သရုပ်ဆောင်လုပ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသေးပါဘူးလို့ ဆိုတဲ့ မော်ဒယ်Mဆိုင်းလူ

ပို့စ်တင်ချိန် - 4/19/2014 10:31:00 AM


စူပါမော်ဒယ်လည်းဖြစ်၊ ဖိုတိုမော်ဒယ်လည်း ဖြစ်တဲ့ မော်ဒယ်Mဆိုင်းလူကို လတ်တလောအနုပညာ လှုပ်ရှားမှုနဲပတ်သက်ပြီးတော့ မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘ညီမ လတ်တလောမှာတော့ ဖိုတို မော်ဒယ်အဖြစ်နဲ့ပဲ ရပ်တည်ဖြစ်နေပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ အတွဲလေးတွေ ရိုက်ဖြစ်တယ်။ ညီမအနေနဲ့ လက်ရှိမှာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ပဲ ရပ်တည်ဖြစ်သွားမှာပါ။ သရုပ်ဆောင်အနေနဲ့ကတော့ ညီမအတွက် အခွင့်အရေးရရင် ရသလို လုပ်သွားမှာပါ။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်တဲ့ အလုပ်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးပါဘူး။ သရုပ်ဆောင်လုပ်ဖို့အတွက် အများကြီး ကြိုးစားဖို့လိုပါသေးတယ်’လို့ သူမက ဆိုပါတယ်။

TrendMyanmar