အိန္ဒိယတွင် သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားကို သတ်မှုဖြင့် မိဘနှစ်ပါး ထောင်ဒဏ်တစ်သက်ကျ

ပို့စ်တင်ချိန် - 11/27/2013 10:00:00 PM


နိုဝင်ဘာ ၂၇။

နိုဝင်ဘာ ၂၅ရက်က အိန္ဒိယတရားရုံးက ၁၄နှစ်အရွယ်
သမီးဖြစ်သူနှင့် အိမ်စေအမျိုးသားတို့ကို သတ်ဖြတ်မှုနှင့် မိဘ နှစ်ပါးကို ထောင်ဒဏ်တစ်သက်ချမှတ်လိုက်သည်။ ငါးနှစ်တာကြာခဲ့သည်အမှုသည် နိုင်ငံ၏ သတင်းလောကတွင် အလွန်ရေပန်းစားသော အဖြစ်အပျက် ဖြစ်သွားခဲ့သည်။

နယူးဒေလီမြို့ နွိုင်ဒါဆင်ခြေဖုံးအရပ်မှ ရာဂျက်ရှ်နှင့်နူပါ တယ်ဝါ ဇနီးမောင်နှံသည် စီရင်ချက်ချသည့်နေက မျက်ရည်ဝိုင်းခဲ့ရပြီး သူတို့၏ စီရင်ချက်အတွက် အယူခံဝင်သွားမည်ဟု ဆိုသည်။ တရားခံရှေ့နေ ရေဘက်ကာဂျွန်က ယခုအမှုတွင် ဖြစ်စဉ် တစ်လျှောက်လုံးသည် မှားယွင်းမှုများနှင့် ပြည့်နှက်နေခဲ့ကြောင်း၊ တရားရုံးသည် ပတ်ဝန်းကျင်မှ အခြေအမြစ် မရှိသော ထွက်ချက်များကို အခြေခံကာ စီရင်ချက် ချခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၆၇က်တွင် မီဒီယာများကို ပြောပြခဲ့သည်။

ယခုဇနီးမောင်နှံနှစ်ဦးသည် နေအိမ်မှ ရေချိုးခန်းအတွင်း သမီးဖြစ်သူ အာရုရှီသည် လည်ပင်းပြတ်ရှ ဒဏ်ရာနှင့် သေဆုံးနေသည်ကို တွေ့ရပြီး သံသယနှင့်စောင့်ကြည့်ခံ ခဲ့ရသည်။ ထိုစဉ်က ရဲများက ပျောက်ဆုံးနေသော နီပေါလူမျိုး အစေခံအမျိုးသား၏ လက်ချက်ဖြစ်မည်ဟုသာ ကြေညာခဲ့သည်။ သို့သော် နောက်တစ်ရက်တွင် အာရုရှီ၏ အခန်းထပ်ခိုးလွှာတွင် အိမ်စေ၏အလောင်ကို တွေ့ရှိခဲ့သဖြင့် နှစ်ဦးစလုံးမှာ အသတ်ခံရခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။

ထိုအချိန်မှစကာ နှစ်လောင်းပြိုင်လူသတ်မှုသည် ပြည်တွင်း
မီဒီယာများတွင် ကြေကွဲဖွယ် ချစ်ဇာတ်လမ်းတစ်ပုဒ် အသွင် ဖြစ်လာသည်အထိ ရေပန်းစားလာခဲ့သည်။ ရဲများနှင့် ရှေ့နေများကလည်း ထင်မြင်သုံးသပ်ချက်အမျိုးမျိုးကို အပြိုင်အဆိုင် ဖွင့်ဟခဲ့ကြသဖြင့် တစ်နိုင်ငံလုံးက ထိုအမှုကို စိတ်ဝင်စားခဲ့ကြသည်။

ယခုအမှုအတွက် စုံစမ်းစစ်ဆေးရေးဗြူရိုမှ ဆွဲချရှေ့နေများက သေဒဏ်အထိပင် တောင်းဆိုခဲ့ကြသည်။
ရှေ့နေ နာရက်ယာဒေ့ဗ်က အမှုသည် အလွန်ရက်စက်သော
ဖြစ်တောင့်ဖြစ်ခဲ အမှုမျိုးဖြစ်သဖြင့် အမြင့်ဆုံး ပြစ်ဒဏ်နှင့်သာ ထိုက်တန်သည်ဟု ဆိုခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ အသတ်ခံရသူနှစ်ဦးသည် ဂေါက်ရိုက်တံနှင့် အရင်အရိုက်ခံရပြီးမှ လည်အလှီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ရဲများက အမှုအတွက် အခြား သံသယရှိသူများစွာကို စစ်ဆေးနေခဲ့ရာမှ အမှုမှာ ကြန့်ကြာသွားပြီး ၂၀၁၁ခုနှစ်တွင် စုံစမ်းစစ်ဆေးမှုများ အသစ် ပြန်လည်စတင်ခဲ့ရသည်။

ယခုတရားခံနှစ်ဦးသည် သက်သေဖျောက်ဖျက်မှုနှင့် ထောင်ဒဏ်
ငါးနှစ်လည်း ကျခံရမည်ဟု စီရင်ချက် ချခဲ့သည်။
Ref: AP

The Myanma Age