ပြည်သူ့စစ်နှင့်အစိုးရပူးပေါင်းတပ် က သျှမ်းနှင့် ဝ တပ်စခန်း အား အမ် ၇၉ ဖြင့်ပစ်ခတ်

ပို့စ်တင်ချိန် - 10/29/2013 09:30:00 AM

မြန်မာစစ်တပ်ပစ်ခတ်လိုက်သည့် အမ် ၇၉ (၄၀ မမ)

ပြည်သူ့စစ်နှင့်အစိုးရတပ် ပူးပေါင်းအင်အားအချို့က ထိုင်း - သျှမ်း နယ်စပ်ရှိ သျှမ်းတပ်စခန်းနှင့်ဝ တပ်စခန်းအား ၇၉ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မှူးတဦးက ပြောပါသည်။

အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်က ဟိုမိန်းမြို့ အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံတပ် ရင်း ၂၈၇ ဗိုလ်မှူး ဝင်းဇော်လင်း ဦးဆောင် အင်အား ၃၀၊ ပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၂၀ပူးပေါင်း တပ်တို့က ဟိုဟ တောင်ကြော ရှိ သျှမ်း RCSS/SSA ၊ ဝ တပ် WNA တို့၏ တပ်စခန်း
အား အမ် ၇၉ (၄၀ မမ) ဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“အမ် ၇၉ ၊ ၄၀ မမ နဲ့ပေါ့။ကျနော်တို့ ကောင်းဆန်းတပ်စခန်းဆီကို လေး လုံးပစ် တယ်။ တစ်လုံးက မီးမပွင့်ပူး၊ ကျနော်တို့နား သုံးလုံးကျတယ်။ ကျနော်တို့တပ်စခန်းကို မထိလို့ ၊ ကျနော်တို့လဲတုန့်ပြန် တိုက်ခိုက်တာမရှိ ဘူး။ အဝေးကနေ လှမ်းထုပြီး ထွက်ပြေးတာ။ ကျနော်တို့မြင်နေရတာ
ဘဲ၊ ကျနော်တို့ က အပစ်ရပ်ထားတာကိုစောင့်ထိန်းတဲ့အနေ နဲ့ ပြန်မပစ် ဘူး၊ ရှေ့နည်းနည်းတက်လာရင် တော့ ချရမှာ ဘဲ” - ဟု သျှမ်းတပ်မှူး တဦးက ပြောသည်။

ပြည်သူ့စစ်ဘက်က ဒုဗိုလ်စိုင်းဆု နှင့် စိုင်းခေးလျိုတို့က ဦးဆောင်ကာ မြန် မာ စစ်ကြောင်းနှင့်အတူ (မယ်အောလုံအုပ်စု) ဟိုဟ - နမ့်ဖေ့ ဘက်လာရောက်လှုပ်ရှားကြောင်း၊ ထိုင်းနိုင်ငံမယ်ဟောင်ဆောင် ခရိုင် မယ်ဟောင်ဆောင်မြို့နယ် ဘန့်ရတ်ထိုင်းကျေးရွာနှင့် မျက်နှာခြင်းဆိုင်
ကြောင်း ကြားသိရသည်။

“သေနတ်သံမကြာခဏ ကြားကြားနေရတော့ ကျနော်တို့လဲ နေထိုင်ရတာ စိတ်မချမ်းသာဘူး၊ဗမာစစ်ကြောင်းက မကြာခဏ လာလှုပ်ရှားတယ်” - ဟု ဘန့်ရတ်ထိုင်းရောက် သျှမ်းအမျိုးသားတဦးက ပြောသည်။

အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိတဦးကလည်း‘အထက်အမိန့်က ကောင်းဆန်းတပ်စခန်းကို တက်သိမ်းဖို့လေ။ ဒါက အနှေးနဲ့အမြန် တက်သိမ်း ရမှာဘဲ။ ကျနော်တို့လဲ မလွှဲသာဘူးလေ။ဟိုဘက်က ပြန်မပစ်တော့ ခက်နေတာ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြော၏။

မြန်မာအစိုးရ နှင့် သျှမ်းပြည်တပ်မတော်တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထား သည့် တပ်ဖွဲ့ဖြစ်သည်။ WNA ဝ အမျိုးသား တပ်မတော်မှာမူ သျှမ်းပြည်တပ်မတော်၏မဟာမိတ်ဖြစ်ပြီး ဟိုမိန်းဒေသတွင် ပအိုဝ်းလွတ်မြောက်ရေးတပ်မတော်တို့နှင့်အတူ ပူးတွဲနေထိုင်ပါသည်။

သျှမ်းသံတော်ဆင့်