ရန်ကုန် လေဆိပ်တွင် သောင်တင်နေသည့် မလေးပြန် ၄၈ ဦးအား ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက လာရောက်ခေါ်ဆောင်

ပို့စ်တင်ချိန် - 10/09/2013 01:05:00 PM

မလေး ရှားနိုင်ငံမှ အခမဲ့လေကြောင်း အစီအစဉ်ဖြင့်ပြန်လာသော မြန်မာ နိုင်ငံသား ၁၇၅ဦးအနက် ၄၈ဦး မှာ အကူအညီမဲ့နေသဖြင့် ၈၈ မျိုးဆက်ကျောင်းသား(ပွင့်လင်း လူု့အဖွဲ့အစည်းနှင့်ငြိမ်းချမ်းရေး) အဖွဲ့က လာရောက် ခေါ်ဆောင် သွားကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်မှာ အပြည် ပြည်ဆိုင် ရာလေကြောင်း လိုင်း (MAI)အစီအစဉ် လေယာဉ်ပျံဖြင့် မလေးရှားမှပြန်လာသူ ၁၇၅ဦး တွင် မလေးရှားနိုင်ငံ ထိန်းသိမ်း ရေးစခန်းငါးခုမှ ၈၁ဦးနှင့် အခြား ပြင်ပမှ ၉၄ဦးပါဝင်ပြီး လက်ရှိ တွင် ထိန်းသိမ်းရေးစခန်းမှပြန် လာသူထဲမှ အမျိုးသား ၄၈ဦးမှာ ယင်းကဲ့သို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် သောင် တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး ညရနာရီခန့်တွင် ၈၈အဖွဲ့မှ အလုပ် သမားအရေးဆောင်ရွက်သူ ဒေါ် မာမာဦးနှင့် ရန်ကုန်တိုင်းဒေသ ကြီး အလုပ်သမားညွှန်ကြားမှုဦး စီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မို့မို့ သွင်တို့က ရောက်ရှိ လာကာနေ ထိုင်ရန် အခက်အခဲအတွက် ခေတ္တ ဖြေရှင်းရန် ၈၈အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ကြောင်းနှင့် အလုပ် သမားညွှန်ကြားမှုဦးစီးဌာနမှ အလုပ်သမား ၄၈ဦးအား တစ်ဦး လျှင် ကျပ်သုံးထောင်နှုန်းဖြင့် ကူ ညီပေးကြောင်း သိရသည်။

ဒေါ်မာမာဦးက''အခုဒီနေ့ ည သူတို့နေဖို့အတွက် ၈၈ရုံးမှာ ယာယီတည်းခိုဖို့စီစဉ်ထားပါ တယ်။ နောက်ပိုင်းသူတို့နေရာ ပြန်ရောက်ဖို့နဲ့ ကျန်တဲ့ကိစ္စတွေ ကိုတော့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ကျွန်မတို့၈၈ တို့ညှိနှိုင်း ဆွေးနွေး သွားမှာ ဖြစ်တယ်''ဟုပြောသည်။ မြန်မာလုပ်သား ၄၈ဦးမှာ အောက်တိုဘာ ၈ရက်တွင် မလေး ရှားရှိ သီတဂူအထောက်အကူ ပြုအဖွဲ့မှ ခေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှား နိုင်ငံရှိ မလက္ကာ ထိန်းသိမ်းရေးစခန်းမှ ပြန်လာသူ ဦးဇော်မိုးခိုင်က''မလေးကဒုက္ခ သည်စခန်းမှာ အော်ပါရဇီနဲ့အ ဖမ်းခံရတာ လေးလကျော်ရှိပါ ပြီ။ ဆရာတော်ကြီးဦးဆောင်တဲ့ အဖွဲ့က လာရောက်ခေါ်ဆောင် တဲ့အတွက် အခုလိုပြန် ရောက် လာတာဖြစ်တယ်။ ဒါပေမဲ့ အခု ကျွန်တော်အပါအဝင် သူငယ်ချင်း တွေလဲ လာကြိုမယ့်သူမရှိဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဒုက္ခရောက်နေရပါတယ်။ ဟိုမှာ နေရတော့လဲအဆင်မပြေ၊ ဒီ ရောက်တော့လဲ အဆင်မပြေဖြစ် နေပါတယ်''ဟု ပြော သည်။ ယင်းကျန်ရှိသော မလေး ရှားပြန်လုပ်သား ၄၈ဦးမှာ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် စသောဝေးလံသည့် ဒေသများသို့ ပြန်ရမည်ဖြစ်သည်။

စိုင်းဟန်
Yangon Media Group