ဂျကာတာ မြို့လယ်၌ အင်ဒိုရဲ ပစ်သတ်ခံရ

ပို့စ်တင်ချိန် - 9/13/2013 11:57:00 AM


ဂျကာတာမြို့လယ်၌ ယာဉ် တန်းတစ်ခုကို အစောင့်လိုက်ပေး နေသည့် ရဲတစ်ဦးအား မော် တော်ဆိုင်ကယ်စီးထားသော သေ နတ်သမားက ပစ်သတ်ခဲ့ရာ သေ ဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာ မှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ သည်။ ဤဖြစ်ရပ်မှာ မြို့တော်မှ ရဲအရာရှိအား ပြောင်ပြောင်တင်း တင်းသတ်ဖြတ်ခဲ့သည့် နောက် ဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်ဟု ဆို သည်။
မကြာမီရက်သတ္တပတ် များမှစ၍ မြို့တော်အတွင်း စတုတ္ထအကြိမ်ပစ်သတ်ခံရခြင်း ဖြစ်သည်။ သို့ရာတွင်အဆင့်မြင့် ပုဂ္ဂိုလ်များကိုမူ သတ်ဖြတ်မှုမရှိ သေးဟုဆိုသည်။ သို့ရာတွင် ဂျ ကာတာမြို့လယ်၌ အင်အားကြီး သော ရဲရုံးချုပ်အား တိုက်ရိုက် တိုက်ခိုက်ခြင်းဟု ဆိုသည်။
အင်္ဂါနေ့က ပစ်ခတ်မှုမှာ လွန်ခဲ့သော ပစ်ခတ်မှုများနှင့် တူကြောင်း၊ ဤသတ်ဖြတ်မှု၌ အကြမ်းဖက်အုပ်စုတစ်စုတည်း က ကြိုးကိုင်ထားသည်ဟု ယူဆ ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
နောက်ဆုံးပစ်ခတ်မှုမှာ ဓာတ်လှေကားအစိတ်အပိုင်းများ သယ်ယူလာသည့် ထရပ်ကား ခြောက်စီးအား ယာဉ်အသွားအ လာများသည့်နေရာ၌ အစောင့် လိုက်ပါလာသည့် ရဲအားသေနတ် သမားမော်တော်ဆိုင်ကယ်လေး စီးက ပစ်သတ်သွားခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
အသတ်ခံရသူမှာ ဆူကာ ဒီဖြစ်ပြီး နံနက် ၁ဝနာရီ ၁၅မိ နစ်တွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးရှေ့ ၌ ပစ်သတ်ခံခဲ့ရသည်ဟုဆိုသည်။ ရဲမှာ ရင်ဘတ်နှင့်ဝမ်းဗိုက်အား သုံးချက်အပစ်ခံရ၍ ချက်ချင်း သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ပစ်ခတ်မှုပြီးလျှင် ပြီးချင်း ရဲတပ်ဖွဲ့က တရားခံအားအပူ တပြင်းလိုက်လံရှာဖွေခဲ့ရာ မော် တော်ဆိုင်ကယ်များကို ရပ်တန့် ရှာဖွေခဲ့ကြောင်း သိရသည်။
ဤပစ်ခတ်မှုမှာ ဂျကာတာ အနောက်ပိုင်း ကေဂါရန်ခရိုင် ၌ ရဲသုံးဦးသတ်ဖြတ်ခံရပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ အ များဆုံးဖြစ်ပွားသည့် နေရာမှာ ဆူလာဝေဆီကျွန်းပိုဆိုမြို့၌ ဖြစ် ကြောင်း သိရသည်။
အင်ဒိုနီးရှားသည် အစ္စ လာမ္မစ်စစ်သွေးကြွအုပ်စုများ အား အနောက်နိုင်ငံဆန့်ကျင်ရေး ပြုလုပ်ခဲ့ပြီးနောက် နှိမ်နင်းခဲ့ရာ အတော်အတန်အောင်မြင်မှုရ နေခဲ့သည်ဟု ဆိုသည်။
Yangon Media Group