဆိုတော့ Cream  က သိပ် မပြန့်ဘူး။ အမှုန်ကတော့ သုံးတဲ့အမျိုးအစားပေါ် မူတည်ပြီးတော့ ပြန့်တယ်။ Shadow အမှုန် ကတော့ ဘယ်အမျိုးအစားမဆို ရေနဲ့ထိရင် ပျက်တတ်တာပဲ။ အဲဒါကြောင့် ကိုယ်က မိုးစိုထဲ ထွက်ရမယ်ဆိုရင်တော့ Cream Type Eyes Shadow  က ပိုအဆင်ပြေပါတယ်။ Cream Type က ရေစိုခံပြီး ပျက်ယွင်းမှုကို ခံနိုင်ရည်ရှိ ပါတယ်။

မိုးရာသီအတွက် မိတ်ကပ်ပုံစံ

မိုးရာသီနဲ့လိုက်ဖက်တဲ့ မိတ်ကပ်ပုံစံကတော့ ပြင်းပြင်းရှရှပုံစံမျိုးထက် ပုံမှန်ပေါ့ပေါ့ပါးပါးပုံစံ မျိုးက ပိုပြီးသင့်တော်ပါတယ်။ အရောင်ဆိုရင် လည်း မိုးရာသီမှာ အရမ်းေ တာက်ပတဲ့ အရောင် တွေထက်စာရင် ကြည့်လိုက်ရင် နူးနူးညံ့ညံ့ဖြစ် မယ့် အရောင်လေးတွေက ပိုအဆင်ပြေပါ တယ်။ နွေရာသီဆို ရင်တော့ ပြင်းပြင်းရှရှ အရော င်လေး တွေကို ကြိုက်တတ်ကြပေမယ့် မိုးရာသီမှာတော့ အငြိမ်ကာလာလေးတွေက ပိုပြီးအေးချမ်းတယ်လို့ ထင်ရပါတယ်။ ဒီနှစ်မိုးရာသီမှာလည်း အရောင် ငြိမ်တာေ လးတွေ ရွေးသုံးကြမယ်လို့ ထင်ပါတယ်။ မိုးရေဆိုတာ အေးမြတယ်။ ဒီလိုမိုးရာသီမှာ ကိုယ့်ရဲ့အပြင်အဆင်ကလည်း သူတစ်ပါးရဲ့ မျက်စိထဲ မှာ အေးမြေ နစေဖို့ နူးညံ့ တဲ့အရောင် လေးတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

သတိပြုရမယ့် မိတ်ကပ်လိမ်းခြယ်မှု

မိုးရာသီမှာ ပျိုမေတွေ သတိပြုရမယ့်အချက် တွေကတော့ မိတ်ကပ်ကို အရမ်းကြီးထူထူထဲထဲ လိမ်းတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ်က မိုးစိုထဲကို သွားရမယ် ဆိုရင် Water Proof ပါတဲ့ Product မျိုးကို အသုံးပြုသင့်ပါတယ်။ ဒါ့ပြင် တောက်ပလွန်းတဲ့အရောင်တွေကို မသုံးဘဲ ကိုယ့် အသားရောင်နဲ့ အဆင်ပြေမယ့် အရောင် အငြိမ် လေးတွေကို ရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။

အသားအရေပြဿနာ

များသောအားဖြင့်တော့ အသားအရေ ခြောက်သွေ့တဲ့သူတွေကတော့ ဘယ်ရာသီမဆို ခြောက်သွေ့တာပါပဲ။ ဆောင်းတွင်းမှ မိုးတွင်းမှ မဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်ပုံမှန်လိမ်းနေ Lotion ကို ဆက်သုံးသင့်ပါတယ်။ တချို့က မိုးရာသီက စိုစွတ်တယ်ဆိုပြီး သိပ်ဂရုမစိုက်ဘူး။ အမှန်တော့ မဟုတ်ပါဘူး။ မိုးရာသီမှာလည်း အသား အရေကို ပုံမှန်ကိုယ်လုပ်နေကျအတိုင်း ထိန်းသိမ်းသင့်ပါတယ်။ မိုးရာသီ ဆိုပေမယ့်လည်း မိုးရွာတဲ့အချိန်ပြီးရင် နေကလည်းပူတာပဲလေ။ ဒါကြောင့် Sunscreen ကိုလည်း ရာသီတိုင်းမှာ ဂရုတစိုက်လိမ်းပေးသင့်ပါတယ်။ မိုးရွာလိုက် နေပူလိုက်ဖြစ်တဲ့အတွက် အသားအရေကို ပိုပြီး ပျက်စီးစေနိုင်ပါတယ်။

Hair Care Tip

မိုးရာသီမှ မဟုတ်ပါဘူး။ ဘယ်ရာသီမှာပဲ ဖြစ်ဖြစ်ဒဏ်အခံရဆုံးက ဆံပင်ပဲဖြစ်ပါတယ်။ မိုးရာသီမှာ အဖြစ်အများဆုံး ဆံပင်ပြဿနာ ကတော့ ဗောက် ထခြင်းပဲ ဖြစ် ပါ သည်။ အပြင် ထွက်တဲ့အခါ ခေါင်းမှာ မိုးရေစိုလာမယ်။ အဲဒါကို ဂရုမစိုက်ဘဲ ဒီအတိုင်းထားမယ်ဆိုရင် ဦးရေ ပြားမှာ ပြဿ နာတွေဖြစ်လာနိုင်ပါတယ်။ ဒါ ကြောင့် မိုးတွင်းမှာ အပြင်သွားမယ်ဆိုရင် လုံလုံ ခြုံခြုံသွားနိုင်ရင်သွား။ တကယ်လို့ မိုးရေစို သွား တယ်ဆိုရင်လည်း ပြောင်စင်အောင်လို့ သေသေ ချာချာ ခေါင်းလျှော်ပေးဖို့ လိုပါ တယ်။ မိုးတွင်းဆို ပေမယ့် နေရောင်လည်းရှိတယ်။ မိုးရေလည်း စိုနိုင်တဲ့အတွက် ဆံပင်တွေဟာ ခြောက်သွေ့ပြီး ကိုယ်ရဲ့ ပုံမှန်ဆံပင်အရောင်ကို ပျက်စီးစေနိုင်ပါ တယ်။ ဒါကြောင့် ဆံပင်ကို ပုံမှန်ပေါင်းတင် ပေးသင့်ပါတယ်။ Hair colour အနေနဲ့လည်း အရောင်အငြိမ်လေးတွေက ပိုပြီးလိုက်ဖက်မှုရှိမယ် လို့ ထင်ပါတယ်။

အိအိထွေး