ပညာရေးဝန်ထမ်းများ ရိုင်းပျစွာ ဆက်ဆံခံရမှုကြောင့် ထွက်စာတင်မည်ဟုဆို

ပို့စ်တင်ချိန် - 9/13/2013 01:00:00 PM


နေပြည်တော်-ပျဉ်းနားမြို့ အရှေ့ခြမ်း တောင်ပေါ်ကျေးရွာ ဘိုမကျေးရွာအုပ်စု (ဘိုမအောက်ရွာ)၊ အမှတ် (၁၄၀) မူလတန်းကျောင်းမှ ပညာရေး ၀န်ထမ်း များအား နှောင့်ယှက်စော်ကားခြင်း၊ ရိုင်းပျစွာ ပြောဆိုခြင်း၊ အသရေပျက်အောင် ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ကျေးရွာအုပ်ချုပ်သူ လူကြီးများရှေ့၌ပင် လေးစားမှု၊ ရိုသေကိုင်းရှိုင်းမှု မရှိဘဲ တာဝန်ခံ ကျောင်းအုပ်ကြီးနှင့်တကွ ပညာရေးဝန်ထမ်း ဆရာများကိုပင် ခြိမ်းခြောက် ပြောဆိုမှုများအား သက်ဆိုင်ရာများသို့ တင်ပြ တိုင်ကြား ထားပါသော်လည်း ထိရောက်စွာ အရေးယူမှု မရှိခဲ့သည့်အပြင် မြို့နယ်ပညာရေးမှူးကလည်း ကျောင်းသို့ ပြန်လည် တာဝန်ထမ်းဆောင်ရန် သို့မဟုတ် ထွက်စာတင်ဟု ပြောကြားခဲ့၍ … အဆိုပါ ဆရာ/ ဆရာမများ တောင်ပေါ်ဒေသရှိ မိမိတို့ စာသင်ကျောင်းသို့ သွားရောက် တာဝန် ထမ်းဆောင်မှုများ မရှိခဲ့ကြောင်း သိရှိရသည်။

ဘိုမအောက် ကျေးရွာနေ မောင်အောင်သူမှာ ဆရာ/ဆရာမ များ တည်းခိုသော နေအိမ် အိမ်ရှင်၏ တူအရင်းဟု အကြောင်းပြကာ ဆရာမများအား အတင်းရောနှော ၀င်ရောက်စကားပြောဆိုခြင်း၊ ကာယိနြေ္ဒ ပျက်ပြားအောင် နှောင့်ယှက်ခြင်းများ မကြာခဏ လုပ်လေ့ရှိကြောင်း၊ တာဝန်ခံ ကျောင်းအုပ်က ဆိတ်ဖူးတောင် ကျေးရွာသို့ အစည်းအဝေး သွားရောက်စဉ် မွန်းလွဲ (၁) နာရီခန့်တွင် ဆရာမများ စာသင်ရာ မူလတန်းကျောင်းပေါ်သို့ တက်ရောက်လာပြီး ဆရာမများ စာသင်မှု ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စာသင်ကျောင်းသား ကလေးငယ်များအား ငိုအောင် စခြင်းများ ပြုလုပ်ခဲ့သည့်အပြင် တာဝန်ခံကျောင်းအုပ်အား ရိုင်းစိုင်းစွာ ပြောဆိုခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးသို့ တိုင်ကြားထားသော်လည်း အပြစ်ပေး အရေးယူခြင်း မရှိသည့်အပြင် နှောင့်ယှက် စော်ကားသူကိုယ်တိုင် ၀န်ခံကတိ ပြုခဲ့ခြင်းမရှိသောကြောင့် မိမိတို့ ယခုအချိန်ထိ ပညာ သင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းသို့ သွားရောက်ခဲ့ခြင်းမရှိပါကြောင်း တာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။

ယင်းကျောင်းမှ တာဝန်ခံ ဆရာမေ ဒ်ါအေးသီတာကျော်က “သမီးတို့ကို ၁၃-၈-၂၀၁၃ နေ့မှာ ကျောင်းပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ပြောပေမယ့် သမီး ကတော့ တောင်ပေါ်ဒေသမှာ ပြန်လည် တာဝန်ထမ်းဆောင်ခြင်း မပြုတော့ပါဘူး။ အခြားကျောင်းတွေကို ပြောင်းမပေးရင် ဆရာမဘ၀ မလုပ်တော့ ပါဘူး”ဟု ပြောကြား ခဲ့သည်။

မိုးယဉ်ညို(နေပြည်တော်)

Myanmartandawsint Newspaper