Android ရန်ပွဲ

ပို့စ်တင်ချိန် - 11/24/2013 10:57:00 AM


Android Crazy လင်မယားနှစ်ယောက် ရန်ဖြစ်ကြသောအခါ ...

ဒီမယ် .. ညားခါစကတော့ ကျုပ်လို Official Rom ကိုမှ တန်ဖိုးထားတာပါဆို .. ရှင်က အခုတော့ Custom Rom တွေဘက် စိတ်ရောက်နေပြီပေါ့။

အေး .. မင်းကို ဒီလောက် အာကျယ်တဲ့မိန်းမမှန်းမသိခဲ့လို့ ပြောခဲ့မိတာ ..
ဘယ့်နှယ်ကွာ .. ညားကတည်းက တစ်ရက်မှ နားအေးတယ်မရှိဘူး .. အချိန်ပြည့် နားထဲ malware တွေ လှိမ့်ထည့်နေတော့တာပဲ။

ဘာလဲ ရှင် ကျွန်မကို Block ချင်နေပြီလား .. ဒီမယ် ကျွန်မ အပျိုကတည်းက ဒီလိုပဲ နေလာတာ .. ရှင်ပဲ ကျွန်မ စကားများတဲ့အသံလေးကိုပဲ Ringtone လုပ်ချင်လှချည်ရဲ့ဆို။

အေး .. Block ချင်တာမှ ဧရိယာပြင်ပထိ မဟုတ်ဘူး .. စကြာဝဠာ ပြင်ပထိ
ရောက်အောင် Block ပစ်လိုက်ချင်တာ .. တောက် စ် .. ငါနော် ဒီလိုမှန်းသိရင် အစကတည်းက Version မမြှင့်ခဲ့ပါဘူး။

ဘာရှင့် .. သြော် .. ရှင်က ဒီလိုလား .. ရှင်နဲ့မညားခင်က ကျွန်မ ဘ၀က ..
လူတကာ download ဆွဲချင်နေတဲ့ firmware အလန်းစားလေးရှင့် ..
အဲ့ဒီအထဲကမှ MPT လိုင်းနဲ့ ကြိုးစားပန်းစား ဆွဲနေရှာတဲ့ ရှင့်ကို သနားပြီး
လက်ခံလိုက်မိတာကိုက ကျွန်မ အမှား .. Factory Reset ချလို့မရအောင်ကို မှားခဲ့တဲ့ အမှား။

အေး ငါလဲမှားတာပဲ .. ကိုယ်နဲ့ မသင့်တော်တဲ့ နင့်ကိုမှ ကြိုးစားပန်းစား upgrade လုပ်ခဲ့မိတယ် .. Branded မှတ်ပြီး ၀ယ်လိုက်မိကာမှ Clone နဲ့တွေ့တဲ့ အဖြစ်ကွာ။

ရှင် ကျွန်မကို မစော်ကားနဲ့နော် .. ကျွန်မနဲ့ မညားခင်က Google မှာ ရှင့်နာမည်ရိုက်ပြီးရှာရင်တောင် did not match ဖြစ်နေတာမလား ..
ကျွန်မနဲ့ညားမှ Search Results တွေ ထွက်လာတဲ့ သူကများ .. ကြီးကြီးကျယ်ကျယ်တော်။

အေး ငါ့ဟာငါ 2GB လောက်နဲ့ သာယာနေတဲ့ဘ၀ကွ .. အေးချမ်းတယ် .. လိုချင်တက်မက်မှု နည်းတယ် .. မင်းတို့လို 32GB တွေထဲရောက်မှ လူရာပဲ မ၀င်သလိုလို .. နှိမ်ချင်သလိုလိုနဲ့ .. တောက် စ် .. အကုန်လုံး Format ရိုက်လိုက်လို့ကတော့ နာတော့မယ်။

တော်ပြီ .. ရှင် ဒီလောက်တောင် ကျွန်မတို့မိသားစုကို အမြင်ကပ်နေလဲ ..
ရှင် .. ခုချက်ချင်း အိမ်ပေါ်ကနေ ဆင်းတော့ .. ကျွန်မ ဆက်ပြီး သည်းမခံနိုင်တော့ဘူး .. ရှင့်ကြောင့် ကျွန်မစိတ်တွေ အရမ်း Crash ဖြစ်နေရပြီ။ စိတ်ညစ်မှုတွေ ဘယ်လိုမှ SD Card ထဲ ရွေ့လို့မရတော့ဘူး။ ကျွန်မရဲ့ သည်းခံနိုင်မှု free space တွေ နည်းသွားပြီ။ ရှင် သွားတော့။

အေး ဆင်းမယ် .. မင်းတို့လို Pro Version ကိုမှ အထင်ကြီးကြတဲ့ စရိုက်တွေထဲ ငါလဲ မနေချင်တာကြာပါပြီ .. မင်းသိထားရမှာက ငါတို့လို Free version တွေမှာလဲ ကိုယ့်မာနနဲ့ကိုယ် ရှိတယ်ကွ .. ဒါပဲ။

ရှင် အိမ်ပေါ်က မဆင်းခင် ကျွန်မ ပြောစရာရှိတယ်။ ရှင်ကြောင့် အခု ကျွန်မမှာ SuperSu လေး ရှိနေပြီဆိုတာ ရှင် သိသင့်တယ်ထင်လို့ အသိပေးလိုက်မယ်။

ဘာ .. မင်း ဘာပြောတယ် .. SuperSu လေး ရှိနေပြီဟုတ်လား .. ဟာ .. မင်းကွာ .. ဘာလို့ အစကတည်းက မပြောတာလဲ .. ဘယ်လောက်ကြာပြီလဲ .. မင်း ဘယ်တုန်းက Root လိုက်တာလဲ .. ပြောစမ်းပါကွာ .. မြန် မြန်။

တစ်လခွဲရှိနေပြီ .. ရှင့်ကို အသိပေးမလို့ပဲ .. ရှင်ကမှ အိမ်မကပ်တာ ..
ဒါနဲ့ ကျွန်မ ဘာသာပဲ ဆေးခန်းသွားပြလိုက်တယ်။

ဟာ မိန်းမရယ် .. မင်းကွာ .. ဒါမျိုးက အရေးကြီးတယ်ကွ .. တော်သေးတာပေါ့ကွာ .. သိလိုက်ရလို့ .. မဟုတ်ရင် Access Denied ဖြစ်သွားနိုင်တယ်ဆိုတာ မင်း သိရဲ့လား။

အို .. ရှင် .. ကျွန်မလဲ ဘယ်ကြိုသိမလဲ .. နောက်မှ ဆေးခန်းသွားပြမှ သိလိုက်ရတာ .. Access Denied တော့ အဖြစ်မခံနိုင်ဘူး .. ကျွန်မတို့ရင်သွေးလေးအတွက် ကျွန်မတို့ Allow လုပ်မှ ဖြစ်မယ်။

ဒါပေါ့ကွာ .. ကိုယ်တို့ ဘယ်လိုပဲ စိတ်သဘောထားချင်း ကွဲကွဲ .. ကိုယ်တို့ ရင်သွေးလေးကိုတော့ အထိခိုက်မခံနိုင်ဘူး။

ဟွန်း .. ဒီလိုကျတော့လဲ ရှင်က နားလည်မှုရှိသားပဲ။

မိန်းမကလဲကွာ .. တို့ရင်သွေးလေး Samsung လို ချစ်ခင်သူများပြီး Huawei လို သန်မာကြံခိုင်ကာ Sony လို ရုပ်ချောချောလေး
ဖြစ်စေချင်မိတယ်။

ဟွန့် .. ခုမှ လာပြီး ချွဲမနေနဲ့။

နောက်ဆို တို့တွေ ရန်မဖြစ်ပဲ နေကြရအောင်နော် .. မိန်းမ .. နော်လို့ .. ကိုယ် ခုချိန်ကစပြီး ပြုပြင်ပါတော့မယ်ကွာ .. မိန်းမနားမှာ အမြဲတမ်း Backup အဖြစ် အသင့်ရှိနေပေးမယ်။ ကိုယ်တို့ရဲ့ Home Screen လေးကို ခုချိန်ကစပြီး Widget လှလှလေးတွေ Live Wallpaper အလန်းလေးတွေနဲ့ အလှဆင်ကြရအောင်နော် .. မိန်းမ .. နော်။

Launcher ကိုတော့ ကျွန်မ စိတ်ကြိုက် ရွေးမှာနော် .. ရှင် ကြိုက်တဲ့ Next Launcher တော့ မလုပ်နဲ့ .. ကျွန်မကြိုက်တဲ့ Go Launcher လေးနဲ့ပဲ အလှဆင်မယ်။

အေးပါကွာ .. အေးပါ .. တို့တွေရဲ့ SuperSu လေး ယောက်ျားလေးလား မိန်းကလေးလား သိချင်လှပြီကွာ .. Themes လေးတွေ ပြောင်းပေးချင်လှပြီ။

အို .. ပိုပြီ .. သွား .. ခုမှ လာပြီ .. ရုပ်ကြီးကိုက .. ရှင်နော် .. အယ် .. သွား ..အနားမကပ်နဲ့ဆို .... ။

မိန်းမကလဲကွာ ...... ချစ်လို့ပါဟ။
credit to : oraginal writer