လမ်းဘေးကားပါကင်များပေါ်ကဈေးသည်များကိုစတင်အရေးယူ

ပို့စ်တင်ချိန် - 9/13/2013 06:22:00 PM


ရန်ကုန်မြို့တွင်းရှိ လမ်းဘေးကားပါင်များပေါ်တွင် ရောင်းချလျက်ရှိသော လမ်းဘေးဈေးသည်များကို အချိန်အကန့်အသတ်မရှိ ရောင်းချခွင့် မပြုတော့ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး
ကော်မတီက ထုတ်ပြန်ထားခဲ့ပြီးနောက် စတင်ကာ အရေးယူမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
ကျောက်တံမြို့နယ်အတွင်းရှိ အနော်ရထာလမ်းမဘေးတွင် ရောင်းချလျက်ရှိသော လမ်းဘေး ဈေးသည်များအားယနေ့မှ စတင်ကာ လိုက်လံအသိပေးထားကြောင်း၊ ဆက်လက်၍ ရောင်းချခြင်းများကို ပြုလုပ်နေပါက စည်ပင်သာယာရေး ကော်မတီ၏ တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒီဥပဒေကို ၂၀၀၄ ခုနှစ် ကတည်းက ထုတ်ပြန်ခဲ့တာပါ။ တကယ်အရေးမယူ ဖြစ်သေးတာပါ။ ခုကလမ်းတွေ ဘယ်လိုမှ ရှင်းမရလို့ ထုတ်ပြန်ထားတဲ့ အမိန့်ကြေငြာစာက အမှတ် ၁၁/၃၉ ပါ။ အချိန်ကတော့ကန့်သတ်ချက်မရှိပါဘူး”ဟု အထက်ပါပုဂ္ဂိုက ပြောသည်။
အနော်ရထာလမ်းမပေါ်တွင် ကုန်စိမ်းရောင်းချလျက်ရှိသော မသန်းမေကလည်း “ကျွန်မတို့က ဒီနေရာမှာဘဲ အရောင်းအ၀ယ်က လုပ်လို့ဖြစ်တာပါ။ တခြားမှာလည်း ရောင်းလို့ အဆင်မပြေတာတွေ ရှိပါတယ်။
ဝယ်သူရှိတဲ့ နေရာမှာဘဲ လိုက်ရောင်းရတာပါ”ဟု ၎င်း၏ ဆန္ဒကို ပြောသည်။
ကျောက်တံတားမြို့နယ် အတွင်းရှိ ၃၈လမ်းနှင့် အနော်ရထာလမ်းမပေါ်တွင် ညနေ ၃ နာရီ နောက်ပိုင်း ဈေးသည်များ အထူးစည်ကားချိန်တွင် လူသွားလမ်းများ မရှိတော့ဘဲဈေးသည်များ ပြည့်ကျပ်နေသဖြင့် ကားလမ်းမပေါ်တွင် ခရီးသွားပြည်သူများ ဆင်း၍သွားရကြောင်း သိရသည်။
မြန်မာ့ခေတ်