မောင်တော ဈေးကြီး မီးလောင်

ပို့စ်တင်ချိန် - 11/24/2013 11:38:00 AM


မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့ ဈေးကြီးသည် ယနေ့ ညနေ ၇ နာရီ ၁၅ မိနစ် က စတင် မီးလောင်နေကြောင်း သတင်း ရရှိသည်။

မီးမှာ  ဈေးတောင်ဘက်က စတင် လောင်နေခြင်း ဖြစ်ပြီး ညနေ ၇နာရီခွဲခန့်တွင် ဆိုင်ခန်း (၃) ခန်း မီးထဲ ပါသွားပြီ ဖြစ်ကြောင်း သိရသည်။

ယခုအခါ မီးသတ်ကားများ ရောက်ရှိနေပြီး မီးငြိမ်းသတ်နေကြောင်း၊ မီးညွှန့်ကျိုးသွားပြီ ဖြစ်ကြောင်း၊ မြို့ဝင်ထွက်လမ်းများကို လုံခြုံရေး အရ လောလောဆယ်တွင် ပိတ်ထားကြောင်း မျက်မြင် မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

မီးလောင်မူနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို နိရဉ္စရာက ဆက်လက် တင်ပြပေးသွားပါမည်။
(နိရဉ္စရာ- ၂၃ နိုဝင်္ဘာ ၂၀၁၃)