အာရှဘောလုံးအဖွဲ့ချုပ်၏ လူမှုရေးထူးချွန်ဆု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရရှိ

ပို့စ်တင်ချိန် - 11/27/2013 07:42:00 AM


အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ ၂၀၁၃ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲကို နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က လူမှုရေး ထူးချွန်ဆု (AFC Dream Asia Award)ကို ဆွတ်ခူးရရှိသွားသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှာ မြန်မာ့ဘောလုံးဖွံ့ ဖြိုးတိုးတက်ရေးအပြင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နေခြင်း၊ အာရှဘောလုံး မိသားစုအတွင်း လူမှုရေးလုပ်ငန်းများကို တက်တက်ြွကြွက ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အဆိုပါ လူမှုရေးထူးချွန်ဆုကို ၂၀၁၀ ခုနှစ်က စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ်အတွက် အာဆီယံအကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆုကိုလည်း ဆွတ်ခူးရရှိထားသည်။

MOI Webportal Myanmar