ဟောလိဝုဒ်၏ ကျော်ကြားသူများ လမ်းမတွင် ဂုဏ်ပြုကြယ်ပွင့် ချီးမြှင့်ခံရသည့် Julianne Moore

ပို့စ်တင်ချိန် - 10/09/2013 08:52:00 AM


အမေရိကန် မင်းသမီး Julian Moore သည် ဟောလိဝုဒ် Boulevard ၏ ကျော်ကြားသူများ လမ်းမပေါ်တွင် ၂၅၀၇ ခုမြောက် ဂုဏ်ပြု ကြယ်ပွင့်အား

ရရှိခဲ့ကြောင်း သိရှိရသည်။ သူမ၏ Carrie အမည်ရှိ ဇာတ်ကား ထွက်ရှိပြီး သီတင်းပတ် တစ်ပတ်အကြာ ယခုကဲ့သို့ ဂုဏ်ပြုခံရခြင်း ဖြစ်သည်။ ထိုသို့ ဂုဏ်ပြုချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ လွန်စွာ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ၊ ဆက်လက်၍လည်း အနုပညာ လှုပ်ရှားမှုများစွာဖြင့် ပရိသတ်အား ကြိုးစား တင်ဆက်သွားမည် ဖြစ်ကြောင်း အသက် (၅၂) နှစ်အရွယ်ရှိ မင်းသမီး Moore က ပြောကြားခဲ့သည်။
Moore သည် သရုပ်ဆောင်ရာတွင်လည်း တခြားမည်သူ့ကိုမှ အတင်းအကြပ် ဖိအားပေး လုပ်ဆောင်ခြင်းမျိုး မရှိဘဲ ပူးပေါင်းဆောင်ရွက်မှု ၊ ညှိနှိုင်းဆွေးနွေးမှုကိုသာ ရှေ့တန်းတင် အလုပ် လုပ်ဆောင်လေ့ ရှိကြောင်း ၊ ထိုသို့သော စိတ်ဓာတ်ကောင်း ၊ အရည်အချင်း ကောင်းများကြောင့် ယခုကဲ့သို့ အောင်မြင်စွာ ဂုဏ်ပြုခံရခြင်း ဖြစ်ကြောင်း Game Change ဇာတ်ကားဒါရိုက်တာ Jay Roach ၊ သရုပ်ဆောင်ဒါရိုက်တာ Joseph Gordon-Levitt တို့ အပါအ၀င် တခြား အနုပညာရှင် လုပ်ဖော်ကိုင်ဖက်များက ၀ိုင်းဝန်း ချီးကျူးပြောဆိုခဲ့ကြသည်။ Boogie Nights ၊ The Big Lebowski၊ Magnolia၊ Hannibal၊ Son of Man ၊ Crazy Stupid Love အစရှိသည်တို့ အပါအ၀င် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၀) ကျော် သရုပ်ဆောင်ခဲ့ပြီး အော်စကာ ဆုအတွက် လေးကြိမ်အထိ အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရသည်။

Myawady News