ကမ္ဘာ့ ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးသစ်ကို ထုတ်လုပ်နိုင်ဖို့အတွက် ရှေ့လာမယ့် နှစ်မှာ မူပိုင်ခွင့်ရဖို့ မျှော်လင့်

ပို့စ်တင်ချိန် - 10/09/2013 09:20:00 AM



ဗြိတိသျှ ဆေးဝါးကုမ္ပဏီကြီး GlaxoSmithKline က ကမ္ဘာ့ ပထမဆုံး ငှက်ဖျားရောဂါ ကာကွယ်ဆေးသစ်ကို ထုတ်လုပ်နိုင်ဖို့အတွက် ရှေ့လာမယ့် နှစ်မှာ မူပိုင်ခွင့်ရဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

RTS, S ဆိုတဲ့ ဒီ ငှက်ဖျားရောဂါ ကာကွယ်ဆေးသစ်ကို အာဖရိက ၇ နိုင်ငံက သုတေသနဌာန ၁၁ နေရာမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာ ကလေးငယ်တွေမှာ ရောဂါဖြစ်ပွားနိုင်ခြေ တစ်ဝက်နီးပါး လျော့ကျစေခဲ့ပြီး မွေးကင်းစ ကလေးငယ်တွေမှာတော့ ရောဂါ ဖြစ်ပွားမှု ၂၅ ရာခိုင်နှုန်း လျော့ကျတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

BBC Burmese